
မြန်မာနိုင်ငံက ရေဘေးဒုက္ခတစ်ခုမှာ ဖခင်ဟာ သူ့ရဲ့ကလေးကို ဇလုံတစ်ခုထဲမှာထည့်ပြီး သယ်ဆောင် လာတဲ့ဓာတ်ပုံဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ ဒီလို ဓာတ်ပုံပျံ့နှံ့ လာချိန်ဟာ မြန်မာနိုင်ငံမှာ ဇူလိုင်လကုန်ပိုင်းမှာ နေရာအတော်များများ ရေကြီးနစ်မြှုပ်မှု အချို့ဖြစ်ပေါ်ခဲ့ချိန်နဲ့ ကိုက်ညီနေပြီး လူအများအကြာရေပန်းစားခဲ့တာဖြစ်ပါတယ်။
သို့သော် ဒီဓာတ်ပုံဟာ မြန်နိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိဘဲ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းက ဖိလစ်ပိုင်ရေကြီးမှု ဖြစ်စဉ်က ဓာတ်ပုံဖြစ်ပါတယ်။
“မြန်မာနိုင်ငံရေဘေးဒုက္ခတွေကြားက ဖခင်တစ်ယောက်ရဲ့ဖြူစင်လှပလွန်းတဲ့ ပေးဆပ်သော ချစ်ခြင်း မေတ္တာ….Photo crd”လို့ရေးသားပြီး “စွယ်စုံသုတ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၂၀၀ ဝန်းကျင် ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလထဲမှာ ဖိလစ်ပိုင်ရေတပ် စစ်သား တစ်ယောက်က ကလေးငယ်ကို ဇလုံထဲထည့်သယ်နေပုံဖြစ်တာတွေ့ရပါတယ်။

ဒီဓာတ်ပုံကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ Facebook စာမျက်နှာမှာလည်း မျှဝေထားပါတယ်။
မူရင်းလင်ခ့် – Philippine Coast Guard | Archive link
ထို့အပြင် တိုက်ဖွန်း Vamco သို့မဟုတ် တိုက်ဖွန်း Ulysses လို့ဖိလစ်ပိုင်မှာသိကြတဲ့ ဒီမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ ၅၃ ယောက်ထက်မနည်းသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းမှာ ရိုက်တာသတင်းဌာနက ထိုအချိန်က ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
ဓာတ်ပုံစာသားအဖြစ် “တိုက်ဖွန်း Vamco အပြီးမှာ Cagayan ချိုင့်ဝှမ်းဒေသမှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ကူညီကယ်ဆယ်ရေးဆောင်ရွက်စဉ်”လို့ရေးသားထားပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ဖွန်း Vamco ကာလမှာ ကလေးငယ်ကို ဖိလစ်ပိုင်ရေတပ်စစ်သားတစ်ယောက်က ကယ်ဆယ်နေပုံဖြစ်တာတွေ့ရပါတယ်။

Title:ဖိလစ်ပိုင်မှာရေကြီးနစ်မြုပ်မှုမှ ကလေးငယ်ကယ်ဆယ်မှု မှတ်တမ်း ဓာတ်ပုံကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်မျှဝေ
Fact Check By: Zun ZeeResult: False