Fact Check: ဒီဗွီဒီယိုက KIA ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်နဲ့သက်ဆိုင်ခြင်းမရှိပါ

False လူမှုရေး

ရဟတ်ယာဉ်တစ်စီး ပျံသန်းနေစဉ်အတွင်းမှာ မီးလောင်ပျက်ကျသွားတဲ့ဗွီဒီယိုကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA)က ပစ်ချလိုက်တဲ့ ဗွီဒီယိုလို့ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူထောင်ဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။

သို့ပေမဲ့ ဒီဗွီဒီယိုဟာ ၂၀၂၀ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပြီး ဆီရီးယားမှာရဟတ်ယာဉ် ပြစ်ချခံရမှုဖြစ်ပါတယ်။ 

 “KIAက မအလ တိုက်လေယဉ်ကြီးပြစ်ချလိုက်တာ အဘရေမတော့ဘူး လိုအော်ပြီး ဒိုင်းဆိုပေါက်ကွဲသွားတာ 😂😂😂အားရချက်ကွာ ပတ်ဗေပုံ ပတ်ဗေပုံ ပတ်ဗေပုံ ဂျီ့”လို့ေရးသားပြီး “Zaw Aung Aung”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မေ ၃ ရက်မှာ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၅ ရာဝန်းကျင်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း ေတွ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

မတ်လ ၁၃ ရက်ကလည်း KNU က ပစ်ချလိုက်တဲ့ရဟတ်ယာဉ်အဖြစ် ဒီဖြစ်စဉ်က ဓာတ်ပုံတစ်ချို့ပျံ့နှံ့ခဲ့ပြီး Fact Crescendo က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။

အလက်ပိုမြို့လယ်မှ ပျံ့တက်လာတဲ့ ဆီရီးယားလေတပ်က Mi-17 ရဟတ်ယာဉ်တစ်စီးကို ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီ ၁၁ ရက်က အလက်ပို(Aleppo)မြို့ရဲ့ Al-Nayrab ဒေသမှာ ပစ်ချခံခဲ့ရတဲ့ ဗွီဒီယိုဖြစ်ပါတယ်။

မူရင်းလင်ခ့် – Babak Taghvaee – The Crisis WatchArchive link

ကချင်လက်နက်ကိုင်က ပစ်ချလိုက်တဲ့ဗွီဒီယိုအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယိုနဲ့ ဆီရီးယားလေတပ်က ရဟတ်ယာဉ် ပစ်ချခံရမှုကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ကချင်လက်နက်ကိုင်အဖွဲ့က ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်အဖြစ် ပျံ့နှံ့နေတဲ့ ဗွီဒီယိုဟာ ဆီရီးယားလေတပ်က ရဟတ်ယာဉ်တစ်စီးပစ်ချခံရမှုဖြစ်စဉ်က ဗွီဒီယိုဖြစ်ပါတယ်။

Avatar

Title:ဒီဗွီဒီယိုက KIA ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်နဲ့သက်ဆိုင်ခြင်းမရှိပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *