Fact Check: မဲရုံကိစ္စနဲ့တရားစွဲခံရတဲ့ဆရာမတွေကို ဝန်ကြီးဌာနကတာဝန်ယူမှာ မဟုတ်ကြောင်း ပညာရေးဝန်ပြောတယ်ဆိုတဲ့ သတင်းအမှား

False နိုင်ငံရေး | Politics

မဲရုံကိစ္စတွေနဲ့တရားစွဲခံရတဲ့ပညာရေးဝန်းထမ်းဆရာ၊ ဆရာမတွေကို ပညာဝန်ကြီးဌာနဘက်က တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ပေးမဲ့အစီစဉ်မရှိကြောင်း ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကပြောတယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွနယက်ပေါ်မှာရေးသားမျှဝေနေကြတာတွေ့ရပါတယ်။

ဒီလိုရေးသားနေကြတဲ့ပို့စ်တွေမှာ “မဲရုံကိစ္စများဖြင့်တရားစွဲဆိုခံရသည့် ပညာရေးဝန်ထမ်းများအတွက် ဝန်ကြီးဌာနက တာဝန်ခံဖြေရှင်းပေးရန်အစီအစဉ်မရှိဟု ပညာရေးဝန်ကြီးပြော”လို့ ခေါင်းစဉ်တပ်ထားပြီး “၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် အစိုးရနှင့်ရွေးကော်ပွဲကော်မရှင်ရဲ့ အကူအညီတောင်းခံမှုအရ ပညာရေးဝန်ထမ်းဆရာ,ဆရာမတွေကို မဲရုံမှုး၊ ဒုမဲရုံမှု၊ မဲလက်မှတ်ထုတ်ပေးသူနှင့် မဲရေတွက်သူ၊ မှတ်တမ်ပြုစုသူနှင့် မဲရုံလုံခြုံရေးအပါအဝင်အခြားလိုအပ်သည့်နေရာများတွင် ခန့်အပ်တာဝန်ပေးထားခဲ့ပြီး ယခုအချိန်တွင် အောက်ခြေမဲရုံအချို့မှာ မဲမသမာမှုများ ဥပဒေဘောင်ကျော်ဆောင်ရွက်မှုများ ဘက်လိုက်မှုများ ရှိခဲ့သည်ဆိုသည့်စွတ်စွဲချက်များဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီအချို့မှ တိုင်ကြားထားသည်များ တရားစွဲဆိုထားသည့်ဖြစ်စဉ်များကို တွေ့နေရတဲ့အတွက် ပညာရေးမိသားစုအနေနဲ့ စိတ်မကောင်းဖြစ်မိပေမယ့် ဝန်ကြီးဌာနအနေဖြင့်တော့ တာဝန်ခံဖြေရှင်းပေးမည့် အစီအစဉ်မရှိသေးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကြီးက ပြောကြားလိုက်ပါတယ်။”လို့စသဖြင့် သတင်းပုံစံ ရေးသားထားတာကို တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီလိုရေးသားမျှဝေနေကြတဲ့ပို့စ်တွေကို အချက်အလက်စစ်ဆေးရမယ်ဆိုရင် ဒီပို့စ်မှာရဲ့ တတိယအပိုဒ်မှာရေးသား ထားတဲ့ ”အောက်ခြေမှာဖြစ်နေတဲ့ မဲမသမာမှုတွေကို အောက်ခြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကသာ ဖြေရှင်းကြရမှာဖြစ်ပြီး ပညာရေးဝန်ထမ်းအချို့ရဲ့မဲခိုးပေးမှုကြောင့် UECသိက္ခာကို ထိခိုက်ခံရကြောင်းနှင့် အဲ့ဒီကိစ္စတွေအတွက်UECက ဖြေရှင်းပေးမှာမဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်UEC ဥက္ကဋ္ဌဦးလှသိန်းက ပြောကြားခဲ့ပြီးဖြစ်ကြောင်း”ရေးသားထားတာကိုတွေ့ရပါတယ်။ဒီအချက်ကသတင်းအမှားဖြစ်ကြောင်းကို Fact Crescendo Myanmarက စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။Fact Crescendo Myanmarကစစ်ဆေးခဲ့တာကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး Fact Crescendo Myanmarမှ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “အဲ့ဒါအမှားပါ၊ ဝန်ကြီးက အဲ့လိုပြောတယ်ဆိုတာ မဟုတ်ပါဘူး၊ video meetingဆိုတာကလည်း အရင်တုန်းကပုံတွေကို ယူသုံးနေကြတာပဲ၊ သတင်းအမှားတွေက သိတဲ့အတိုင်းပဲ ဖြန့်နေကြတာ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါအပြင် အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂများရဲ့ ဗဟိုအလုပ်အမှူဆောင်ဦးမင်းမင်းထွဏ်ကို Fact Crescendo Myanmarက ဆက်သွယ်မေးမြန်းရာမှာတော့ “ကျွန်တော်တို့စောင့်ကြည်သလောက်တော့ ဝန်ကြီး ဒီလိုပြောတာမတွေ့ဘူးဗျ၊ ဒီသတင်းအမှားတွေက အောက်ခြေဆရာ၊ ဆရာမတွေနဲ့ ဝန်ကြီးဌာကို လှည့်တိုက်လိုက်၊ UECကို လှည်တိုက်လိုက်အဲ့လိုလုပ်နေတာ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ မဲရုံကိစ္စနဲ့တရားစွဲခံရတဲ့ဆရာမတွေကို ဝန်ကြီးဌာနက တာဝန်ယူမှာ မဟုတ်ကြောင်း ပညာရေးဝန်ပြောတယ်ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်တာကိုတွေ့ရပါတယ်။

Avatar

Title:မဲရုံကိစ္စနဲ့တရားစွဲခံရတဲ့ဆရာမတွေကို ဝန်ကြီးဌာနကတာဝန်ယူမှာ မဟုတ်ကြောင်း ပညာရေးဝန်ပြောတယ်ဆိုတဲ့ သတင်းအမှား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *