Fact Check: စစ်ခေါင်းဆောင် မူးလဲကျပြီး သေဆုံးဆိုတဲ့ သတင်းတု
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မူးလဲကျပြီး သေဆုံးမှုဆိုပြီး ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “ရုပ်ရှင်ဆန်ဆန် မူးလဲပြီး သေဆုံး ခုမှ သိရလို့ တစ်ိုင်ငံလုံး ပြည်သူတွေ ထခုန်နေကြပြီ မင်းအောင်လှိုင် မူးလဲပြီး ဆေးရုံမှာ မသေမရှင်ဖြစ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလိုပြောဆိုဖြန့်ချိတာ၊ လုံဝ လုပ်ကြံပြောဆိုတာတွေပြုလုပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို […]
Continue Reading
