Fact Check: ၂၀၁၅ ခုနှစ်က လက်ပတန်းကျောင်းသားသပိတ်ဖြိုခွင်းမှုပုံကို မြောက်ဉက္ကလာမှာ စစ်တပ်က ဖြိုခွင်းမှုအဖြစ်ဖော်ပြ

False လူမှုရေး

လူတွေကို ရဲတပ်ဖွဲ့က ရိုက်နက်နေပုံ၊ အမျိုးသမီးတွေငိုနေပုံ၊ ရဲတွေရှေ့မှာ လက်နှစ်ဘက်ကို ခေါင်းပေါ်တင်ထားပြီး ခေါင်းငုံ ဒူးကွေးထိုင်နေတဲ့ လူအုပ်ပုံတွေနဲ့အတူ မြောက်ဉက္ကလာပမှာဖြစ်သွားတဲ့ ယနေ့ဖြစ်လို့ ရေးသားမျှ ဝေထားရာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ 

မတ် ၃  ရက်နေ့က ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းမှုအပြီးမှာ မြောက်ဉက္ကလာပမြို့နယ်မှာ အနည်းဆုံး ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒီကနေ့လည်း စစ်တပ်နဲ့ ရဲအဖွဲ့က ဝင်ရောက်ဖြိုခွင်းခဲ့ရာမှာ ဆန္ဒပြသူ အများအပြားအဖမ်းခံခဲ့ရပါတယ်။ 

“ဆန္ဒပြ ပြည်သူအား စစ်သုံ့ပန်းမျာကဲ့ သို့ ဆက်ဆံတဲ့ မြောက်ဥက္ကလာပုံရိပ်(10.3.21) “လို့ ရေးသားပြီး “U Myint Wai”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို  ၇ နာရီအတွင်းမှာ ပြန်လည်မျှဝေသူ ၅ထောင်ကျော်ရှိခဲ့ပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link 

သို့သော်လည်း ပို့စ်မှာဖော်ပြပါဓာတ်ပုံတွေဟာ မြောက်ဉက္ကလာမဟုတ်ဘဲ ဓာတ်ပုံဟာ၂၀၁၅ ခုနှစ်အတွင်းက လက်ပတန်းမှာကျောင်းသားသပိတ်ဖြိုခွင်းခံရစဉ်က ပုံဖြစ်ပါတယ်။

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီးရှာ ဖွေရာ မှာ ဒီဓာတ်ပုံကို ၂၀၁၅ ခုနှစ်ကတည်းက အင်တာနက်မှာ  ပျံ့နှံ့နေခဲ့တာတွေ့ရပြီး လက်ပန်းတန်းမှာ ကျောင်းသားသပိတ်ကို ဖြိုခွင်းချိန်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။

အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ထပ်မံရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ မတ် ၁၀ ရက်နေ့က  Taung Htay Lynn အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက တင်ထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် –  Thaung Htay Lynn |  Archive link 

လက်ပန်တန်းမြို့မှာ ၂၀၁၅ ခုနှစ် မတ် ၁၀ ရက် ကျောင်းသားသပိတ်ကို ဖြိုခွင်းခဲ့တဲ့အကြောင်း The Voice သတင်းဌာနကဖော်ပြခဲ့တဲ့ ဗွီဒီယိုကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ မတ် ၁၀ ရက်က မြောက်ဉက္ကလာမှာ ဆန္ဒပြသူတွေကို ဖြိုခွင်းမှုအဖြစ်ဖော်ပြနေ တဲ့ ဓာတ်ပုံတွေဟာ  ၂၀၁၅ ခုနှစ် မတ် ၁၀ ရက် လက်ပတန်းမြို့နယ်မှာ ကျောင်းသားသပိတ်ဖြိုခွင်းမှုက ပုံတွေဖြစ်ပါတယ်။

Avatar

Title:၂၀၁၅ ခုနှစ်က လက်ပတန်းကျောင်းသားသပိတ်ဖြိုခွင်းမှုပုံကို မြောက်ဉက္ကလာမှာ စစ်တပ်က ဖြိုခွင်းမှုအဖြစ်ဖော်ပြ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *