Fact Check: ဇူလိုင် ၂၉ ရက်က ပြင်းအား ၈ ဒသမ ၂ ရှိတဲ့ အလက်စကာငလျင်အပြီး ပျက်စီးမှုဓာတ်ပုံလား- မဟုတ်ပါ

Missing Context လူမှုရေး

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ ဇူလိုင် ၂၉ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈ ဒသမ ၂ ရစ်ချ်တာ စကေးရှိတဲ့ ငလျင်က အပျက်အစီးအဖြစ် ထက်ပိုင်းကျိုးနေတဲ့ လမ်းမထက်မှာ ကားတစ်စီး ရပ်လျှက်တင်နေတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ 

သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ် အလက်စကာငလျင်က ဓာတ်ပုံဖြစ်ပါတယ်။

အလက်စကာမှာ ရစ်တာစကေး ၈ ဒသမ ၂ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ကားတစ်စီးဟာ ထက်ပိုင်းကျိုးနေတဲ့ လမ်းပေါ်မှာ တင်ကျန်နေခဲ့တဲ့ပုံအဖြစ် “Win Htein” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၂၃၉ ကြိမ်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

ထို့အတူ “GMC တောင်ပြောင်းစီးရမလိုပဲ အလက်စကာ 8.2 ငလျှင်ကြောင့် လမ်းပဲကျခဲ့တာတောင် Autobrake system ကြောင့် လူအန္တရာယ်မဖြစ်ခဲ့ဘူးလို့ဆိုပါတယ်”လို့ ရေးသားပြီး “Su Su San”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဇူလိုင် ၂၉ ရက်က အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၁ ထောင် ၂ ရာကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဇူလိုင် ၂၉ ရက်က ပြင်းအား ၈ ဒသမ ၂  ရစ်ချ်တာစကေးရှိတဲ့ ငလျင်လှုပ်မှုကနေ ပျက်စီးမှုအဖြစ်ဖော်ပြနေတဲ့  ဒီဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်က အလက်စကာ ငလျင်တုန်းက အပျက်အစီးပုံဖြစ်တာအောက်ပါအတိုင်းတွေ့ရပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၀ ရှိတဲ့ ငလျင်လှုပ်ခတ်မှုအပြီးမှာ တစ်စုံတစ်ယောက်မှာ သေဆုံးရရှိခြင်းမရှိပေမဲ့ လမ်းပိုင်းအချို့ပျက်စီးခဲ့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် –  CurbedArchive link

ယခု ဇူလိုင် ၂၉ ရက်က လှုပ်ခတ်ခဲ့တဲ့ ၈ ဒသမ ၂ ပြင်းအားရှိတဲ့ ငလျင်ကြောင့်လည်း လူသေဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့သလို ကြီးကြီးများများ ပျက်စီးမှုမရှိခဲ့ဘူးလို့ သတင်းဌာနတွေက ဖော်ပြပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဇူလိုင် ၂၉ ရက်က လှုပ်ခတ်ခဲ့တဲ့ ၈ ဒသမ ၂ ပြင်းအားရှိ အလက်စကာငလျင်အပြီး အပျက်အစီးပုံအဖြစ် မျှဝေထားတဲ့ ဓာတ်ပုံဟာ ၂၀၁၈ ခုနှစ် အလက်စကာ ငလျင်တုန်းက ပျက်စီးမှုဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ဇူလိုင် ၂၉ ရက်က ပြင်းအား ၈ ဒသမ ၂ ရှိတဲ့ အလက်စကာငလျင်အပြီး ပျက်စီးမှုဓာတ်ပုံလား- မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *