Fact Check: ထိုင်းဘက်ခြမ်းကနေ ကရင်ပြည်နယ်ကို ရောက်လာတဲ့ မြန်မာစစ်ကား တွေလား-မဟုတ်ပါ

Misleading နိုင်ငံရေး | Politics

ထိုင်းဘက်အခြမ်းကနေ ကရင်ပြည်နယ်ကိုဝင်လာတဲ့ မြန်မာစစ်တပ်က စစ်ကားတွေဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူအချို့ကမျှဝေလျက်ရှိပါတယ်။

သို့သော် ဒီဓာတ်ပုံဟာ ဗြိတိန်စစ်တပ်ကယာဉ်တွေ အက်စတိုနီးယားနိုင်ငံကို ရောက်လာတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

“ထိုင်း..မြန်မာ.တပ်မတော်.၂ရပ်နားလည်မှု့နဲ့.KNDO..DKBA.(908)..KNLA.6..လက်ခံထားရှိတဲ့PDF..တွေကိုရှင်းဖို့ထိုင်းနိုင်ငံထဲကမြန်မာတပ့်မတော်..စစ်ကြောင်းတွေ..စစ်ကားတွေ..ဒီနေ့.30-3-22
ဂက်နေ့မှာဖြတ်သန်းခွင့်ပြုလိုက်ပါတယ်
ကရင်ပြည်နယ်.ထိုင်းနယ်စပ်ကနေထိုးစစ်စတင်လိုက်တာနဲ့
ကျိုက်ဒုမ်ကြာအင်းဆိပ်ကြီးလမ်းပေါ်ကိုမောင်းချမှာမို့.
တိုက်ပွဲတွေပြင်းထန်ရက်ပါလိမ့်မယ်
ဝေါလေ မှာ မြန်မာ့တပ်မတော်နှင့် KNU.KNLA.PDF
ပူးပေါင်းအဖွဲ့ တိုက်ပွဲပြင်းထန်နေခဲ့ရာမှ ယနေ့ မြဝတီဘက်မှ
ထိုင်းနိုင်ငံနယ်စပ်ထဲကို စစ်ကား ၄၃ စီးဝင်ပြီး သောင်းရင်းမြစ်ရိုး
တစ်လျှောက် မင်းလက်ပန် အင်ကြင်းမြိုင်ကိုဖြတ်ပြီးဝေါလေနောက်
ကြောကို သွားပိတ်နေပါတယ်”စသည်ဖြင့် စချီရေးသားပြီး “Nga Htwar”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မတ် ၃၀ ရက်မှာအောက်ပါအတိုင်းမျှဝေထားပါတယ်။ 

ထို့အပြင် “# ပုံ >> ဝေါလေစခန်းအနောက်ဘက်သို့ ထိုင်းနယ်စပ်အတွင်းမှ ဖြတ်သန်းခွင့်ပေးသဖြင့် စစ်ကား၄၃ စီးဖြင့် ချီတက်ဝင်ရောက်လာပုံ
မကြာမီ..နာရီပိုင်းအတွင်း..တိုက်ပွဲတွေ..ပြင်းထန်လာပါလိမ့်မယ် ”လို့လည်း ၎င်းက ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

မြန်မာစစ်တပ်ဟာ ကရင်ပြည်နယ် ဝေါလေဘက်ကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA အကူအညီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဘက်ကစွပ်စွဲထားပြီး  စွပ်စွဲခံရသူဘက်ကတော့ ငြင်းဆိုပါတယ်။ မြန်မာစစ်တပ်က စစ်ကား ၄၃ စီး ထိုင်းဘက်ကတစ်ဆင့်ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းအချို့ထွက်ပေါ်နေပေမဲ့ အတည်မပြုနိုင်တာတွေ့ရပါတယ်။

ထို့အပြင် ကရင်ပြည်နယ်ဝေါလေဘက်ကို ထိုင်းကနေဝင်ရောက်လာတဲ့စစ်ကားတွေဆိုတဲ့ဓာတ်ပုံဟာ ဗြိတိန် စစ်တပ်က ယာဉ်တန်း အက်စတိုးနီယားနိုင်ငံကို ထွက်ခွာ လာတဲ့ မြင်ကွင်းဖြစ်တာတွေ့ရပါတယ်။

ဗြိတိန်အခြေစိုက် The Independent သတင်းဌာနက ဖေဖော်ဝါရီလထဲမှာ ဖော်ပြခဲ့တဲ့ “နေတိုးမဟာမိတ်အား အားဖြည့်ရန်အတွက် စစ်လက်နက်ပစ္စည်းများနှင့် တင့်ကားများ ပို့ဆောင်ပေးသည့် ဗြိတိသျှတပ်များ အက်စ်တိုးနီး ယားသို့ ရောက်ရှိလာသည်။”လို့ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာ ဒီစစ်ယာဉ်တန်းပါတဲ့ ဓာတ်ပုံကို တွေ့ရပါတယ်။

မူရင်းလင်ခ့် – The IndependentArchive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ထိုင်းဘက်ကနေ ကရင်ပြည်နယ်ဝေါလေဘက်ကို မြန်မာစစ်တပ်က ဝင်ရောက်လာတယ်ဆိုတဲ့ အချက်အလက်ဟာ အတည်ပြုနိုင်ခြင်းမရှိသလို ဓာတ်ပုံဟာလည်း အင်တာနက်မှာ ပျံ့နှံ့ပြီးဖြစ်တဲ့ ဓာတ်ပုံတစ်ခုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: ထိုင်းဘက်ခြမ်းကနေ ကရင်ပြည်နယ်ကို ရောက်လာတဲ့ မြန်မာစစ်ကား တွေလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *