
ရန်ကုန်မြို့က အမေရိကန်စင်တာကို စစ်တပ်က ချိတ်ပိတ်လိုက်တယ်ဆိုပြီး ဓာတ်ပုံ ၂ ပုံနဲ့အတူ မျှဝေထားတဲ့ ပို့စ်တစ်ခုအသုံးပြု သူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပြီး ဓာတ်ပုံဟာလည်း ပြုပြင်ဖန်တီးထားတဲ့ဓာတ်ပုံတွေသာဖြစ်ပါတယ်။
“တက္ကသိုလ်ရိပ်သာလမ်းနှဲ့အင်းလျားလမ်းမှာရှိတဲ့ အမေရိကန် ထောက်လှမ်းရေးနှင့်ထောက်ပံ့ရေးဂိုထောင်၊ အမေရိကန်စာသင်ကျောင်းစာကြည့်တိုက်အားချိပ်ပိတ်လိုက်ကြောင်းသိရသည်။”လို့ ရေးသားထားပြီး “Aye Nan Da”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။
မူရင်းလင်ခ့် – FB link | Archive link
အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ပထမဆုံးဓာတ်ပုံတွေကို Google မှာရှာကြည့်ရာမှာ ဓာတ်ပုံတွေဟာ အရင်ကတည်းက ပျံ့နှံ့လျှက်ရှိတဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။
“Aung Myo Mon” Google အသုံးပြုသူက ၂၀၂၁ ခုနှစ် မတ်လထဲမှာ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Google Photo | Archive link
ဒီဓာတ်ပုံကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။
အမေရိကန်စင်တာချိတ်ပိတ်မှုအဖြစ်ဖော်ပြနေတဲ့ဓာတ်ပုံနဲ့ ၂၀၂၁ ခုနှစ် မတ်လအတွင်းကဓာတ်ပုံကို အောက်ပါ အတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

နောက်ထပ်ဓာတ်ပုံတစ်ပုံကို blharbert အမည်နဲ့ဝက်ဘ်ဆိုဒ်မှာဖော်ပြထားတာတွေ့ပါတယ်။

မူရင်းလင်ခ့် – Blharbert | Archive link
Blharbert အမည်နဲ့ဝက်ဘ်ဆိုဒ်ကဖော်ပြထားတဲ့ ရန်ကုန်မှာရှိတဲ့အမေရိကန်သံရုံးရဲ့ဓာတ်ပုံနဲ့ တည်းဖြတ်ထား တဲ့ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ဒီသတင်းတုအရင်ကလည်း အမေရိကန်သံအမတ်နေအိမ်ချိတ်ပိတ်ခံရတယ်ဆိုပြီးတော့လည်း သတင်းတု ဖြန့်ချိခဲ့ပါသေးတယ်။ Fact Crescendo ကအချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံ ၂ ပုံကို ပြုပြင်ဖန်တီးပြီး အမေရိကန်စင်တာကို ချိတ်ပိတ်မှုအဖြစ်သတင်းတုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

Title:Fact Check: အမေရိကန်စင်တာ ချိတ်ပိတ်ခံရမှုဆိုတဲ့သတင်းတုသတင်းမှား
Fact Check By: Nayar MaungResult: False