
ဖေ့စ်ဘွတ်cele ကျော်ကျော်နန္ဒ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ရတယ်ဆိုပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာရှိပါတယ်။
ကျော်ကျော်နန္ဒဟာ မိသားစုပြိုင်ပွဲပြီးဆုံးသွားချိန်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် ချက်ချင်းဆေးရုံတင်လိုပ်ရတယ်လို့သိရတယ်ဆိုပြီးတော့ သတင်းထဲမှာ ရေးသားပါတယ်။
ဟာသ ဗဟုသုတ သတင်းစုံဆိုတဲ့ ဖေ့စ်ဘွတ်အဖွဲ့မှာ အောက်ပါအတိုင်းမျှ ဝေထားပါတယ်။

အချက်အလက်စိစစ်ချက်
၁။ ကျော်ကျော်နန္ဒ ရဲ့စာမျက်နှာမှာ မတ်လ ၇ ရက်နေ့မှာ အတွင်းခံဘောင်းဘီကြော်ငြာ ရိုက် တယ်လို့ ဆိုထားပါတယ်။ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းဖော်ပြထားတာမတွေ့ရပါဘူး။

၂။ မိသားစုပြိုင်ပွဲစာမျက်နှာမှာ မတ်လ ၆ ရက် ပြိုင်ပွဲမရှိတာတွေ့ရပါတယ်။

၃။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၇ ရက်ထုတ်ပြန်ချက်အရလည်း ရန်ကုန်တိုင်းဒေသကြီးမှာ မတ် ၆ ရက်နေ့က သံသယလူနာတွေ့ရတယ်လို့ မပါရှိပါဘူး။

သုံးသက်ချက်
အထက်က အချက်အလက်စိစစ်ချက်တွေအရ ဒီသတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။

Title:ဖေ့စ်ဘွတ်cele ကျော်ကျော်နန္ဒ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ရဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False