
မြန်မာနိုင်ငံမှာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်လူနာတွေ့ပြီလို့ကြေညာခဲ့ပြီး နောက်တစ်နေ့မှာ တီးတိန်ကလူနာသေပြီဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့သလိုပဲ လူနာအမှတ် ၅ နဲ့ပတ်သက်ပြီးတော့လည်း လူနာနာမကျန်းဖြစ်စဉ်မှာ သေဆုံးပြီဆိုတဲ့ သတင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။ အခုတဖန်လည်း “Aung Naing Htwe” အမည်နဲ့အကောင့်က “ဒူဘိုင်းက ပြန်လာခဲ့သော သားကို ကြိုဆိုခဲ့သော အမှတ်(၁၆) လူနာဖြစ်ခဲ့သူ အန်တီကြီး… ဆုံးပါးရှာပြီလို့ သိရပါတယ်”လို့ မျှဝေထားတာတွေ့ရပါတယ်။ ဒီပို့စ်ကို ပြီးခဲ့တဲ့ ၁၆ နာရီအတွင်းမှာ လူ ၂ ထောင်နီးပါးက ပြန်လည်မျှဝေထားတာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
“Aung Naing Htwe” အမည်နဲ့အကောင့်က ဒီပို့စ်တင်ပြီးနာရီပိုင်းအတွင်းမှာပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက covid-19 နောက်ဆုံးအခြေအနေ နေ့စဉ်သတင်းထုတ်ပြန်ကို သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဧပြီ ၅ ရက်နေ့မှာ ပို့တွေ့ လူနာအသစ်မရှိသလို သေဆုံးသူလည်း မရှိပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Covid-19 နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ထုတ်ပြန်ပေးနေတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဝက်ဆိုဒ်စာမျက်နှာမှာလည်း သေဆုံးလူနာတစ်ဉီးအဖြစ်ပြသထားပါတယ်။

ဒီသေဆုံးလူနာဟာ မတ် ၃၁ ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တဲ့ မင်္ဂလာတောင်ညွှန့် လူနာ အမှတ် ၅ ဖြစ်ပါတယ်။ အောက်ပါလင့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မြောက်ဥက္ကလာပ မဲဆန္ဒနယ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဉီးဇော်လွင်ကလည်း ဒီသတင်းမဟုတ်ဘူးလို့ Fact Crescendo Myanmar ကိုအတည်ပြုပါတယ်။
“Aung Naing Htwe ဆိုတဲ့အကောင်က ဂိုရှယ်လေးဆိုပြီးတော့ အမေရိကန်ကနေတင်နေတာ။ ဂိုရှယ်လေးဆိုပြီး ဒီဖေ့စ်ဘွတ်မီဒီယာလည်းလုပ်တယ်။ နောက်ပြီးတော့ Aung Naing Htwe ဆိုတဲ့အကောင့်နဲ့လည်း ဖေ့စ်ဘွတ်ကနေ သတင်းတွေ ထိုင်ရှယ်နေတာ သူတင်တဲ့ဟာတွေ မဟုတ်တာတွေချည်းပဲ။ ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ အရေးယူလို့မရဘူး။ ဘာလို့လဲဆိုတော့ သူက အမေရိကမှာနေတဲ့ မြန်မာနိုင်ငံသား ဖြစ်နေတယ်။ ဒီသတင်းမဟုတ်ဘူးဆိုတာတော့ ကျွန်တော်တို့ တုန့်ပြန်ထားတယ်”လို့ ဉီးဇောင်လွင်က ပြောပါတယ်။
သုံးသပ်ချက်
“Aung Naing Htwe” အမည်နဲ့အကောင့်က “ဒူဘိုင်းက ပြန်လာခဲ့သော သားကို ကြိုဆိုခဲ့သော အမှတ်(၁၆) လူနာဖြစ်ခဲ့သူ အန်တီကြီး… ဆုံးပါးရှာပြီလို့ သိရပါတယ်”ဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။