
ဧပြီ ၁၇ ရက်က ကုတင်ပေါ်မှာ ပက်လက်အနေအထားနဲ့အိပ်နေတဲ့ အသက်ကြီးရွယ်အိုဖြစ်ဟန်တူသူ တစ်ယောက်ကို လူငယ်တစ်ယောက်က ထုတ်နဲ့ အားရပါးရရိုက်သတ်နေတဲ့ CCTV မှတ်တမ်းဗွီဒီယိုတစ်ခု အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။
ဒီဗွီဒီယိုကို “محمد اسامه“အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “အိပ်ယာထဲလှဲနေတဲ့ အဖိုးအား ဝန်ထုပ်ဝန်ပိုး ဖြစ်လို့ ရိုက်သတ်တာတဲ့”ဆိုပြီးတော့ မျှဝေခဲ့ရာမှာ အခြားဖေ့စ်ဘွတ်သုံးစွဲသူ တစ်သောင်းခွဲနီးပါက ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ပါတယ်။

အလားတူပဲ “Channel Pyay”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာနဲ့ “San San” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာဝတ်စုံအလှအပများစုစည်းရာ”ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ပထမဆုံး ဗွီဒီယိုကို InVID ဆိုတဲ့ ဗွီဒီယိုအချက်အလက်ဆန်းစစ်နိုင်တဲ့ ဆော့ဖ်ဝဲနဲ့ ဗွီဒီယိုကို ဓာတ်ပုံအဖြစ်ပြောင်း ယူရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။

ရရှိလာတဲ့ပုံတွေကို Yandex မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။

Cumhuriyet အမည်နဲ့ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဒီဗွီဒီယိုကို ၂၀၁၄ ခုနှစ်အောက်တိုဘာ ၃၁ ရက်စွဲနဲ့ သတင်းတစ်ပုဒ် ကိုဖော်ပြရာမှာ သုံးစွဲထားတာတွေ့ရပါတယ်။ Google Translate အသုံးပြုပြီး တူရကီဘာသာကနေ မြန်မာ ဘာသာကို ပြန်ဆိုကြည့်ရာမှာ သူခိုးဟာ အိမ်ရှင်ဆီကနေ ပစ္စည်းလုယူချင်တဲ့အတွက် အိမ်ထဲဝင်လာပြီး အိပ် နေတဲ့သူကို သံတုတ်နဲ့ရိုက်သတ်ခဲ့တာလို့ ရေးသားထားတာတွေ့ရပါတယ်။ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေရာကို အိန္ဒိယနိုင်ငံ၊ Ludhiana ပန်ဂျပ်မြို့မှာလို့ ဖော်ပြထားပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီလိုပဲ izle7 အမည်နဲ့ဝက်ဘ်ဆိုဒ်မှာလည်း ၂၀၁၄ ခုနှစ်အောက်တိုဘာ ၃၁ ရက်စွဲနဲ့ သတင်းတစ်ခုဖော်ပြခဲ့ရာမှာ အလားတူဗွီဒီယိုကို သုံးစွဲထားတာတွေ့ရပါတယ်။ ဗွီဒီယိုခေါင်းစဉ်ကို တူရကီဘာသာနဲ့ရေးသားထားတာတွေ့ရပြီး မြန်မာဘာသာသို့ ပြန်ဆိုကြည့်ရာမှာ အိန္ဒိယမှာ ညအချိန်တွင်အိမ်ထဲသို့ဝင်ပြီး ကြောက်မက်ဖွယ်လုယက်မှုတွင် သူခိုးသည်အိပ်နေသော အိမ်ရှင်အမျိုးသမီးအားသံတုတ်နဲ့ သတ်ပစ်လိုက်တယ်လို့ ရေးသားထားတာတွေ့ ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ဒီဗွီဒီယိုဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာလထဲမှာ အိမ်အတွင်း လုယက်ဖို့ ခိုးဝင်လာသူတစ်ဉီးက အိမ်နေတဲ့သူကို တုတ်နဲ့ရိုက်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။ ဒါကြောင့် “محمد اسامه“အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေထားသလို “အိပ်ယာထဲလှဲနေတဲ့ အဖိုးအား ဝန်ထုပ်ဝန်ပိုး ဖြစ်လို့ ရိုက်သတ်တာတဲ့”ဆိုတဲ့အချက်အလက်ဟာ အမှားဖြစ်ပါတယ်။

Title:အိပ်ယာထဲလှဲနေတဲ့ အဖိုးအား ဝန်ထုပ်ဝန်ပိုး ဖြစ်လို့ ရိုက်သတ်တာလိုက်သတဲ့လား.. အမှန်က ဒီလိုပါ
Fact Check By: Nayar MaungResult: False