Fact Check: ဘရာဇီးက အမျိုးသမီးသီးသန့်နေထိုင်တဲ့ရွာဆိုတာမဟုတ်ပါ

False နိုင်ငံတကာ၊ | International

ဘရာဇီးနိုင်ငံ Nolva Do Cordeiro ဆိုတဲ့ ရွာမှာ ယောင်္ကျားမယူချင်လို့ အိမ်ကထွက်လာတဲ့ မိန်းကလေးတွေသာ နေထိုင်တယ်ဆိုတဲ့အကြောင်းအရာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ နားလည်မှုလွဲနေတဲ့ သတင်းမှားတစ်ခုဖြစ်တာ တွေ့ရပါတယ်။ 

အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။

“ဘရားဇီးနိုင်ငံ Nolva Do Cordeiro ကျေးရွာလေးဟာ ယောင်္ကျားလေးတွေကို စိတ်ကုန်ပြီးလက်မထပ်ချင်တဲ့ မိန်းကလေးတွေ လာရောက် နေထိုင်ကြတဲ့ ရွာလေးဖြစ်ကြောင်း၊ ကျေးရွာလေးတစ်ခုလုံးမှာ မိန်းကလေးတွေသာ ရှိပြီး ယောကျာ်းတစ်ဦးမှ မရှိကြောင်း၊ ကျေးရွာရှိ မိန်းကလေးတွေ အားလုံးဟာ အပျိုကြီးတွေသာ ဖြစ်ပြီး ယောကျာ်းတွေကို စိတ်ကုန်လို့ သီးသန့်နေထိုင်ချင်သူတွေ ဖြစ်ကြောင်းနဲ့ မိန်းကလေးတွေဟာ စိုက်ပျိုးရေး လုပ်ငန်းတွေကို ကိုယ်တိုင်လုပ်ကိုင်ပြီး မည်သူကိုမှ အားကိုးခြင်း မရှိဘဲ နေထိုင်နေတာ ဖြစ်ကြောင်း”လို့ ရေးသားပြီး “Kyaw Thu Chin” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက  အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

Googleမှာ အဓိကကျတဲ့ စကားလုံးကို သုံးပြီး ရှာကြည့်ရာမှာ ဘရာဇီးနိုင်ငံ  “Noiva Do Cordeiro” ရွာလေးမှာ မိန်းမလှလေးတွေချည်းပဲနေထိုင်ပြီး မိန်းမလှတွေဟာ သူတို့နဲ့ လက်ထပ်ဖို့ အမျိုးသား အသဲအသန် ရှာဖွေနေတယ်လို့ ၂၀၁၄ ခုနှစ်ကတုန်းက ဘလော့ဂ်ပို့စ်နဲ့ သတင်းဝက်ဘ်ဆိုဒ်တွေမှာ ဖြန့်ဝေခဲ့ဖူးတာ တွေ့ရပါတယ်။

ဖြန့်ဝေခဲ့တဲ့အထဲမှာ ဗြိတိန်အခြေစိုက်နာမည်ကြီး Mail Online လို Metro လို သတင်းဝက်ဘ်ဆိုဒ်တွေ လည်းပါဝင်ခဲ့ပါတယ်။

ဒီလို နိုင်ငံတကာမှာ ပျံ့နှံ့ခဲ့ပြီးနောက် ဘရာဇီးအခြေစိုက် BBC Brasil က ဒေသခံရွာသူတွေကို မေးမြန်းခဲ့ ဖော်ပြခဲ့ရာမှာ ရွာမှာ အမျိုးသမီးတွေချည်းဆိုတာမဟုတ်ဘဲ စုစုပေါင်း လူဦးရေ ၆၀၀ ဝန်းကျင်မှာ ကျား ၃၀၀၊ မ ၃၀၀ အချိုးကျ  နေထိုင်နေပြီး၊ အသက်အရွယ်အားဖြင့် သာမန်ရွာတစ်ရွာလိုပဲ ကလေး၊လူကြီး အစုံရှိတယ်ကြောင်းနဲ့ အခုသတင်းတွေမှာပျံ့နှံ့နေသလို လက်ထပ်မယ့် အမျိုးသားကို အသည်းအ သန်ရှာနေတယ်ဆိုတာ မဟုတ်ကြောင်းဖော်ပြခဲ့ပါတယ်။ ဘရာဇီးအခြေစိုက် အချက်အလက်စိစစ်‌ရေးဝက်ဆိုက် ဖြစ်တဲ့ E-farsas.com ကလည်းအချက်အလက်စိစစ်ရေးဝက်ဘ်ဆိုဒ်၊ BBC Brasil တို့ကိုအခြေခံပြီးအချက်အ လက်စိစစ်ထားတဲ့ Factly ရဲ့ အင်္ဂလိပ်ဘာသာနဲ့အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာတွေ့ရပါတယ်။

မူရင်းလင်ခ့် – BBC BrasilArchive link  

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဘရာဇီးနိုင်ငံက Nolva Do Cordeiro ရွာလေးမှာ အမျိုးသမီးတွေချည်း သီးသန့်နေထိုင်တာမဟုတ်ပါဘူး။ ထို့အတူ ယောကျ်ားတွေကို စိတ်ကုန်တဲ့ အမျိုးသမီးတွေချည်းပဲ လာရောက်နေထိုင်နေတယ်ဆိုတာလည်းမဟုတ်ပါဘူး။ 

ပြောဆိုချက် – ယောက်ျားတွေကို စိတ်ကုန်လို့ အမျိုးသမီးတွေချည်းနေထိုင်တဲ့ ဘရာဇီးနိုင်ငံက Nolva Do Cordeiro ရွာ

Avatar

Title:Fact Check: ဘရာဇီးက အမျိုးသမီးသီးသန့်နေထိုင်တဲ့ရွာဆိုတာမဟုတ်ပါ

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *