Fact Check: မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံမှာ စတွေ့ပြီလား-မဟုတ်ပါ

Misleading လူမှုရေး

မျောက်ကျောက်ရောဂါ ပြည်တွင်းရောက်လာပြီဒီနေ့တစ်ယောက်စတွေ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ဇွန် ၁ရက်စပြီးပျံ့နှံ့ခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့သတင်းမှားတစ်ခုသာဖြစ်ပါတယ်။

“မျောက်ကျောက်ရောဂါ ပြည်တွင်းရောက်လာပြီဒီနေ့တစ်ယောက်စတွေ့တာ ရောဂါက”လို့ ရေးသားပြီး “Ei pone pone tik tok”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဝက်ဘ်ဆိုဒ်လင့်ခ်တစ်ခုကိုမျှဝေထားရာမှာ ဒီပို့စ်ကိုပြန်လည် မျှဝေမှုပေါင်း ၄၀၀ ဝန်းကျင်ရှိပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

အခြားသောပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။

ဖေ့စ်ဘွတ်ပို့စ်ပါမျှဝေထားတဲ့ လင့်ခ်တွေနှိပ်ပြီး ဝင်ရောက်ဖတ်ရှု့ရာမှာ “မျောက်ကျောက်နဲ့ ကိုယ်တွေ့ကြုံ အပြင်ထွက်ရင် ယခင်ကလိုပဲနှာခေါင်းစည်းတပ်ကြပါ လက်ကိုမကြာခဏဆေးပါ။ Bus ကားစီးပြီး လက်ကိုင်ကွင်း တန်းတွေလေဖျခါလက်ရန်းတွေ နဲ့လူအများထိတွေ့ကိုင်တွယ်ထားတဲ့ အရာတွေကိုမဖြစ်မနေ ထိတွေပြီးရင် လက်ကိုသေချာ ဆေးကြောပါ။ဘာပဲဖြစ်ဖြစ် မပေါ့ဆကြပါနဲ့။ကျနော့သားကြီးမှာ ယခုလို လက္ခဏာတွေ့ရတာ ၂ ရက်ရှိပါပြီ။လက်ရှိချိန်ထိ လူကတော့ ဖျားနာတာမဖြစ်သေးပါ။ပြည်လိုလို အဖြူရောင် အရည်ကြည်ဖုက နည်းနည်းနာအောင့်ပြီး အရည်စိမ့်ထွက်ဖို့ အပေါက်ပါလာပြီး သားတွေ့ရပါတယ်”လို့ရေးသားထားပြီး မူလရေးသားသူကို credit ပေးတယ်လို့လည်းရေးသားထားပါတယ်။

“Wai Lu Kyaw”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း “မျောက်ကျောက်နဲ့ ကိုယ်တွေ့ကြုံ”ဆိုပြီးတော့ အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ ပြန်လည်မျှဝေမှု အကြိမ်အရေအတွက် ၂၄၀၀ကျော်ရှိပါတယ်။ ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

အချက်အလက်စိစစ်ချက် 

တကယ်တော့ ဒီလိုမျှဝေမှုတွေဟာ “Aung K Si”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “မျောက်ကျောက်လား ? ရောဂါဆန်းနဲ့ကိုယ်တွေ့ကြုံ”လို့ မေ ၂၆ ရက်က လက်ဖဝါးနဲ့ခြေမျက်စေ့တဝိုက်မှာ အဖုအပိန့်တွေနဲ့ ဓာတ်ပုံကို မျှဝေထားရာကတဆင့်အခုလို မျောက်ကျောက်ရောဂါမြန်မာနိုင်ငံကိုရောက်ပြီဆိုပြီးတော့ နောက်ပိုင်းမှာဖြစ်သွား တာတွေ့ရပါတယ်။

မျောက်ကျောက်ရောဂါဟာ ကမ္ဘာမှာအသစ်ပေါ်ထွက်လာတဲ့ရောဂါတော့မဟုတ်ပါဘူး။ မူလက မျောက်တွေမှာ ရောဂါပိုးတွေ့ရှိရာကနေ ၁၉၇၀ ခုနှစ်မှာတော့ ကွန်ဂိုနိုင်ငံမှာစတင်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဒီရောဂါရဲ့ ကနဦးလက္ခဏာတွေဟာ ဖျားတာ၊ ခေါင်းကိုက်တာ၊ကိုယ်လက်ကိုက်ခဲတာ၊ကျောကိုက်တာ၊မန်းဖုထွက်တာ၊ ချမ်းတုန်တာ၊ပင်ပန်းနွမ်းနယ်တာစတာတွေဖြစ်ပါတယ်။ဖျားပြီး ၁ ရက်ကနေ ၃ ရက်(တခါတရံပိုကြာ)အကြာမှာ ရောဂါကူးစက်ခံရသူမှာ အင်ပြင်လိုမျိုးအဖုအပိန့်တွေပေါက်လာတာဖြစ်ပါတယ်။ မျက်နှာကနေစဖြစ်တတ်ပြီး အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပျံ့နှံ့သွားတာဖြစ်ပါတယ်။

မူရင်းလင်ခ့် – CDCArchive link

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့အဆိုအရ မျောက်ကျောက်ရောဂါရဲ့အခြားသောရောဂါတွေနဲ့မတူတဲ့ အဓိကလက္ခဏာ ဟာ အရေကြည်ဖုတွေပေါက် မန်းဝင်ရောင်ရမ်းတာပဲဖြစ်ပြီး လက္ခာဏာမပြဘဲလဲနေနိုင်ပါတယ်။ ဒီလို အရည်ကြည်ပေါက်တဲ့နေရာမှာ  မျက်နှာမှာပေါက်တဲ့နှုန်းဟာ ၉၅ ရာခိုင်နှုန်းနဲ့ခြေဖဝါးလက်ဖဝါးမှာပေါက် တာက ၇၀ ရာခိုင်နှုန်းရှိပါတယ်။

ထို့အပြင် မျောက်ကျောက်ရောဂါဟုတ်မဟုတ်ဟာ ဓာတ်ခွဲစမ်းသပ်မှုကနေတဆင့်သာသိနိုင်တာဖြစ်ပါတယ်။

မူရင်းလင်ခ့် – WHOArchive link

WHO ကထုတ်ပြန်တဲ့ ဇွန်လ ၈ ရက်အထိ စာရင်းတွေအရတော့ ယခင်ကမျောက်ကျောက်ရောဂါမတွေ့ရဘဲ ယခုမှဖြစ်ပွားမှုစတင်တွေ့ရှိရတဲ့ နိုင်ငံ ၂၈ နိုင်ငံရှိပြီး ကူးစက်မှုအတည်ပြုသူ ဦးရေး ၁၂၈၅ ဦးရှိပါတယ်။ ဒီစာရင်းမှာ မြန်မာနိုင်ငံတော့မပါဝင်သေးတာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – WHOArchive link

သုံးသပ်ချက်

မျောက်ကျောက်ရောဂါဟာ ယခင်မဖြစ်ဘူးတဲ့နိုင်ငံတွေမှာဖြစ်ပွားလာနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စောင့်ကြည့်ရမယ်ရောဂါအဖြစ်ကြေညာထားပြီးဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားမှုအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ မျောက်ကျောက်ရောဂါဟုတ်မဟုတ်ဟာ ဓာတ်ခွဲခန်းကနေသာ အတည်ပြုနိုင်တာ လည်းတွေ့ရပါတယ်။

Avatar

Title:Fact Check: မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံမှာ စတွေ့ပြီလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *