Fact Check: ဒီဓာတ်ပုံတွေက ကနီမြို့နယ် ဝင်မနားရဲစခန်းအား PDF ကရှင်းလင်းတဲ့ ဓာတ်ပုံတွေသာဖြစ်တယ်

Misleading နိုင်ငံရေး | Politics

လူမရှိတော့တဲ့နေအိမ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ပစ္စည်းခိုးယူနေတဲ့ ဓာတ်ပုံတွေလို့ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျှက်ရှိပါတယ်။ 

တကယ်တော့ ဓာတ်ပုံတွေဟာ ကနီမြို့နယ် ဝင်မနား နယ်မြေရဲစခန်းကို PDF တွေက ဝင်ရောက်ရှင်းလင်းခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

“လူမရှိတော့တဲ့အိမ်တွေကပစ္စည်းတွေကိုပဒက်လေးတွေခိုးယူနေတဲ့ပုံတွေပါ…

ပြီးရင်စစ်တပ်ကခိုးယူသွားတာပါလို့မီဒီညာတွေနဲ့ပေါင်းပြီးကမ္ဘာကိုအရင်ချပြတာ…

အလိမ်အညာတွေကကမ္ဘာကိုပတ်နေချိန်အမှန်တရားကိုဖော်ပြတဲ့ MRTV apk ကဖြုတ်ချခံလိုက်ရပြီ….😏

#နေမင်းသူရိန်”လို့ရေးသားပြီး “နေမင်း သူရိန်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link  

အလားတူမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

Google မှာ ပုံရှာနည်းအသုံးပြုပြီး ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်က သယ်ယူနေတဲ့ ဓာတ်ပုံကို ပထမဆုံး ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ 

“ludunwayoo”အမည်နဲ့ဝက်ဘ်ဆိုဒ်က မေ ၄ ရက်စွဲရေးသားတဲ့ သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကိုတွေ့ရပါတယ်။
သတင်းခေါင်းစဉ်အဖြစ် “အကြမ်းဖက်စစ်ကောင်စီတပ်စွန့်ခွာထွက်ပြေးသွားသည့် ဝင်မနားရဲစခန်းကို PDFများဝင်ရောက်ရှင်းလင်း”လို့ရေးသား ထားပြီး “ဝင်မနားရဲစခန်းကို မေလ၄ ရက်က MDF-PDF၊ KPDFနှင့် မဟာမိတ် PDFတပ်ရင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။”လို့လည်းရေးသားထားပါတယ်။

မူရင်းလင်ခ့် – LudunwayooArchive link  

ထို့အပြင် ဖေ့စ်ဘွဝ်မှာ အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ယခု PDF တွေက လူမရှိတဲ့အိမ်ကပစ္စည်းတွေခိုးနေတယ်ဆိုတဲ့ ဓာတ်ပုံတွေအပါအဝင် အခြားသော ဓာတ်ပုံ ၁၂ ပုံကို “Khit Thit Media”သတင်းဌာနကရဲ့ ဝင်မနားရဲခစန်းကို ဝင်ရောက်ရှင်းလင်းမှုအဖြစ် သတင်းမှာ တွေ့ရပါတယ်။ “Mizzima – News in Burmese”သတင်းဌာနရဲ့ ဒီသတင်းမှာလည်း တွေ့ရပါတယ်။

https://www.facebook.com/khitthitnews/posts/1489680914802583

မူရင်းလင်ခ့် – Khit Thit MediaArchive link  

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဝင်မနား နယ်မြေရဲစခန်းကို PDF တွေကဝင်ရောက်ရှင်းလင်းပြီး ရဲစခန်းက ပစ္စည်းတွေကို သယ်ယူလာတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

Avatar

Title:Fact Check: ဒီဓာတ်ပုံတွေက ကနီမြို့နယ် ဝင်မနားရဲစခန်းအား PDF ကရှင်းလင်းတဲ့ ဓာတ်ပုံတွေသာဖြစ်တယ်

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *