Archives

Fact Check: အာဆီယံက နေပြည်တော်အစိုးရကို ပြင်းပြင်းထန်ထန်အရေးယူတဲ့ သတင်းတု

မြန်မာစစ်သံမှူးတွေကို အာဆီယံက ဖမ်းဆီးလိုက်ပြီး ဘုံသဘောတူညီချက်တွေ မလိုက်နာလို့ မြန်မာကို အာဆီယံအဖွဲ့တွင်းကနေလည်း နှင်ထုတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “မြန်မာ စစ်သံမှူးတွေ အာဆီယံ ဖမ်းဆီး  ဘုံသဘောတူညီချက် မလိုက်နာလို့ မြန်မာကို အာဆီယံမှ နှင်ထုတ် ၊  သံရုံးအရာရှိတွေ အကုန်ဖမ်းဆီး ၊ပွဲဆူနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ […]

Continue Reading

Fact Check: စစ်မှုထမ်း ဥပဒေ ရုပ်သိမ်းကြောင်း တပ်ချုပ်ရဲဝင်းဦး ကြေညာတဲ့ သတင်းတု

စစ်မှုထမ်း ဥပဒေကို ရုပ်သိမ်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိ နေခြင်း ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုမှာ ဖော်ပြထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “စစ်မှုထမ်းဥပဒေ ရုတ်သိမ်းကြောင်း ကြေညာ  တပ်ချုပ်ရဲဝင်းဦး အမိန့်နဲ့ ဖျက်သိမ်း ၊ ပြသာနာ တက်နေကြပြီ ၊  လက်နဲ့ရေးတာ ခြေနဲ့မဖျက်ဖို့ မင်းအောင်လှိုင်ဒေါသထွက်” Original link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဗွီဒီယိုရဲ့ ပထမ ၂ မိနစ် ၂၈ စက္ကန့်မှာ စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းတဲ့အကြောင်း သတင်းပုံစံနဲ့ ပြောဆိုတင်ဆက်ထားပေမဲ့ ဒီအကြောင်းအရာဟာ လုံးဝလုပ်ကြံရေးသား […]

Continue Reading

Fact Check: စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာကို လေယာဉ်နဲ့ပစ်ခတ်နေတဲ့ ရုပ်သံဆိုတဲ့ ဗွီဒီယိုသတင်းမှား 

စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာကို လေယာဉ်နဲ့ပစ်ခတ်နေတဲ့ ရုပ်သံဆိုပြီး ဗွီဒီယိုတခု ပျံ့နှံ့နေတာဟာ မှားယွင်းပြောဆိုမှုတခုဖြစ်တာတွေ့ရတယ်။ ဗွီဒီယိုထဲမှာ ရဟတ်ယာဉ် တစီးပေါ်ကနေ ဒုံးကျည်တွေ  ပစ်လွှတ်နေပုံကို လေယာဉ်မှုးခန်းကနေရိုက်ကူးထားဟန်ရှိတဲ့ မြင်ကွင်းကို တွေ့ရပါတယ်။ အမှန်တကယ်မှာတော့ ဗွီဒီယိုပါမြင်ကွင်းမှာ မာလီနိုင်ငံက ဖြစ်စဉ်တခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။   “မအ-လ-တွေဆိုတာ လက်နက်မဲ့ပြည်သူတွေရဲ့ ရွာတွေကို အပေါ်စီးကနေ ဒီလိုတည့်တည့်ချိ_န်ပ+စ်တာ။ ဒီရုပ်သံဟာ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာကို လေယာဉ်နဲ့ပစ်ခတ်နေတာလို့ သိရပါတယ်။” Original link | Archive link အချက်အလက်စိစစ်ချက် ဖြန့်ဝေထားတဲ့ ဗွီဒီယိုကို Google မှာ အရင်က ပျံ့နှံ့ခဲ့ဘူးခြင်းရှိ၊မရှိ ရှာဖွေကြည့်ရာမှာ  တူညီတဲ့ မြင်ကွင်းပါတဲ့ ဒီဗွီဒီယိုဟာ ၂၀၂၆ ခုနှစ် […]

Continue Reading

Fact Check: PDF နဲ့ NUG က နာမည်ကို အလွဲသုံးစားလုပ်ပြီး အာဏာရူးကာ အကြမ်းဖက်နေကြောင်း သမ္မတဦးဝင်းမြင့်ပြောတဲ့ သတင်းတု 

 PDF နဲ့ NUG က သူ့အမည်ကို အလွဲသုံးစားလုပ်ကာ အာဏာရူးပြီး နိုင်ငံကို ဖျက်ဆီးအကြမ်းဖက်လုပ်နေကြောင်း သမ္မတ ဦးဝင်းမြင့်ကပြောကြားလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဇွန် ၁၂ ရက်က ဖေ့စ်ဘွတ်မှာ မျှဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းခဲ့တာ တွေ့ရတယ်။ သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။  ဒီလိုပြောဆိုချက်တွေပါဝင်တဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “pdf,nug တွေက အမည်ကို အလွဲသုံးစားလုပ်ကာ အာဏာရူးပြီး နိုင်ငံကို ဖျက်ဆီးအကြမ်းဖက်လုပ်နေကြောင်း သမ္မတဟောင်းလွတ်ငြိမ်း ဦးဝင်းမြင့်က ပြောကြားလိုက်သည်” Original link | Archive link အချက်အလက်စိစစ်ချက် အခုလို ပြောဆိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်အကောင့် လေ့လာကြည့်ရာမှာ  မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်တဲ့ အကောင့်တု တခုဖြစ်နေပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ NUG/PDFတွေကို […]

Continue Reading

Fact Check: ရဟတ်ယာဉ် ပစ်ချခံရမှုမှာ ဒုတပ်ချုပ် ကျော်စွာလင်း သေဆုံးတဲ့ သတင်းတု

ရဟတ်ယာဉ် ပစ်ချခံရမှုမှာ ဒုတပ်ချုပ် ကျော်စွာလင်း သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ယူကျူ့မှာဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “စစ်တပ်ရဲ့ အကြီးဆုံး ရဟက်ယာဉ် ပစ်ချ ဒုတပ်ချုပ် ကျော်စွာလင်း သေဆုံးကြောင်း သတင်းထွက်ပေါ် ၊ စစ်ရုံးချုပ်အတွင်းပွဲဆူပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ်ဖြန့်ချိပါတယ်။ တခါတရံမှာ လုပ် ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းတွေကို ရောနှောဖြန့်ချိလေ့ ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ Fact Crescendo Myanmar က […]

Continue Reading

Fact Check: ၁၀၂၇ စစ်ဆင်ရေး ပြန်စပြီး  လားရှိုးနဲ့ ပြင်ဦးလွင်ကို ညီနောင်သုံးဖွဲ့ ပြန်တိုက်ပြီဆိုတဲ့ သတင်းတု

လားရှိုးနဲ့ ပြင်ဦးလွင်ကို တိုက်ခိုက်မှုစတင်လိုက်သလို NUG အစိုးရနဲ့အတူ ပူးပေါင်းပြီးလို့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့က တရားဝင်စစ်ကြေညာခဲ့တာကြောင့် မြန်မာစစ်တပ်က တရုတ်အစိုးရကို ကြားဝင်ဖြန့်ဖြေပေးဖို့ ပန်ကြားလိုက်တယ်လို့ ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “1027 နောက်ဆုံးလိုင်း ပြန်စပြီး တပ်စခန်း ၉ သိမ်း စစ်တပ်က တရုတ်ကြားဝင်ပေးရန် အရေးပေါ် တောင်းဆို လားရှိုးနဲ့ ပြင်ဦးလွင်ကို ညီနောင် သုံးဖော် ပြန်တိုက်ပြီ NUG အစိုးရနဲ့အတူ ပူးပေါင်းပြီးဟု တရားဝင်စစ်ကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက်  တကယ်တမ်းမှာ […]

Continue Reading

Fact Check: ပဲခူးမြို့အထိ AA တိုက်ခိုက်သိမ်းပိုက်တဲ့ သတင်းတု

ပဲခူးမြို့အထိ အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ  ပျံ့နှံ့မှု ပြန်လည်အားကောင်းနေတယ်။ သတင်းတုသာဖြစ်တယ်။   ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။   “ပဲခူးမြို့အထိ AA တက်သိမ်းနေပြီ ကျောက်ဖြူမြို့ သိမ်းပိုက်အပြီး ပြည်မဘက်ကို AA စတိုက်ပြီ ၊ အရာရှိတွေအပါဝင် (၅၀၀) ကျော် လက်နက်ချ”  Original link | Archive link အချက်အလက်စိစစ်ချက် ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုထားတဲ့ သတင်းတွေနဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းကို ရောနှောဖြန့်ချိလေ့ရှိပါတယ်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ပြန်လည် လွတ်မြောက်လာတဲ့ သတင်းတု 

သူ့ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ဇွန် ၁၉ ရက်မှာ ပျံ့နှံ့မှု ပြန်လည်အားကောင်းခဲ့တာ တွေ့ရတယ်။ သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။  ဒီလိုပြောဆိုချက်တွေပါဝင်ပြီး တစ်တော့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုတခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း မျှဝေထားတယ်။  “ဒေါ်အာင်ဆန်းစုကြည်ကို ပြန်လွတ်ပေးကြောင်း သတင်း တွေ ထွက်ပေါ် ခြံအမှတ် (၅၄)ကို ပို့ဆောင်ပေးကြောင်း MRTV ကနေ ကြေညာ ၊ ပြည်သူသိန်းချီ ကြိုဆိုနေကြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံး “Khit Thit Media”အမည်နဲ့ ဒီတစ်တော့အကောင့်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အမည်နာမနဲ့ အမှတ်တံဆိပ်တို့ကို […]

Continue Reading

Fact Check: အမေရိကန်နဲ့ တရုတ်ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး မြန်မာ စစ်အုပ်စု ကြေညာတဲ့ သတင်းတု

အမေရိကန်နဲ့ တရုတ်ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး မြန်မာစစ်အုပ်စုက ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။ ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “တစ်နိုင်ငံလုံး အပစ်ရပ်စဲခြင်း စတင်ကြေညာ အချက် ၃ ချက် အတည်ပြု အမေရိကန်နဲ့ တရုတ် ဦးဆောင်မည် စစ်တပ်ထိန်းချုပ်မှု အောက်ကနေ လွတ်ရတော့မည် တစ်နိုင်ငံလုံး စစ်သံတိတ် ရတော့မည်” Original link | Archive link အချက်အလက်စိစစ်ချက် အမေရိကန်နဲ့ တရုတ်ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး မြန်မာစစ်အုပ်စုက ကြေညာလိုက်တယ် ဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khit Thit”အမည်နဲ့ […]

Continue Reading

Fact Check: မော်လ်တာက မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကို ကောင်းတပ်ရွာပေါက်ကွဲမှု အဖြစ် မျှဝေနေတဲ့ ဗွီဒီယိုသတင်းမှား

TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ  ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးအတွင်း လူပေါင်းများစွာ သေဆုံးခဲ့ရမှုသတင်းဟာ လူမှုကွန်ရက်အသုံးပြုသူတွေအကြား ပြောဆိုမျှဝေမှုများပြားခဲ့ပြီး ဒီအထဲမှာ ပေါက်ကွဲမှုတခုကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတခုလည်းပါဝင်တယ်။ ဒါပေမဲ့ အဲ့ဒီဗွီဒီယိုဟာ မော်လ်တာ(Malta)နိုင်ငံမှာ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုဖြစ်စဉ်က ဖြစ်တာတွေ့ရတယ်။  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ကောင်းတပ်ရွာ ပေါက်ကွဲမှုဆိုတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ မူလမျှဝေမှုကို ဒီနေရာမှာတွေ့ရတယ်။   “”31/5/2026. နမ့်ခမ်း ကောင်းတပ်ရွာ ပေါက်ကွဲမှု” နမ်းခမ်းTNLA.လက်ပစ်ဗုံးထုတ်လုပ်ရာဝါရာရှော့ဖြစ်ပီးပေါက်ကွဲ.တရုတ်ပညာရှင်(25)ဦးနဲ့(170)ဦးသေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် အဲဒီပိုစ့်မှာ ၇ စက္ကန့်ကြာတဲ့ အကြီးစားပေါက်ကွဲမှု ဗွီဒီယိုတစ်ခုပါဝင်ပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့တာတွေ့ရတယ်။ ဒီဗွီဒီယိုပါ မြင်ကွင်းတွေကို  ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၂၆ ခုနှစ် ဇွန် […]

Continue Reading