
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအလုပ်အမှုဆောင် မုံရွာအောင်ရှင်နဲ့ ဗဟိုဘဏ် ဒုတိယဉက္ကဌ ဦးဘိုဘိုငယ်တို့ စစ်တပ်က ဖမ်းဆီးထားစဉ်အတွင်းမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ လူမှုကွန်ယက် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။
သို့သော်လည်း ဒီသတင်းတွေဟာ မှားယွင်းတာတွေ့ရပါတယ်။
“ 5-4-2021ရက်နေ့ကတော့အတော်ထူးခြားတဲ့ရက်ပါဘဲ။ အောင်တင်ဝမ်းဖုန်းလက်လွှတ်ခါရှိသေးနောက်Callဝင်လာတယ်။ကဗျာဆရာမုံရွာအောင်သျှင်ဆီကဖုန်း။မုံရွာအောင်သျှင် တော့မဟုတ်ဘူး။သူ့သမီးဖြစ်နေတယ်။
“ဆရာကြီးကျမမုံရွာအောင်သျှင်ရဲ့သမီးပါ။ဖေဖေဆုံးသွားပါပီ။”
“သမီးအဖေကနေပြည်တော်မှာထိန်းသိမ်းခံနေရတာမဟုတ်လား။”
“မဟုတ်ဘူး။မုံရွာမှာဆေးကုဖို့ရောက်နေရင်းဆုံးသွားတာ။”
“အော်””အေး အေး”
NLDသတင်းနဲ့ပြန်ကြားရေးအဖွဲ့ကဗျာဆရာမုံရွာအောင်သျှင်ရဲ့”ဈာပနဖိတ်စာ”ဘဲ။
ကဗျာဆရာ စာရေးဆရာကိုယ့်ညီလေးများကောင်းရာသုဂတိဘုံစံမြန်းနိုင်ပါစေသောဝ်”စသည်ဖြင့်“U Than Swe”အမည်နဲ့အကောင့် ဧပြီ ၇ ရက်က ရေးသားမျှဝေခဲ့ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ထို့အတူ “ဗဟိုဘဏ် ဒုဥက္ကဌ ဦးဘိုဘိုငယ် အင်းစိန်ထောင်တွင်သေဆုံးသွားကြောင်း ကနဦးသိရှိရ CJ Credit” လို့ ရေးသားပြီး “Library News”အမည်နဲ့စာမျက်နှာကလည်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအလုပ်အမှုဆောင် မုံရွာအောင်ရှင်သေဆုံးသတင်းဟာ သတင်းမှား ဖြစ်တယ်လို့မိသားစုဝင်တွေက မီဒီယာတွေကိုအတည်ပြုခဲ့တာတွေ့ရပါတယ်။
မူရင်းလင်ခ့် – RFA Burmese | Archive link
ဗဟိုဘဏ် ဒုတိယဉက္ကဌ ဦးဘိုဘိုငယ်နဲ့ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ရိပ်သာမှာ ထိန်းသိမ်းထားပြီး ကျန်းမာတယ်လို့ မီဒီယာတစ်ခုဖြစ်တဲ့ Voice of Myanmar ကို ဧပြီ ၉ ရက်က ပြောခဲ့ တာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအလုပ်အမှုဆောင် မုံရွာအောင်ရှင်၊ ဗဟိုဘဏ် ဒုတိယဉက္ကဌ ဦးဘိုဘိုငယ်တို့ သေဆုံးမှုသတင်းဟာ မှန်ကန်ခြင်းမရှိတာတွေ့ရပါတယ်။

Title:NLD အလုပ်အမှုဆောင် မုံရွာအောင်ရှင်နဲ့ ဗဟိုဘဏ်ဒုတိယဉက္ကဌ ဦးဘိုဘိုငယ်တို့နဲ့ပတ်သက်တဲ့ သတင်းမှား
Fact Check By: Nayar MaungResult: Explainer