
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရန်မျိုးအောင်စေတီအနီးမှာရှိတဲ့ ရန်မျိုးအောင်ဘုန်း တော်ကြီးကျောင်းရှေ့မှာ အစာရေစာပြန်လပ်နေတဲ့ ပြည်သူတွေအစားအစာတောင်းနေတယ် ဆိုတဲ့ပုံတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ မျှဝေနေတာတွေ့ရပါတယ်။
အဲ့ဒီပို့စ်မှာ “ရန်ကုန်တိုင်း၊သင်္ကန်းကျွန်းမြို့နယ်အတွင်းမှ အစာရေစာပြတ်လပ်နေသောပြည်သူများ ရန်မျိုးအောင် ဘုန်းတော်ကြီးကျောင်းရှေ့တွင် အစားအစာများရရှိရေးအတွက်ကြိုးစားနေကြစဉ်။”လို့ အညွှန်းတပ်ထားပြီး လူတချို့ ပန်းကန်တွေနဲ့ တန်းစီနေပုံတွေနဲ့ ဘုန်တော်ကြီးတချို့က ဟင်းတွေခတ်ထည့် ပေးနေတဲ့ ပုံတွေကို ပြန်လည်ကူးယူမျှဝေနေတာဖြစ်ပါတယ်။ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာပြန်လည်မျှဝေနေတာတွေ့ရပါတယ်။
မူရင်းလင့်ခ် – FB Link | Archive Link
အချက်အလက်စိစစ်ချက်
ဒီလိုရေးသားထားသလိုမျိုး ဟုတ်၊ မဟုတ်ကို တိုက်ဆိုင်စစ်ဆေးမယ်ကြည့်မယ်ဆိုရင် ဒီပို့စ်မှာပါဝင်တဲ့ ဘုန်းတော်ကြီးနှစ်ပါးက ဟင်းနဲ့ ထမင်းတွေခတ်ထည့်ပေးနေပြီး လူတွေတန်းစီစောင့်နေတဲ့ နောက်ဆုံးသုံးပုံဟာလည်း လွန်ခဲ့တဲ့သုံးလကျော်လောက်ကတည်းက ဖေ့စ်ဘွခ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဖြစ်သလို ဒီပုံတွေကိုပဲ အစိုးရက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ပြန်လည်ရုပ်သိမ်းခဲ့ရတဲ့ ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရအဖြစ်သတင်းအမှားဖြန့်ဝေခဲ့ပါသေးတယ်။ ဒီဓာတ်ပုံမှာပါတဲ့ ဆရာတော်ဟာ စမ်းချောင်းမြို့နယ်၊ ဇေယျဝတီစာသင်တိုက်က ဆရာတော်ဦးစန္ဒဇောတိဖြစ်ပြီး ကြည့်မြင့်တိုင်အရိုးကြောဆေးရုံးမှာ စက်တင်ဘာ ၁၆ ရက်က လှူဒါန်းနေတဲ့ပုံဖြစ်တာကို Fact Crescendo Myanmarက အချက်အလက်စစ်ဆေးခဲ့ပြီး ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒီပို့စ်မှာရေးသားထားသလိုမျိုး ရန်မျိုအောင်ဘုန်းတော်ကြီးကျောင်းအနီးမှာရှိတဲ့ စံပြစီမံကိန်းရပ်ကွက်နေသူ တချို့ကို မေးမြန်းကြည့်ရာမှာ ပန်းကန်တွေကိုင်ပြီး လူတွေတန်းစီနေတဲ့ပုံဟာ အလှူရှင်တွေနဲ့ လူမှုကူညီရေး အသင်းတွေက တခါခါအကြောင်းအမျိုးမျိုးကြောင့် လာလှူတက်ပြီး အဲ့လိုလှူတုန်းက ပုံဖြစ်နိုင်ကြောင်း၊ ဒီပို့စ်မှာ ရေးသလိုမျိုး ဘုန်းကြီးကျောင်းက ပြန်လှူတာကို နေ့တိုင်း စောင့်စားရတဲ့ အခြေနေမျို မဟုတ်ကြောင်းနဲ့ ဘုန်းကြီးကျောင်းက ဆွမ်းကျန်တွေကို ရပ်ကွက်နေသူတွေကို ပြန်လည်မျှဝေတဲ့ဓလေ့က ကိုဗစ်နိုင်တင်း ရောဂါမဖြစ်ခင် နှစ်ပေါင်းများစွာကတည်း ရှိခဲ့ပြီးဖြစ်တဲ့အပြင် နောက်ပိုင်းမှာတော့ ဒီပုံထဲကလို ဘုန်းကြီးကျောင်း ရှေ့မှာ ဝေတာမျိုးမလုပ်တော့ပဲ ဆွမ်းဟင်းတွေကို လှည်းနဲ့သယ်ပြီး လိုက်ဝေတာသာလုပ်ကြောင်း ပြန်လည်ဖြေဆိုကြပါတယ်။
ဒါ့အပြင် စံပြစီမံကိန်းရပ်ကွက်နေသူ Naing Min Lwinဆိုတဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူကလည်း စံပြစီမံကိန်း ရပ်ကွက်မှာ အခြေခံလူတန်းစားတွေနေတာဖြစ်ပေမဲ့ အခြေနေက ပုံမှာပြထားသလိုဆိုးရွားနေတာ မဟုတ်ကြောင်း၊ ဘုန်းကြီးကျောင်းက ထမင်း၊ ဟင်းပြန်လှူတာလည်း ဟိုအရင်ကတည်းကလုပ်ခဲ့တာဖြစ်ပြီး ဒီလိုရေးသားသူတွေကိုလည်း သက်ဆိုင်ရာက ထိထိရောက်ရောက်အရေးယူပေးဖို့ ပို့စ်တင်ပြီး တောင်းဆိုထားတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – FB link | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရန်မျိုးအောင်ဘုန်း တော်ကြီးကျောင်းရှေ့မှာ အစာရေစာပြန်လပ်နေတဲ့ ပြည်သူတွေအစားအစာတောင်းနေတယ် ဆိုတဲ့ပုံတွေထဲက ဓာတ်ပုံအချို့ဟာ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ဓာတ်ပုံမဟုတ်သလို ဘုန်ကြီးကျောင်းက ရပ်ကွပ်နေထိုင်သူတွေကို ဆွမ်းဝေမျှတဲ့အလုပ်ဟာ အခုမှလုပ်တဲ့ အလုပ်မျိုးမဟုတ်တာတွေ့ရပါတယ်။

Title:သင်္ဃန်းကျွန်းမှာ အစာရေစာပြတ်လပ်သူတွေအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံအမှား
Fact Check By: Lynn YuResult: False