Fact Check: ရန်ကုန်ဆေးရုံကြီးက ကိုဗစ်ကာကွယ်ဆေးလုသွား တယ်ဆိုတာမဟုတ်ပါ

False နိုင်ငံရေး | Politics

ရန်ကုန်ဆေးရုံကြီးမှCo19.ကာကွယ်ဆေးများအားလုံးကိုစစ်တပ်က လုယူသွားတယ်ဆိုပြီးတော့ လူမှု ကွန် ယက်အသုံးပြုသူများအကြားမျှဝေလျက်ရှိပါတယ်။

“ရန်ကုန်ဆေးရုံကြီးမှCo19.ကာကွယ်ဆေးများအားလုံးကိုစစ်တပ်မှမတရားလုယူသွားပြီးဟုသိရပါတယ်”လို့ ရေးသားပြီးဖေဖော်ဝါရီ ၁ရက်က မျှဝေထားရာမှာ အများအပြားကပြန်လည်မျှဝေခဲ့ပါတယ်။

ဒီလိုမျှဝေနေတဲ့ အကြောင်းအရာဟာ မဟုတ်မှန်ကြောင်း ရန်ကုန်ဆေးရုံးကြီးက ပြန်လည်ရှင်းလင်း ထားတာ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်နဲ့ ပတ်သက်ပြီး သတင်းမှားသာဖြစ်ကြောင်း ရန်ကုန်ဆေးရုံးကြီးရဲ့ တရားဝင်ဖေ့စ်ဘွတ်စာ မျက်နှာက ဖေဖော်ဝါရီ ၁ ရက်မှာ အောက်ပါအတိုင်း ရှင်းလင်းထားပါတယ်။

မူရင်းလင်ခ့် – Yangon General HospitalArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ရန်ကုန်ဆေးရုံကြီးမှ ကိုဗစ်ကာကွယ်ဆေးများအားလုံးကိုစစ်တပ်ကလုယူသွား တယ်ဆိုပြီးမျှဝေနေတာဟာ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ရန်ကုန်ဆေးရုံကြီးက ကိုဗစ်ကာကွယ်ဆေးလုသွား တယ်ဆိုတာမဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *