Fact Check: – တောင်ဒဂုံက အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁)မှာ မဲပေးသူဦးရေထက် ၁၀မဲပိုနေခဲ့တယ်ဆိုတာမဟုတ်ပါ

False နိုင်ငံရေး | Politics

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁) မှာ မဲပေးသူ ဦးရေထက် ၁၀မဲပိုနေခဲ့တယ်ဆိုပြီးရေးသားမျှဝေထားတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံခဲ့တဲ့ပို့စ်ဟာ သတင်းတု သတင်းမှားဖြစ်တာ တွေ့ရပါတယ်။ 

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ မဲရုံတစ်ရုံက မဲစာရင်းရလာဒ် ပုံစံလို့ထင်ရတဲ့ ဓာတ်ပုံတစ်ပုံနဲ့ အတူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁) မှာ မဲပေးသူ ဦးရေထက် ၁၀မဲပိုနေခဲ့ တာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က လက်မှတ်ထိုးပြီး အတည်ပြုပေးခဲ့တယ်လို့ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်။  

ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှား ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဒီဇင်ဘာ ၇ ရက်ကထုတ်ပြန်ခဲ့ပါတယ်။ 

လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ သတင်းပုံစံနဲ့ရေးသားထားတဲ့ ဒီပို့စ်မှာ သတင်းရေးသားတဲ့ရက်ကို ဒီဇင်ဘာ ၂ လို့ ရက်စွဲ တပ်ထားပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ ပို့စ်တွေမှာ ပြည်သူ့ ပုံရိပ်မီဒီယာလို့ ဖော်ပြလျက် မျှဝေနေတာဖြစ်ပါတယ်။ အလားတူရေးသားမျှဝေ ထားတဲ့ ပို့စ်တွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားပါတယ်။

“ပိုမဲများကို ကော်မရှင်မှလက်မှတ်ထိုး၍ အတည်ပြုခဲ့ကြောင်း ပေါ်ပေါက်လာ

=====================================

၂ ဒီဇင်ဘာ ၂၀၂၀

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်

အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးသူဦးရေထက် ၁၀မဲပိုနေခဲ့သော်လည်း ကော်မရှင်မှ လက်မှတ်ထိုး၍ အတည်ပြုပေးခဲ့ကြောင်းသိရှိရပါသည် ။

အဆိုပါရပ်ကွက် မဲရုံ(၁)တွင် မဲလာရောက်ပေးခဲ့သူ (၈၇၂)ဦးသာ ရှိသော်လည်း အမျိုးသားလွှတ်တော် အတွက် ဆန္ဒမဲလက်မှတ်(၈၇၇)နှင့် ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲလက်မှတ်(၈၇၇)စောင် လွှတ်တော်နှစ်ရပ် ပေါင်းအတွက် စုစုပေါင်း(၁၀)ပိုနေခဲ့ကြောင်း ကို ရွေးကောက်ပွဲကော်မရှင်မှ သိရှိပါသည်ဟုသာ လက်မှတ်ရေးထိုးခဲ့ပြီး အရေးယူဆောင်ရွက်မှုမရှိကြောင်းကို သိရှိခဲ့ရပါသည် ။

မဲစာရွက်ဖောင်းပွမှုကြောင့် မဲမသမာမှုများဖြစ်ပေါ်နေသည်ဟု နိုင်ငံရေးပါတီများမှ ထောက်ပြဝေဖန်ပြောဆိုနေ သော်လည်း ကော်မရှင်အနေဖြင့် “မိမိတို့မှာ စနစ်တကျဆောင်ရွက်ထားပါသည်” ဟုသာ ပြန်လည်တုန့်ပြန်ခဲ့ပြီး ဖြေရှင်းပေးခြင်းမပြုသည်ကို တွေ့ရှိရကြောင်းကိုလည်း နိုင်ငံရေးလေ့လာသုံးသပ်သူများမှ ဝေဖန်ပြောဆိုနေကျပြီး အဆိုပါ ပိုမဲများမှာ ပြင်ပမှရရှိလာသောမဲစာရွက်များဖြင့် လာရောက်ပေးနိုင်ခြင်းဖြစ်ပြီး မဲရုံမှုးလက်မှတ်မပါဝင် သောမဲစာရွက်များကိုခိုင်လုံမဲအဖြစ်သတ်မှတ်ကြောင်း UEC၏ ကြေညာချက်ထုတ်ပြန်မှုများကြောင့် ယခုကဲ့သို့ ပိုလျှံမဲများပေါ်လာခြင်းဖြစ်နိုင်ကြောင်းနှင့် မဲရုံမှုးများပင်သိရှိပုံမရ ဟု ၎င်းတို့မှ သုံးသပ်တင်ပြခဲ့ကြပါသည်။”လို့ ရေးသားလျက် “Sta Sta”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးသူဦးရေထက် ၁၀မဲပိုနေခဲ့သော်လည်း ကော်မရှင်မှ လက်မှတ်ထိုး၍ အတည်ပြုပေးခဲ့တယ်ဆိုတဲ့ လူမှုကွန်ယက်ပို့စ်နဲ့ ပတ်သက်ပြီး အဆိုပါပို့စ် screenshot နှင့်အတူ ဒီဇင်ဘာ ၇ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က “သတင်းတု၊ သတင်းမှားဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ချက်”လို့ရေးသားပြီး အောက်ပါအတိုင်း ထုတ်ပြန်ထား တာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် –  UEC  |  Archive link

သတင်းမီဒီယာလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာကြီးတွေမှာ ပြည်သူ့ပုံရိပ်မီဒီယာအမည်နာမည်နဲ့ မရှိတာတွေ့ရပါတယ်။ သတင်းပုံစံရေးသားထားပေမဲ့ သတင်းထဲမှာအရင်းအမြစ်ကို တိတိကျကျဖော်ပြထားခြင်း မရှိတာလည်းတွေ့ရပါတယ်။ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်နှင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် အဖွဲ့ဝင်တို့ရဲ့လုပ်ငန်းလမ်းညွှန်ကို ဒီနေရာနဲ့ ဒီနေရာ တွေမှာ လေ့လာနိုင်ပါတယ်။ မဲရေတွက်မှူနဲ့ မှတ်တမ်းတင်ရာမှာ ထားရှိရတဲ့ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ပုံစံတွေကို ရွေးကောက်ပွဲနည်း ဉပဒေရဲ့ နောက်ဆုံးအခန်းဖြစ်တဲ့ အခန်း (၁၅) “အထွေထွေ”ခေါင်းစဉ်နဲ့ ပြဌာန်းထားပါတယ်။  ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁) မှာ မဲပေးသူ ဦးရေထက် ၁၀မဲပိုနေခဲ့တယ်ဆိုပြီးရေးသားမျှဝေထားပို့စ်ဟာ သတင်းတု သတင်းမှား ဖြစ်တာတွေ့ရပါတယ်။

Avatar

Title:တောင်ဒဂုံက အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁)မှာ မဲပေးသူဦးရေထက် ၁၀မဲပိုနေခဲ့တယ်ဆိုတာမဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *