Fact Check: လျို့ဝှက်ကုတ် *#*#4636#*#* က အင်တာနက်ပိတ်ခြင်း၊ဖွင့်ခြင်းနဲ့ မဆိုင်ပါ

Misleading လူမှုရေး

ဖုန်းလိုင်း၊ အင်တာနက်လိုင်းပိတ်ထားချိန်မှာလည်း *#*#4636#*#* ခေါ်ဆိုပြီး အင်တာနက်ကို အသုံးပြုလို့ရတယ် လို့ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှ ဝေနေပါတယ်။

သို့သော်လည်း ဒီသင်္ကေတနဲ့ ဂဏန်းတွဲဟာ ဖုန်းနဲ့ ပတ်သက်တဲ့အကြောင်းအရာ စစ်ဆေးနိုင်တဲ့ လျို့ဝှက်ကုတ် ဖြစ်ပြီး အင်တာနက်ပိတ်ခြင်း၊ ဖွင့်ခြင်းနှင့်သက်ဆိုင်ခြင်းမရှိသလို အင်တာနက်ဝန်ဆောင်မှုပေးတဲ့ သူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ အင်တာနက်သုံးစွဲနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ 

ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ 

“ဖုန်းလိုင်းများ အင်တာနက်လိုင်းများပိတ်လဲ ပူစရာမလိုပါ! 

(၁) ဒေတာပိတ်ပါ၊ ဝိုင်ဖိုင်ပိတ်ပါ ၊ Airpalne mode အွန်လိုက်ပါ

(*#*#4636#*#*) ကိုနှိပ်ပါ

Phone Information1 ကိုဝင်ပါ

Mobile radio power ကိုအွန်ပါ

Enable DSDS ကို အွန်ပါ (အွန်ပြီးဖြစ်နေရင်လဲ ဒီအတိုင်းထားပါ)

အောက်ဆုံးက More ဆိုတဲ့ အစက်ကလေးသုံးသက်ကို နှိပ်ပါ

Disdable Data Connection ကို anable Data Connection ဖြစ်အောင် အွန်ပါ

Home နဲ့ ပြန်ထွက်ပါ

ဖုန်းပဲခေါ်ခေါ်၊ လိုင်းပဲသုံးသုံးရပါပြီ(မူရင်းအရေးအသားအတိုင်း)”စသည်ဖြင့်ရေးသားထားပါတယ်။

 “Win Myjnt”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ “လူတိုင်းသိအောင်ဝိုင်းဖြန့်ပါ”လို့ ရေးသားပြီး မတ် ၁၄ ရက်ဒီဓာတ်ပုံပို့စ်ကို မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၃ သောင်း ၃ ထောင်ကျော်ရှိပါတယ်။ ပျံ့နှံမှုအားကောင်းခဲ့တဲ့ တူညီတဲ့ ရေးသားမျှဝေမှုတွေကို  ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link |  Archive link 

အချက်အလက်စိစစ်ချက်

ပျံ့နှံ့ခဲ့တဲ့ပို့စ်ရဲ့ အောက်ခြေကမှတ်ချက်တွေမှာ ဒီလိုရေးသားမျှဝေမှုဟာ မမှန်ကန်ကြောင်းနဲ့ စမ်းသပ်ကြည့်ရာမှာ ဖုန်းဆင်းကတ်နှစ်ခုအလုပ်လုပ်နေတာတွေ ရပ်ဆိုင်းသွားတာမျိုးရှိပြီး ဖုန်းပုံမှန်အသုံးပြုနိုင်ရေး အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း မှတ်ချက်ပေးထားတာတွေ့ရပါတယ်။ 

အထက်ပါပို့စ်ပါ ဖော်ပြချက်အတိုင်း Fact Crescendo ကလိုက်လုပ်ပြီး ဆောင်ရွက် ကြည့်ခဲ့ရာမှာ မိမိအသုံးပြုနေ တဲ့ ဖုန်းရဲ့အချက်အလက်ကိုဖော်ပြတဲ့ မျက်နှာပြင်ဆီကို ရောက်ရှိသွားပါတယ်။ ပျက်စီးစေလောက်တဲ့ လုပ်ဆောင်ချက်မျိုးဖြစ်ပေါ်ခဲ့ခြင်းတော့မရှိပါဘူး။

Airplane Mode ပြောင်းထားချိန်မှာ ဖုန်းခေါ်၊ အင်တာနက်အသုံးပြုလို့ရတယ်ဆိုတာလည်းမဟုတ်ပါဘူး။

Google မှာအဓိကျတဲ့စကားလုံးဖြစ်တဲ့ “*#*#4636#*#*”ကိုအသုံးပြုပြီးရှာဖွေကြည့်ရာမှာ ဒီသင်္ကေတနဲ့ ဂဏန်း တွဲဟာ အင်တာနက်ဖွင့်ခြင်း၊ ပိတ်ခြင်းနဲ့သက်ဆိုင်ခြင်းမရှိတာတွေ့ရပြီး မိမိသုံးစွဲနေတဲ့ ဖုန်းအကြောင်း၊ ဖုန်းဘက္ထရီအကြောင်းနဲ့ ဖုန်းအသုံးပြုမှုတို့ကိုကြည့်ရှု့နိုင်တဲ့ လျို့ဝှက်နံပါတ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် –  xda-developers |  Archive link 

ထို့အပြင် Mobile radio power ကိုဖွင့်ခြင်း၊ပိတ်ခြင်းဟာလည်း အင်တာနက်အသုံးပြုခြင်းနဲ့သက်ဆိုင်ခြင်းမရှိဘဲ ဖုန်းရဲ့ ဘတ္ထရီသက်တမ်းနဲ့သာသက်ဆိုင်ပါတယ်။ Mobile radio power ဆိုတဲ့ ခလုတ်ကို မလိုအပ်ဘဲနဲ့ ဖွင့်ထားခြင်းအားဖြင့် ဘတ္ထရီအကုန်မြန်စေမှာဖြစ်ပါတယ်။ ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။

နောက်ထပ် Enable DSDS ဆိုတဲ့အဓိပ္ပာယ်ဟာလည်း ဆင်းကတ် ၂ ထည့်လို့ရတဲ့ဖုန်းတွေအတွက် ဆင်းကတ် ၂ ခုသုံးနိုင်ဖို့ ပြုလုပ်ချက်သာဖြစ်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ *#*#4636#*#*”ဟာ ဖုန်းအင်တာနက်အပိတ်အဖွင့်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ ဒီကုတ်နဲ့ ဖုန်းအင်တာနက်ဝန်ဆောင်မှုပေးသူတွေက အင်တာနက်ပိတ်ထားချိန်မှာ အင်တာနက်အသုံးပြုနိုင်တယ် ဆိုတာလည်းမမှန်ကန်တာတွေ့ရပါတယ်။

Avatar

Title:လျို့ဝှက်ကုတ် *#*#4636#*#* က အင်တာနက်ပိတ်ခြင်း၊ဖွင့်ခြင်းနဲ့ မဆိုင်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *