ရှေး‌ဟောင်း ၁၅ ကျပ်တန် တစ်ရွက်ကို ကျပ် ၁၅ သိန်းနဲ့ အစိုးရက ဝယ်ယူနေဆိုတဲ့ ခေါင်းစဥ◌်လွှဲတပ်ပြီးလှည့်စားထားတဲ့ဗွီဒီယို

False Caption ငွေကြေးကဏ္ဏ၊ ဗဟိုဘဏ်

ရှေး‌ဟောင်း ၁၅ ကျပ်တန် တစ်ရွက်ကို ကျပ် ၁၅ သိန်းနဲ့ အစိုးရက ဝယ်ယူနေဆိုတဲ့ ဗွီဒီယိုတစ်ခုလူမှုကွန်ရက်မှာ ပျံ့နှံ့‌‌‌နေတာတွေ့ရပါတယ်။ လွတ်လပ်ရေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ကျပ် ၁၀၀၀ တန်တွေထွက်လာပြီး လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ ရေပန်းစားနေချိန် ဇန်နဝါရီလထဲမှာပဲ ဒီဗွီယိုကစတင်ပြန့်နှံ့လာတာဖြစ်ပါတယ်၊

လူမှုကွန်ယက်မှာ ဗွီဒီယိုမှာ စာတန်းထိုးထားတဲ့ ဒီသတင်းကို ဟုတ်မှန်သယောင် ထပ်ဖြန့်ဝေနေသူ တွေလည်းရှိပါတယ်။ Phoo Mu Barword ‌ အမည်နဲ့ အကောင့်ပိုင်ရှင်က မန္တလေး CB bank က ပြန်လည်ဝယ်ယူနေလို့ မှတ်ချက်ပေးပြီ ပြန်လည်မျှဝေထားပါတယ်။ 

အချက်အလက်စိစစ်ချက်

၁။ ဗွီဒီယိုမှာ “ရှေး‌ဟောင်း ၁၅ ကျပ်တန် တစ်ရွက်ကို ကျပ် ၁၅ သိန်းနဲ့ အစိုးရက ဝယ်ယူနေ”လို့ စာတန်းထိုးထား‌ပေမဲ့ ဗွီဒီယိုထဲမှာ အသံနဲ့ ‌ပြောသွားတဲ့ အကြောင်းအရာ‌ေတွ ဟာ ‌ရှေး‌ဟောင်း‌ေငွေစက္ကူနဲ့ ‌ငွေကို နိုင်ငံတိုင်းက သုံးစွဲနေကြောင်းသာပါပြီး ၁၅ ကျပ်တန် တစ်ရွက် ကျပ် ၁၅ သိန်းနဲ့ ဝယ်ယူတဲ့ ဆိုတဲ့ စကားလုံး တစ်လုံးမှမပါသလို အထောက်အထားတစ်ခုမှ တင်ပြသွားခြင်းမရှိပါဘူး။

၂။မြန်မာနိင်ငံ ဗဟိုဘဏ်ဝက်ဆိုဒ် မှာ ထုတ်ပြန်ချက် ညွှန်ကြားချက် တစ်စုံတစ်ရာမရှိပါဘူး။

၃။ Googleမှာ “ရှေး‌ဟောင်း ၁၅ ကျပ်တန် တစ်ရွက်ကို ကျပ် ၁၅ သိန်းနဲ့ အစိုးရက” လို့ရိုက်ရှာရာမှာ တရားဝင်သတင်းဌာနတွေက ‌ဖော်််််ပြထားတဲ့ သတင်းမျိုးမတွေ့ရှိရပါဘူး။

သုံးသပ်ချက်

ဗွီဒီယိုထဲမှာပါထဲမှာပါတဲ့ lifestyle ဆိုတဲ့ မူရင်းဒီဗွီဒီယိုကို ပြုလုပ်တဲ့ ယူကျူဗွီဒီယိုကို ယူပြီး‌တော့ ပြန်လည်မျှဝေထားကြခြင်းသာဖြစ်ပါတယ်။ခေါင်းစဥ်မှာ ၁၅ ကျပ်တန် တစ်ရွက်ကို ကျပ် ၁၅ သိန်းနဲ့ အစိုးရက ဝယ်ယူနေလို့ စာတမ်းထိုးပြီး လူတွေ စိတ်ဝင်စားအောင်ရေးထားပေမဲ့ နှစ်မိနစ်ကျော်ကြာ ဗွီဒီယိုထဲမှ ပြောကြားချက်တွေက ခေါင်းစဥ်ပေးထားတာနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ခေါင်းစဥ◌်တလွဲတပ်ပြီး လှည့်စားထားတဲ့ ဗွီဒီယိုဖိုင်တစ်ခုသာဖြစ်ပါတယ်။

Avatar

Title:ရှေး‌ဟောင်း ၁၅ ကျပ်တန် တစ်ရွက်ကို ကျပ် ၁၅ သိန်းနဲ့ အစိုးရက ဝယ်ယူနေဆိုတဲ့ ခေါင်းစဥ◌်လွှဲတပ်ပြီးလှည့်စားထားတဲ့ဗွီဒီယို

Fact Check By: နေရာမောင် 

Result: False Caption