ဆပ်ပြာစားရင် COVID-19 ရောဂါပျောက်တယ်ဆိုပြီး မျှဝေနေတဲ့ အန္တရာယ်ရှိသတင်းမှား

Coronavirus False ကူးစက်ရောဂါ ဆေးဘက်ဆိုင်ရာ၊ | Medical

“မလေးရှားမှာ ဆပ်ပြာစားရင် COVID-19 ရောဂါပျောက်တယ်ဆိုလို့ စားကုန်ကြပြီ ရုပ်သံဖိုင်”ဆိုပြီး Love H အမည်နဲ့အကောင့်တစ်ခုက “အထူးသတင်းစုံ”၊ “သတင်းစုံ”၊ “မှုခင်းသတင်းများ”စတဲ့ ဖေ့စ်ဘွတ် အုပ်စုတွေထဲမှာ မျှဝေထားတာတွေ့ရပါတယ်။ 

Fb linkFb linkFb link
Archive linkArchive linkArchive link

“အကိုတို့ ၊ အမတို့ရေ ဆပ်ပြာစားရင် ပျောက်တယ်တဲ့ မလေးရှားမှာ ဆပ်ပြာစားလို့ ပျောက်ကုန်ကြပြီတဲ့… မြန်မာပြည်က လူတွေသိအောင် ရှဲပေးဦး ဟာသအနေနဲ့ တင်တာနော်။တကယ်သွားမလုပ်နဲ့။ ဆပ်ပြာစားလည်း မပျောက်ဘူး..သေသွားလိမ့်မယ်..”ဆိုပြီးတော့ “သုတ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေထားတာပါတယ်။

Fb linkArchive link

“သုတ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေထားတာကို tatinhtoo အမည်နဲ့ ဝက်ဆိုဒ်က “မလေးရှားမှာ ဆပ်ပြာစားရင် COVID-19 ရောဂါပျောက်တယ်ဆိုလို့ စားကုန်ကြပြီ ရုပ်သံဖိုင်”ဆိုပြီးရေးသားပြီး ပြန်လည်မျှဝေတာကို အောက်ပါလင့်ခ်မှာလေ့လာနိုင်ပါတယ်။

LinkArchive link

အချက်အလက်စိစစ်ချက်

လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ကမ္ဘာ့ကျန်းမားရေးအဖွဲ့က ပြောကြားထားပါတယ်။ အပြင်းအထန်ဖျားနာသူတွေအနေနဲ့ ဒီဖြစ်စဉ်ကနေ သက်သာဖို့ ဆေးရုံတက်ပြီး လိုအပ်တဲ့ ကုသမှုတွေလုပ်ဖို့လိုအပ်တယ်လို့လည်းပြောကြားထားပြီး ဒီလိုလူနာအတွက် ရောဂါကနေသက်သာအောင် ပြုစုစောင့်ရှောက်မှုကနေပဲ အတော်များများက သက်သာလာတာဖြစ်ပါတယ်လို့လည်း ပြောကြားထားပါတယ်။

ကုသတာ၊ ကာကွယ်တာတွေမှာဖြစ်နိုင်ခြေရှိတဲ့ဆေးဝါးတွေကို လူတွေနဲ့ စမ်းသပ်မှုအဆင့်တော့ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဒီလိုစမ်းသပ်တီထွင်မှုတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောကြားထားပြီး ကိုရိုနာဗိုင်းရပ်စ်ကနေ အကောင်းဆုံးကာကွယ် နိုင်မယ့်နည်းလမ်းကတော့ လက်ကို မကြာခဏဆေးကြော သန့်စင်တာ၊ ချောင်းဆိုး၊နှာချေတဲ့အခါမှာ တံတောင်ကွေး ဒါမှမဟုတ် တစ်သျှူးစနဲ့ ဖုံးအုပ်တာတွေပဲဖြစ်တယ်လို့လည်းပြောကြားထာပါတယ်။

အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေး မီတိုတွေက covid-19 ရောဂါလက္ခဏာကို သက်သာအောင်၊ ပျောက်အောင် ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာ မတွေ့ ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။  အနောက်တိုင်းဆေးအပါအဝင် တိုင်းရင်းဆေးနဲ့ ကုသတာ၊ ကာကွယ်တာတွေကို စမ်းသပ်မှုတွေတော့ရှိနေပြီး လူတွေနဲ့ စမ်းသပ်မှုပြီးစီးရင်ပြီးစီးချင်း ထုတ်ပြန်ပေးသွား မယ်လို့လည်းပြောကြားထားပါတယ်။

WHO

Google မှာရိုက်ရှာတဲ့ “eats soap for covid 19”လို့ရိုက်ရှာတဲ့အခါမှာ ဆပ်ပြာကို covid-19 ပျောက်ဖို့စားကြတယ်ဆိုတဲ့အထောက်အထားတစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ ဆပ်ပြာကို အသုံးပြုပြီး လက်ဆေးကြဖို့ကိုသာတိုက်တွန်းထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။

 ဆပ်ပြာဟာ အဆိပ်အတောက်တစ်မျိုးဖြစ်ပြီး ဆပ်ပြာကိုစားတာ၊ ဆပ်ပြာရည်သောက်တာဟာ မူးဝေအော့ အန်တာတွေ အစာအိမ်ကို ထိခိုက်တာတွေဖြစ်နိုင်ပြီး ဆပ်ပြာဟာ အစာအိမ်မှာ အစာချက်လုပ်နိုင်တဲ့ ဓာတ်ပေါင်းမျိုး မဟုတ်ဘူးလို့လည်း မြောက်ကာရိုလိုင်းနာတက္ကသိုလ်က အစားအသောက်ဘေးကင်းလုံခြုံရေး ကျွမ်းကျင်ပညာရှင် ပါမောက္ခ Benjamin Chapman က ပြောကြားထားတာအောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

LivescienceArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်အရ ဆပ်ပြာစားရင် COVID-19 ရောဂါပျောက်တယ်လို့ ညွှန်းဆိုနေတဲ့ “Love H” အမည်နဲ့အကောင့်က မျှဝေထားတဲ့ tatinhtoo.com က သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။ ဆပ်ပြာစားလို့ COVID-19 ပျောက်တယ်ဆိုတဲ့ တစ်စုံတစ်ရာအထောက်အထားမရှိပါဘူး။

Avatar

Title:ဆပ်ပြာစားရင် COVID-19 ရောဂါပျောက်တယ်ဆိုပြီး မျှဝေနေတဲ့ အန္တရာယ်ရှိသတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *