
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရဲအရေးပိုင်တဲ့ ပုဒ်မ ၁၁၀၊ ၇၅၀နဲ့ နိုဝင်ဘာ ၂၈ရက်နေ့က တရားစွဲလိုက်ပြီဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေကြတာတွေ့ရပါတယ်။
ဒီပို့စ်မှာ “UECကို ရဲအရေးပိုင် 110 .750 ပုဒ်မနဲ့ 28.11.2020 ရက်နေ့မှာ စတင်တရားစွဲလိုက်ပါပြီ”လို့ ရေးသားထားတဲ့စာကို screen shootရိုက်ထားတဲ့ ဓါတ်ပုံနဲ့အတူ “ထူးခြားသတင်းဆိုရင်တော့ ဒီသတင်းတစ်ပုဒ်ကတော့ ခိုင်မာပါတယ်ခင်ဗျာ”လို့ရေးသားကာ ပို့စ်တင်ကြတာကိုတွေ့ရပါတယ်။ အောက်ပါလင်ခ့်မှာ ကြည့်ရှု့နိုင်ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီလိုရေးသားနေတဲ့ပို့စ်နဲ့ပတ်သက်တဲ့ အရေးသားမျိုးကို ပြည်တွင်းမီဒီတွေမှာဖော်ပြတာမတွေ့ရသလို ကြံ့ခိုင်ရေးပါတီရဲ့ လူမှုကွန်ယက်မှာလည်း ဒီလိုတရားစွဲလိုက်ကြောင်းကြေငြာထားတာမတွေ့ရပါဘူး။ နိုင်ဝင်ဘာလ ၂၆ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီသတင်းစာရှင်းလင်းပွဲမှာလည်း UECကို တရားစွဲမယ်ဆိုတာပြောဆိုခဲ့တာမရှိကြောင်း တွေ့ရပါတယ်။ကြံ့ခိုင်ရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒါကြောင့် Fact Crescendo Myanmarက ကြံ့ခိုင်ရေးပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဒေါ်နန်းမြမီမီဇော်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဒါကတော့ ဥပဒေပိုင်းဆိုင်ရာလုပ်ရမှာပေါ့နော်၊ ဒါပေမဲ့ ကျွန်မသိသလောက်တော့ ဒါမျိုးUECတစ်ခုလုံးကို တရားစွဲတာမျိုးမရှိသေးပါဘူး၊ ဒါသတင်းအမှားပါ၊ နောက်တခုက ကျွန်မတို့ပါတီရဲ့ တရားဝင်ပေ့ချ်တွေကနေ တခုခုဆိုကြေငြာပါတယ်။ အဲ့မှာမကြေငြာထားတဲ့ဟာဆို အမှားလို့ယူဆလို့ ရပါတယ်”လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ကြံ့ခိုင်ရေးပါတီက UECကို ရဲအရေးပိုင်တဲ့အမှုနဲ့ တရားစွဲတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားသာ ဖြစ်တာကိုတွေ့ရပါတယ်။

Title:Fact Check: ကြံ့ခိုင်ရေးပါတီက UECကို ရဲအရေးပိုင်တဲ့အမှုနဲ့ တရားစွဲတယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False