Fact Check: ဒီဇင်ဘာ ၁၁ One Championship ပွဲမှာ အောင်လအန်ဆန် ပါဝင် ထိုးသတ်မယ်လို့ သတင်းမှားဖြန့်

False လူမှုရေး

ဒီဇင်ဘာ ၁၁ ရက်မှာ အောင်လအန်ဆန်နဲ့ ဂျိုနသန်ဟတ်ဂရီတို့ ယှဉ်ပြိုင်ထိုးသတ်မယ်ဆိုပြီးတော့ ပို့စ်တစ်ခု မျှဝေထားတာရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။

စင်ကာပူမှာ ဒီဇင်ဘာ ၁၁ ရက်မှာ One Championship ရဲ့ BIG BANG II ရဲ့ အဓိကပြိုင်ဘက်တွဲများအဖြစ် အောင်လအန်ဆန်(Aung La N Sang)နဲ့ ဂျိုနသန်ဟတ်ဂရီ(Jonathan Haggerty)တို့ ထိုးသတ်မှာဖြစ်တယ် ဆိုပြီးတော့ ကြော်ညာပုံနှင့်တကွ မျှဝေထားတာဖြစ်ပါတယ်။  

One Championship ပြိုင်ပွဲရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ရှာဖွေရာမှာ ဒီဇင်ဘာ ၁၁ ရက်ထိုးသတ်မယ့် လက်ဝှေ့ပွဲမှာ အောင်လအန်ဆန်မပါဝင်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ 

လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီဇင်ဘာ ၂ ရက်ကလည်း အလားတူ ဒီနေရာမှာ မျှဝေခဲ့တာတွေ့ရပါတယ်။

“ဂျင်းမဟုတ်ပါဘူးနော် 11ရက်နေ့ကိုပြောင်းသွားတာပါ 11ရက်နေ့ December တူတူအားပေးကြရအောင်အောက်က groupကိုဝင်ထား‌ေပးနော် https://www.facebook.com/groups/408170356993477/?ref=share”လို့ ရေးသားလျက် “Aung La Nsang Live”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

One Championship ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဒီဇင်ဘာ ၁၁ ရက်ထိုးသတ်မယ့်ပွဲတွေကို ကြေညာထားတာတွေ့ရ ပါတယ်။ ဒီဇင်ဘာ ၁၁ ရက် စင်ကာပူစံတော်ချိန် ည ၈ နာရီခွဲမှာ ဂျပန်လက်ဝှေ့သမား တိုင်ကီနိုင်တို(Taiki Naito) နဲ့ ဗြိတိန်လက်ဝှေ့သမား ဂျိုနသန်ဟတ်ဂရီ(Jonathan Haggerty)တို့က အဓိက တွဲဆိုင်းအဖြစ်ယှဉ်ပြိုင် ထိုးသတ်မယ်လို့ ကြေညာထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် –  One ChampionshipArchive link

တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ စုစုပေါင်း တွဲဆိုင်း ၆ တွဲ ယှဉ်ပြိုင်ထိုး သတ်မှာဖြစ်ပြီး ၆ တွဲစလုံးမှာ အောင်လအန်ဆန်မပါဝင်တာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဒီဇင်ဘာ ၁၁ ရက်မှာ အောင်လအန်ဆန်နဲ့ ဂျိုနသန်ဟတ်ဂရီတို့ ယှဉ်ပြိုင်ထိုးသတ် မယ်ဆိုတဲ့ပို့စ်ဟာ ဓာတ်ပုံကိုပြုပြင်ထားပြီး သတင်းမှားဖြန့်ဝေနေခြင်းသာဖြစ်ပါတယ်။

Avatar

Title:ဒီဇင်ဘာ ၁၁ One Championship ပွဲမှာ အောင်လအန်ဆန် ပါဝင် ထိုးသတ်မယ်လို့ သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *