Fact Check: ဓာတ်ပုံဟောင်းများကို အသုံးပြုပြီး မင်းတပ်မြို့အခြေအနေအဖြစ်မျှဝေနေ

False လူမှုရေး

စစ်တပ်က စစ်ဆင်ရေးလုပ်ပြီးနောက် ဆိုးရွားလာတဲ့အခြေအနေအဖြစ် တဲအိမ်တွေမီးလောင်နေပြီး တောင်ကုန်း တွေပြာကျနေတဲ့ ဓာတ်ပုံတွေနဲ့အတူ ဖေ့စ်ဘွတ်ပို့စ်မှာ ပြန်လည်မျှဝေလျှက်ရှိပါတယ်။ မင်းတပ်မှာ မေ ၁၃ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် လူ့အခွင့်အရေး အခြေအနေဆိုးရွားခဲ့ပြီး အမျိုးသားညီညွှတ်ရေး အစိုးရအပါအဝင် အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက စစ်အုပ်စုကို ထုတ်ပြန်ရှုတ်ချခဲ့ရပါတယ်။

သို့သော်ဓာတ်ပုံတွေဟာ ချင်းပြည်နယ်မင်းတပ်မြို့နဲ့သက်ဆိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့ နှစ်များအတွင်း ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပျက်ခဲ့တဲအဖြစ်အပျက်များဖြစ်ပါတယ်။

 “မင်းတပ်မြို့ပါတော်တော်ကိုအခြေအနေဆိုးနေပါပီ upပေးကြပါ please”လို့ရေးသားပြီး “Thar Chit”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက  မေ ၁၈ ရက်ကမျှဝေထားပါတယ်။အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ကရင်ပြည်နယ်မှာ စစ်တပ်က ထိုးစစ်ဆင်ပြီးနောက် မီးလောင်ကျွမ်းမှုအများအဖြစ် မတ်လ ၃၀ ရက်က ဖေ့စ်ဘွတ် မှာ ပျံ့နှံ့ခဲ့ဖူးပြီး Fact Crescendo က အချက်အလက်စိစစ်ဖော်ပြခဲ့ဖူးပါတယ်။ ဒီလင့်ခ်မှာကြည့်ရှု့နိုင်ပါတယ်။ စစ်တပ်က နေရာဒေသတစ်ခုကို အပြင်းအထန် စစ်ဆင်ရေးလုပ်တိုင်းမှာ လူမှုကွန်ယက်အသုံးပြုသူတွေကို ဒီဓာတ်ပုံတွေကို အသုံးပြုပြီး အဲဒီဒေသမှဖြစ်ပျက်ကို အာရုံစိုက်မိလာစေဖို့ အသုံးပြုဖြန့်ဝေလေ့ရှိတာ လည်းတွေ့ရပါတယ်။

တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံ မဲဟောင်ဆောင်ရှိ မဲစုရင် (Mae Surin) ဒုက္ခသည်စခန်းမှာ မီးလောင်မှုဖြစ်စဉ်နဲ့ ၂၀၂၀ ခုနှစ် မေလထဲက ရခိုင်ပြည် မြောက်ဦးမြို့နယ် လကာကျေးရွာမှာ မီးရှို့ခံရတဲ့ ဖြစ်စဉ်က ပုံတွေဖြစ်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ မင်းတပ်ကအခြေအနေအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံတွေဟာ ထိုင်းနိုင်ငံနယ်စပ်မှာ ရှိတဲ့ မဲစုရင် ဒုက္ခသည်စခန်းမီးလောင်မှုနဲ့ ရခိုင်ပြည်နယ် မြောက်ဦးမှာ မီးရှို့ခံရတဲ့ဖြစ်စဉ်က ပုံတွေ ဖြစ်ပါတယ်။

Avatar

Title: ဓာတ်ပုံဟောင်းများကို အသုံးပြုပြီး မင်းတပ်မြို့အခြေအနေအဖြစ်မျှဝေနေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *