Fact Check: YBS 42 ကားပေါ်မှာ အနုကြမ်းစီးခံရတာမရှိဘူးလို့ တာဝန်ရှိသူတွေ ငြင်းဆို

Explainer လူမှုရေး

မြောက်ဉက္ကလာပ အိန္ဒြာမှတ်တိုင်အနီး YBS 42 ကားပေါ်မှာ ဓားပြတိုက်ခံရမှုဆိုတဲ့ ပို့စ်တစ်ခု ဇူလိုင် ၃၀ ရက်က ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော်လည်း ဒီသတင်းဟာ မဟုတ်မှန်ကြောင်း ယာဉ်လိုင်း တာဝန်ရှိသူတွေက ငြင်းဆိုထားတာတွေ့ရပါတယ်။

အောက်စာသားတွေကတော့ “Hlaing Info” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာဖော်ပြခဲ့တဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းဖော်ပြချက်ပါ။

“ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရွှေပြည်သာမှ ဒဂုံဧရာအဝေးပြေးသို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း 42( 6p / 6057 )သည် မြောက်ဥက္ကလာပ အိန္ဒြာ မှတ်တိုင်အနီးတွင် အနုကြမ်းစီးခံလိုက်ရကြောင်း သိရသည်။

” နေ့လည် ၂နာရီလောက်က ဖြစ်တာပါဗျ ကျွန်တော်တို့ မဥက္ကလာပ ရောက်တော့ လူ၁၅ ဦးလောက် တပြိုင်နက် ကားပေါ်တက်လာပါတယ် ကားစီးလာတဲ့ခရီးသည် ဦးရေက ဆယ်ယောက်တောင်မပြည့်ပါဘူးဗျ။

အဲ့မှာ အဲ့လူတွေ ၁၅ ယောက်လောက်တက်လာပြီး ကားသမားကို ဓားနဲ့ထောက်ထားတယ် ပြီးတော့ ကားပေါ်ပါလာတဲ့ ခရီးသည်တွေဆီက ရွှေတွေငွေတွေ အကုန် လုယူပါတယ်။

ကျွန်တော်က ဖုန်းကိုဘောင်းဘီထဲထည့်ထားတာ ဖုန်းမပါလာလို့ဆိုပြီး ကျွန်တော့်ကိုဝိုင်းထိုးကြပါတယ်။

၄၂ ယာဉ်လိုင်းကအရမ်းဆိုးနေပြီဗျာ CCTV မရှိ ဘာမရှိနဲ့ ယာဉ်မောင်းတွေနဲ့ လူမိုက်တွေနဲ့ ပေါင်းပြီး လုပ်စားနေကြတာလား မသိပါဘူးဗျာ ” ဟု ကာယကံရှင်ပြည်သူတစ်ဦးမှ သတင်းပေးပို့ထားပါတယ်။” 

တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

အခြားသောဖေ့စ်ဘွတ်အသုံးပြုသူ တစ်ဦးကလည်း ဇွန် ၃၀ ရက်က အလားတူမျှတူမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၇၀၀၀ ကျော်ရှိပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

အချက်အလက်စိစစ်ချက်

ဒီလိုပျံ့နှံ့မှုအားကောင်းလာပြီးနောက် ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က သတင်းမှားဖြစ်တယ်လို့ ထုတ်ပြန်လာတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – YRTCArchive link  

မဇ္ဈိမသတင်းဌာနကိုလည်း YBS ၄၂ ယာဉ်လိုင်းဉက္ကဌ ဦးအေးလွင်က 6p / 6057 ကားနံပါတ် သူတို့ယာဉ်လိုင်းမှာ မရှိကြောင်း ငြင်းဆိုထားပါတယ်။ မှတ်ပုံတင်ထားတဲ့ကားတွေကို စစ်ဆေးလို့ရတဲ့ ဆော့ဖ်ဝဲလ် တစ်ခုကို အသုံးပြုပြီး ကားနံပါတ်ကိုရှာဖွေကြည့်ရာမှာာဒီနံပါတ်ကို မတွေ့ရပါဘူး။ Fact Crescendo Myanmar အနေနဲ့ ဒီဖြစ်ရပ်ကိုသီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။

အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီးအကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလထဲမှာ မြောက်ဥက္ကလာပ အိန္ဒြာမှတ်တိုင်အနီးမှာ YBS ၄၂ ယာဉ်ဟာ တူညီတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တာတွေ့ရ ပါတယ်။ အဲဒီအချိန်က မီဒီယာအများအပြားမှာဖော်ပြခဲ့တာတွေ့ရပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။ 

သုံးသပ်ချက်

အရင်တစ်ခေါက်က ဓားပြတိုက်ခိုက်ရမှုဖြစ်စဉ်မှာ မီဒီယာအချို့မှာဖော်ပြပါရှိခဲ့ပေမဲ့ ဒီတစ်ခေါက် ဓားပြမှုဖြစ်စဉ် မှာ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာလည်း ဖော်ပြချက်မတွေ့ရပါဘူး။ ယခုဖြစ်စဉ်မှာ ယာဉ်လိုင်းတာဝန်ရှိသူတွေလည်း ငြင်းဆိုထားပါတယ်။

Avatar

Title:Fact Check: YBS 42 ကားပေါ်မှာ အနုကြမ်းစီးခံရတာမရှိဘူးလို့ တာဝန်ရှိသူတွေ ငြင်းဆို

By: Nayar Maung 

Result: Explainer


Leave a Reply

Your email address will not be published. Required fields are marked *