Fact Check: ရေကြီးရေလျှံမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် လွတ်မြောက်လာဆိုတဲ့ သတင်းတု 

False နိုင်ငံရေး၊

နေပြည်တော်နဲ့ တောင်ငူထောင်မှာ ရေကြီးရေလျှံကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတယ်လို့ ဆိုလိုထားတဲ့ သတင်းတု  ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဆက်တိုက် ဖြန့်ချိလာတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီအပြင် ‌ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက် ‌ရေဘေးသင့်ဒေသတွေကို သွားရောက်မှုဆိုပြီးတော့လည်း ဖြန့်ဝေခဲ့ပါသေးတယ်။ 

“ဝမ်းသာလိုက်တာ

နေပြည်တော်တခုလုံးရေကြီးနေတဲ့အချိန်မှာ 

လူယုံတစ်ဦးက အမေစု ကို အကျဉ်းထောင်မှ ကယ်ထုတ်လိုက်ပြီ”

C:\Users\User\Downloads\Firefox_Screenshot_2024-09-17T03-47-55.025Z.png

မူရင်းလင်ခ့် – Youtube link | Archive link

ဒီယူကျူ့ချန်နယ်မှာပဲ တောင်ငူတမြို့လုံးရေကြီးနေချိန် သမ္မတ ဦးဝင်းမြင့်ကို လူယုံတဦးက ကယ်ထုတ် လာတယ်ဆိုတဲ့ အလားတူပြောဆိုဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

“တောင်ငူတမြို့လုံးရေမြုပ်နေတဲ့အချိန်မှာ

သမ္မတဦးဝင်းမြင့်ကို လူယုံတဦးက ကယ်ထုတ်

ဝမ်းသာလွန်းလို့မျက်ရည်ပါကျတယ်”

C:\Users\User\Downloads\Firefox_Screenshot_2024-09-17T03-51-40.901Z.png

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကိုပဲ ပြန်လည်ကူးယူဖော်ပြီး ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။

Also read – Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်က ကယ်ထုတ် ဆိုတဲ့ သတင်းတ

တကယ်တမ်း နေပြည်တော်တခုလုံး ရေကြီးနေချိန် ဒေါ်အောင်ဆန်းစုကြည်ကို ဗွီဒီယိုမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ “နေပြည်တော်တွင် ရေကြီးမှုကြောင့် ၄၂ ဦးသေဆုံးဟု စစ်ကောင်စီ ထုတ်ပြန်ပြောဆိုသော်လည်း အမှန်တကယ် သေဆုံးသူ ပိုမိုများပြားနိုင်ဟုဆို”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်ခဲ့တဲ့အကြောင်းမပါဝင်ပါဘူး။ အောက်ပါစခရင်ရှော့ဓာတ်ပုံကို ကြည့်ပါ။

C:\Users\User\Downloads\Untitled.png

ဒီလိုပဲ တောင်ငူတမြို့လုံးရေကြီးနေချိန် သမ္မတဦးဝင်းမြင့်ကို လူယုံတဦးက ကယ်ထုတ်ခဲ့တယ်ဆိုတဲ့ ဗွီဒီယိုထဲမှာတော့ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်တောင်းမြစ်ရေကြောင့် တောင်ငူခရိုင်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများ ရေနစ်မြုပ်နေပြီး ပိတ်မိသူများနှင့် သေဆုံးသူများရှိ”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။

Also read – Fact Check: ဆိုက်ကလုန်း မိုခါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်တဲ့ သတင်းမှား

သုံးသပ်ချက်

ဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည် လွတ်မြောက်လာပြီဆိုတဲ့ အထောက်အထားမရှိပါဘူး။

Avatar

Title:Fact Check: ရေကြီးရေလျှံမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် လွတ်မြောက်လာဆိုတဲ့ သတင်းတု

Written By: Zun Zee  

Result: False