Fact Check: အာဏာဖိဆန်တဲ့ ဗိုလ်ချုပ်ဦးဆောင်တဲ့ PDFတွေက စစ်စခန်းကို တိုက်ခိုက်လို့ သတင်းတုဖြန့်

False လူမှုရေး

အာဏာဖိဆန်တဲ့ ဗိုလ်မှူးချုပ်တစ်ယောက်ဦးဆောင်တဲ့ PDF အထူးကွန်မန်ဒိုတပ်တွေက စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဆိုပြီးတော့ ဓာတ်ပုံ ၁၂ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူရာဂဏန်း က ပြန်လည်မျှဝေခဲ့ကြတာတွေ့ရပါတယ်။

သို့သော်လည်း ဓာတ်ပုံတွေဟာ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ တပ်ဖွဲ့တွေက အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက် ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေဖြစ်တာမှန်ပေမဲ့ အာဏာဖိဆန်ရေး ဗိုလ်မှူးချုပ်တစ်ယောက်ဦးဆောင်တဲ့ တိုက်ခိုက်မှု ဆိုတဲ့ အထောက်အထားမတွေ့ရပါတယ်။

“CDMဗိုလ်မှူးချုပ်သူရအောင်ဝင်းထွန်း(တိုင်းစစ်ဌာနချုပ်-ဗျူဟာမှူး)ဦးစီးသောVIP PDFအထူးကွန်မန်ဒိုတပ်များနှင့် ဒေသခံPDFများမှစစ်ကောင်စီတပ်စခန်းများအားဝင်ရောက်တိုက်ခိုက်ပြီးနောက်သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများနှင့်ပစ္စည်းမျိုးစုံဖြစ်ပါသည်။”လို့ရေးသားပြီး ကောင်းကင်ထက်က ကြယ်တစ်ပွင့်အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၂၀၀ ကျော်ရှိပါတယ်။

အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ပထမဆုံးအနေနဲ့ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဗိုလ်မှူးချုပ် အောင်ဝင်းထွန်းနာမည်နဲ့ စစ်တပ်ဘက်က ခွဲထွက်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားတယ် ဆိုတဲ့အထောက်အထားမျိုးမတွေ့ရှိရပါဘူး။ လက်ရှိအချိန်အထိ အများပြည်သူကို တရားဝင်ကြေညာပြီး စစ်တပ်ကနေ အာဏာဖိဆန်ပြီး လူထုနဲ့ပူးပေါင်းလိုက်တယ်ဆိုတဲ့ စစ်တပ်အရာရှိအကြီးဆုံးအဆင့်ဟာ လက်ရှိအချိန်အထိ ဗိုလ်မှူးအဆင့်ဖြစ်တာတွေ့ရပါတယ်။

ဓာတ်ပုံတွေကို ပုံရှာနည်းအသုံးပြုပြီး ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာ ဓာတ်ပုံတွေဟာ အင်တာနက်မှာ အကြောင်းအရာအမျိုးမျိုးနဲ့ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

တပ်မ ၇၇ တံဆိပ်ပါစစ်ဝတ်စုံတွေနဲ့ လောင်ချာပစ်ဗုံးသီးတွေအစီအရီနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံဟာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က ထုတ်ပြန်ခဲ့တဲ့ မြန်မာစစ်တပ်ဆီကနေ သိမ်းဆည်းရမိတဲ့လက်နက်တွေဖြစ်ပါတယ်။ MNDAA ရဲ့ သတင်း ပြန်ကြားရေးစာမျက်နှာဖြစ်တဲ့ The Kokang မှာလည်း ဒီပုံတွေကို တွေ့ရပါတယ်။

မူရင်းလင်ခ့် – Chindwin  |  Archive link 

ထို့အတူ မိုးကာအစိမ်းအောက်ခံပေါ်မှာ ကျည်ဆံနဲ့ လက်နက်တွေ ပုံထားဓာတ်ပုံဟာ ကချင်အမျိုးသား လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပင်လည်ဘူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ မြန်မာစစ်တပ်ကို ပူးပေါင်းတိုက်ခိုက်မှုဖြစ်စဉ်က ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – ludunwayooArchive link 

ထို့အပြင် အခြားသောဓာတ်ပုံတွေဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က မြန်မာစစ်တပ် စစ်တပ်တိုက်ခိုက်ပြီးနောက် ထုတ်ပြန်ခဲ့တဲ့ဖြစ်စဉ်ကဓာတ်ပုံတွေဖြစ်ပါတယ်။

မူရင်းလင်ခ့် – Karentnews  |  Archive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဓာတ်ပုံဟောင်းတွေကိုအသုံးပြုပြီး စစ်တပ်ကအာဏာဖိဆန်ရေး ဗိုလ်ချုပ်တစ်ယောက်ဦးဆောင်တဲ့ PDF တွေက သိမ်းဆည်းရမိတဲ့လက်နက်တွေဆိုပြီးတော့ သတင်းတုဖြန့်နေခြင်းဖြစ်တာ တွေ့ရပါတယ်။

Avatar

Title:Fact Check: အာဏာဖိဆန်တဲ့ ဗိုလ်ချုပ်ဦးဆောင်တဲ့ PDFတွေက စစ်စခန်းကို တိုက်ခိုက်လို့ သတင်းတုဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *