
သရုပ်ဆောင် အိန္ဒြကျော်ဇင်နဲ့ အဆိုတော်ချမ်းမြေ့မောင်ချိုတို့ ယခုနှစ် တပ်မတော်နေ့အခမ်းအနား တက်ရောက်လာတဲ့ ဓာတ်ပုံအဖြစ်ဖေ့စ်ဘွတ် အသုံးပြုအချို့က ပြန်လည်မျှဝေလျက်ရှိပါတယ်။
သို့သော် ဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၃ နှစ်ကဓာတ်ပုံသာဖြစ်ပါတယ်။
“နင်….. နင်တို့
လုပ်ရက်လိုက်တာ မောင်ချို နဲ့ အူဝဲရာ 🤧🤧”လို့ ရေးသားပြီး “Aung Myat Thu”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေနဲ့ ပတ်သက်ပြီးတော့ အဆိုတော် ချမ်းမြေ့မောင်ချိုက သူမရဲ့ လူမှုကွန်ယက်အကောင့် က တစ်ဆင့်ရှင်းလင်းထားတာတွေ့ရပါတယ်။
“နေ့ချင်းညချင်းတော့ ဆံပင်က မရှည်နိုင်ဘူးထင်တာပဲ 😵💫🥴
လွန်ခဲ့တဲ့ ၃ နှစ်က ပုံတွေပြန်ပီးတင်နေကြတာတွေ့လို့ ပြောချင်ရင် မောင်ချို့ကိုပဲပြော သူများဆွဲမထည့်ပါနဲ့ ပြောမယ်ဆိုလဲ သေချာသိပီဆိုမှ ပြောကြပါ
မနေ့ညက အဲ့ကို သွားတာတွေ့တယ်လို့ပြောတဲ့သူ ဒဲ့ရှင်းမယ် လာခဲ့ ☺️ သက်သေရှိလား ? မရှိဘူးမှတ်လား အေးဆေးလေးနေလိုက်ကြပါ”လို့ ချမ်းမြေ့မောင်ချိုက ပြန်လည်ဖြေရှင်းထားပါတယ်။ ဒီပို့စ်မှာပဲ သူမရဲ့ အခုဆံပင်က အတိုဖြစ်ပြီး အဲဒီဓာတ်ပုံထဲမှာ ဆံပင်ရှည်ဖြစ်ကြောင်းလဲ သူမက ဗွီဒီယိုတစ်ခုပါ ရိုက်တင် ထားပါသေးတယ်။ သူမမျှဝေထားတဲ့ ဓာတ်ပုံမှာ ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ၇၄ နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲလို့လည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – ChanMyae MgCho | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ သရုပ်ဆောင် အိန္ဒြကျော်ဇင်နဲ့ အဆိုတော်ချမ်းမြေ့မောင်ချိုတို့ တပ်မတော်နေ့ အခမ်းအနားတက်ရောက်လာတဲ့ ဓာတ်ပုံဟာ ဓာတ်ပုံဟောင်းတစ်ခုဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ယခုနှစ် တပ်မတော်နေ့အခမ်းအနားတက်လာတဲ့ အိန္ဒြာကျော်ဇင်နဲ့ ချမ်းမြေ့မောင်ချို ဓာတ်ပုံလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading