Fact Check: ကနီ PDF ကသစ်ခိုးထုတ်နေပုံအဖြစ်သတင်းမှားဖြန့်ဝေ

Misleading နိုင်ငံရေး | Politics

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သစ်ခိုးထုတ်နေပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အတော်များများက မျှဝေလျှက်ရှိပါတယ်။ 

သို့သော် ဓာတ်ပုံဟာ Kani people’s Defense Force – KPDF 1 အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး ဒီဓာတ်ပုံနဲ့အတူ ဖော်ပြထားတဲ့အကြောင်းအရာကို ပုံဖျက်ရေးသားထားခြင်းဖြစ်ပါတယ်။ 

 “သစ်ခိုးထုတ်နေသော pdf များ…..

ကနီ pdf များအနေဖြင့် ငွေကြေးထောက်ပံ့မှု နည်းပါးခြင်းကြောင့် စားဝတ်​နေရေးအခက်အခဲကြုံကာ နိုင်ငံပိုင်သစ်များ ခိုးထုတ်နေ…

#kt”လို့ရေးသားပြီး “Sergeant Ko THET”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားပြီးမျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ 

C:\Users\Mi\Pictures\1202-pdf-teak\Screenshot 2021-12-06 at 08-41-29 Sergeant Ko THET – Posts Facebook.png

မူရင်းလင်ခ့် – Fb linkArchive link

 အချက်အလက်စိစစ်ချက်

အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီးအကြောင်းအရာကို ရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကို Kani people’s Defense Force – KPDF 1 အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ စတင်ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။

ဓာတ်ပုံနှင့်အတူ စာသားအဖြစ် “သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီး​စေ​သော အရာနှင့် ပပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမှာ ကကျွန်တော်တို့ PDFတွေရဲ့တာဝန်ပါ။မြန်မာပြည်ရဲ့ သယံဇာတ ​တွေကလဲ ကျွန်​တော်တို့ရဲ့ အ​မွေအနှစ်​တွေပါ ​။ထို့အတွက်​ကြောင့် ​နောက်နောင် ယခုလိုသစ်ခိုး ထုတ်ခြင်းမျိုး နောက်ထပ် မပြုလုပ်ရန် ပထမဆုံးနဲ့နောက်ဆုံးး သသတိပေးဖမ်းစီးခြင်းဖြစ်ပါသည်။ သစ်ကား4စီး၊သစ်တန် 30ကျော်၊ကာလတန်ဖိုး သိန်း200ဖိုးခန့် ဖမ်းစီးရမိခြင်းဖြစ်ပါသည်။

#KPDF-1

#အရေးတော်ပုံအောင်ရမည်”လို့ ရေးသားထားပါတယ်။

C:\Users\Mi\Pictures\1202-pdf-teak\Screenshot 2021-12-06 at 08-41-29 Sergeant Ko THET – Posts Facebook.png

မူရင်းလင်ခ့် – Kani people’s Defense Force – KPDF 1  |  Archive link

ဒီဓာတ်ပုံကို BBC Burmese သတင်းဌာနကလည်း “ကနီမှာသစ်ခိုးထုတ်တဲ့အဖွဲ့ကို ဒေသကာကွယ်ရေး တပ်တွေဖမ်းဆီး” ခေါင်းစဉ်နဲ့ ဒေသခံကာကွယ်ရေးတပ်ကိုဆက်သွယ်မေးမြန်းထားတာ ဒီလင့်ခ်မှာတွေ့ရပါတယ်။

ဓာတ်ပုံ ၂ ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

C:\Users\Mi\Pictures\1202-pdf-teak\1.jpg

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ကနီ PDF တွေက သစ်မှောင်ခိုဖမ်းဆီးမှုအဖြစ်မူလထုတ်ပြန်ထားတဲ့ ဓာတ်ပုံကို ပုံဖျက်ပြီးဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:ကနီ PDF ကသစ်ခိုးထုတ်နေပုံအဖြစ်သတင်းမှားဖြန့်ဝေ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *