Archives

Fact Check: ဆန္ဒပြတာမအောင်မြင်ဘဲ အသေခံမယ့်သူတွေလိုအပ်လို့ NLD ထုတ်ပြန်ဆိုတဲ့ ရုံးစာအတု

၂၂.၂.၂၀၂၁(၂ ငါးလုံး)အထွေထွေသပိတ်မအောင်မြင်လို့ နောက်ထပ် အသေခံမယ်လုပ်မယ့်သူတွေ ဆက်သွယ် ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ထုတ်ပြန်ချက်အဖြစ် ဖေ့စ်ဘွတ်မှာ မျှဝေနေတာ တွေ့ရပါတယ်။  သို့သော်လည်း ဒီစာဟာ အတုပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ၂၂.၂.၂၀၂၁ မှာ အထွေထွေသပိတ်ပေါ်ပေါက်လာမယ်လို့ မျှော်မှန်းခဲ့ပေမဲ့ လူထုအားလုံးမပါဝင်ခဲ့လို့ မအောင်မမြင်ဖြစ်ခဲ့တဲ့နောက် အသေခံရဲသူများနဲ့ ဆက်လက်တိုက်ပွဲဝင် မှာဖြစ်တဲ့အတွက် ၂၇.၂.၂၀၂၁ နောက်ဆုံးထားစာရင်းပေးကြဖို့ စသည်ဖြင့် ရေးသားထားပါတယ်။  ဖေ့စ်ဘွတ်မှာ ပျံ့နှံခဲ့တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် အခုလိုထုတ်ပြန်ချက်စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ National League For Democracy မှာမတွေ့ရပါဘူး။ ဒီစာဟာအတုဖြစ်ကြောင်း NLD […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့ ဝါဒဖြန့်သတင်းတု

လေယာဉ်လက်မှတ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ နာရေးအခမ်းအနားတစ်ခု၊ ခေါင်းလောင်းထိုးနေဟန်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အစစ်နဲ့အတုသံသယရှိဖွယ်အကြောင်းအရာများဆိုပြီးတော့ ရေးသားမျှဝေထားတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။   ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ အငယ်ဆုံးသားဖြစ်သူ မူးယစ်ဆေးမှုနဲ့ အဖမ်းခံရပြီး သေဒဏ်ကျခံဖို့ရှိပြီးနောက် သေဒဏ်က နေ လွတ်မြောက်ဖို့ အမေရိကန်ထောက်လှမ်းရေး(CIA)နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပေးအယူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အခြားသူတစ်ဦးက ဟန်ဆောင်ထားခြင်းဖြစ်တယ်လို့ ရေးသားထားပြီး ဒေါ်အောင်ဆန်း စုကြည်ကွယ်လွန်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ကြောင်း စသည်ဖြင့်ရေးသားထားပါတယ်။ တကယ်တော့ ဓာတ်ပုံတွေဟာ အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီးဖြစ်တဲ့ဓာတ်ပုံတွေဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ မသက်ဆိုင်တဲ့ ပုံတွေလည်းပါဝင်ပါတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေး သားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ဒီရေးသားမျှဝေချက်တွေထဲက ကောက်နုတ်ချက်အနေနဲ့ဖော်ပြရရင် “၂၀၁၇ က ဒေါ်စု သားအငယ်ကောင် […]

Continue Reading

Fact Check: နေပြည်တော်က တပ်ထောက်ခံပွဲပုံကို အခြားသောမြို့နယ်တွေ မှာလုပ်တဲ့ပွဲအဖြစ်ဖော်ပြ

ကန့်ဘလူမြို့ရဲ့ သောင်းနဲ့ချီတဲ့ တပ်မတော်ထောက်ခံသူများလို့ရေးသားပြီး ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေထားရာ ဒီပို့စ်ကို ထောင်ဂဏန်းဝန်းကျင်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။  တကယ်တော့ ဒီဓာတ်ပုံဟာနေပြည်တော် တပ်ထောက်ခံပွဲပုံတွေဖြစ်ပါတယ်။ “ထင်မှတ် မထားရအောင် များပြားလားတဲ့ ကန့်ဘလူမြို့ရဲ့ သောင်း နဲ့ချီတဲ့ တပ်မတော်ထောက်ခံသူများ ၏ ပုံရိပ်တချို့”လို့ ရေးသားပြီး “Ko Zaw Min”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဖေဖော်ဝါရီ ၁၂ ရက်မှာမျှဝေထား ရာမှာ ပြန်လည်မျှဝေသူ ၂ ထောင်ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဓာတ်ပုံဟာ ဖေဖော်ဝါရီ ၄ ရက်က နေပြည်တော်မှာ တပ်မတော်ထောက်ခံပွဲအဖြစ်ဖော်ပြထားပါတယ်။ Mizzima သတင်းဌာနက တွစ်တာစာမျက်နှာမှာ “ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး […]

Continue Reading

Fact Check: အာဖဂန်နှင့်အီရန်အကြား ဆီသယ်ယာဉ်ကားမီးလောင်မှုပုံကို တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမီးရှို့မှုအဖြစ်သတင်းမှားဖြန့်

တရုတ်သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း မီးရှို့ခံရတယ်ဆိုပြီးတော့ မီးလောင်နေတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ ဖေ့စ်ဘွတ် မှာ ရေးသားမျှဝေနေပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းပုံမဟုတ် သလို သတင်းဟာလည်း အထောက်အထားမရှိပါဘူး။ “အခုပါ ရန်ကုန် မန္တလေး အမြန်လမ်း ဓါတ်ငွေ စက်ရုံ နဲ့ ၆၅ မိုင်အကွာ မန္တလေး အဝင်ဘက်အခြမ်း မိုင် ိုင် ၂၃၆/၂၃၇ × ၄ဖာလုံ မှာပါ ဖေဖဝါရီ ၂၀ မနက် ဆယ်နာရီ မိနစ်သုံးဆယ် ခန့် ကလောင်သွားတာပါ မီးအရမ်းများပါတယ် မီးသတ်များက CDM မှာပါနေလို့ မီးသတ်မယ့်သူမရှိဟု ဒေသခံတွေကပြောပါတယ် ကားတစ်စီးနဲ့ လူတစ်စု မနက် ခြောက်နာရီလောက်ထဲက ပိုင်လိုင်းနားမှာ ယောင်လည်လည် ဖြစ်နေတယ်လို့ မျက်မြင်တစ်ဦးက […]

Continue Reading

Fact Check: ရခိုင်ပြည်နယ်မြို့နယ်အချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတယ်လို့ ဖြန့်ဝေ

ရခိုင်ပြည်နယ်မြို့နယ်အချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်တယ် ဆိုပြီးတော့ လူမှုကွန်ယက်မှာ ရေးသားမျှဝေလျက်ရှိတာတွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၅ ရက်က အခုလိုပြောခဲ့တာလို့ ရေးသားထားပါတယ်။ အာဏာသိမ်းပြီးဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီနဲ့ပတ်သက်တဲ့ သတင်းတွေမျှဝေနေတဲ့ “Done New Chance”အမည်နဲ့စာမျက်နှာက “စစ်ဗိုမှူးချုပ်ကြီး မင်းအောင်လှိုင် သည် ဒီနေ့ ၁၅.၂.၂၁ နေ့က ရခိုင်ပြည်နယ် ၏ မြို့ အနည်းငယ်ကို  ကိုယ်ပိုင် အုပ်ချုပ် ခွင့် နှင့် လွတ်လပ်ခွင့် ပေးရန် AA နှင့် ကန့်လန့် ထားကြောင်းသိရှိရပါသည်။”(မူရင်းအရေးအသား) လို့ ရေးသားမျှဝေထားပါတယ်။ “နှလုံးသားထဲက ရခိုင် Arakan Music”အမည်နဲ့စာမျက်နှာကလည်း screenshot ရိုက်ပြီးပြန်လည်မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၇၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက စစ်အာဏာသိမ်းထောက်ခံပွဲက မဟုတ်ပါ

စစ်အာဏာသိမ်းမှုကို နိုင်ငံအနှံ့ ဆန့်ကျင် ဆန္ဒပြလျက်ရှိချိန်မှာ တပ်မတော်ထောက်ခံပွဲဆိုပြီးတော့လည်း တန်ပြန်ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ လှည်တန်းက တပ်မတော်ထောက်ခံပွဲလို့ ရေးသားမျှဝေထားတာတွေ့ရပါတယ်။  တကယ်တော့ ဒီဓာတ်ပုံတွေဟာ ဒီမိုကရေစီအရေးနဲ့ စစ်အာဏာသိမ်းရှုတ်ချမှု ဆန္ဒပြ ပုံတွေဖြစ်ပါတယ်။ “ယနေ့…  လှည်းတန်း…  တပ်မတော်ထောက်ခံပွဲ… 🇲🇲(အောင်ပွဲရ တပ်မတော်ကြီးအား         ထောက်ခံပါ၏)🇲🇲 အဲ့ဒေါဏီ”လို့ ရေးသားပြီး “Daw EiEi Mon” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၁၃ ရက်မှာ မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဓာတ်ပုံတွေဟာ  ဖေဖော်ဝါရီ ၁၁ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံဖြစ်ပါတယ်။  ဒီဓာတ်ပုံ ပျံ့နှံ့ခဲ့ပုံကို လေ့လာကြည့်ရာမှာ ပျံ့နှံ့ခဲ့တဲ့ […]

Continue Reading

Fact Check: ဆန္ဒပြသူတွေကို ပြတ်ပြတ်သားသားနှိမ်နှင်းဖို့ သမ္မတဦးဝင်းမြင့် အမိန့်ပေးခဲ့တယ်ဆိုပြီး သတင်းတုဖြန့်

သမ္မတဦးဝင်းမြင့်က ဆန္ဒပြသူတွေကို ပြတ်ပြတ်သားသားနှိမ်နှင်းဖို့ အမိန့်ပေးခဲ့တယ်ဆိုပြီး လူမှုကွန်ယက် အသုံးပြုသူများအကြားမျှဝေနေတာတွေ့ရပါတယ်။သို့သော်လည်း ဒီလိုရေးသားမျှဝေချက်ဟာ သတင်းတု ဖန်တီးမျှဝေနေတာဖြစ်ပါတယ်။ “သူ့ကို သမ္မတကြီးအဖြစ် ဆက်အသိအမှတ်ပြုဖို့ ပြောနေသူတွေ သူပေးခဲ့တဲ့အမိန့်ကိုလည်း ဆက်လိုက်နာခိုင်းရမှာနော် If he is to be still regarded as President, shall his orders be still enforced as well? Aye NeWin”လို့ရေးသားပြီး “Aye NeWin – အေးနေဝင်း”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ တူညီတဲ့ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဇန်နဝါရီလထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီတာဝန်ရှိသူတွေကို ဦးတည်ပြီး အခုလို သတင်းစာ […]

Continue Reading

Fact Check: သံဃာတွေဆန္ဒပြနေတဲ့ ဒီပုံက လက်ရှိစစ်အာဏာသိမ်း ဆန္ဒမှုက မဟုတ်ပါ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံအနှံ့မှာ ဆန္ဒပြမှုတွေဖြစ်ပေါ်လျက်ရှိပြီး မန္တလေးမှာ ဖေဖော် ဝါရီ ၁၀ ရက်က သံဃာတော်တွေ ဆန္ဒပြခဲ့တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ သံဃာတွေဆန္ဒပြမှုအဖြစ်  လူမှုကွန်ယက်မှာ မျှဝေလာတာတွေ့ရပြီး နားလည်မှုလွဲစေနိုင် တာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “10/2/2021”လို့ ရေးသားပြီး “Min Min Kayw ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဖေဖော်ဝါရီ ၁၀ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ  ၁ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းမှုကို လက်တလောဆန္ဒပြမှုနဲ့ ဖေဖော်ဝါရီ ၁၀ ရက်က မန္တလေးမှ သံဃာတွေ ဆန္ဒပြတာကို တွေ့ရပါတယ်။ ဒီလင့်ခ်မှာလည်းကြည့်နိုင်ပါတယ်။ ရန်ကုန်မှာ […]

Continue Reading

Fact Check: ဦးဇော်ဌေး ထိုင်းကိုထွက်အပြေးတာဖမ်းမိတယ်ဆိုတဲ့ photoshop ဓာတ်ပုံ

စစ်အာဏာသိမ်းအပြီးမှာ သမ္မတဦးဝင်းမြင့်အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)က အလုပ်အမှုဆောင်တွေအဖမ်းခံထားရပြီး အရပ်ဖက်အဖွဲ့အစည်းက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေဟာ ပုန်းရှောင်နေရပါတယ်။ ဒီလိုအခြေအနေမှာပဲ သမ္မတရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ထိုင်းကို ထွက်ပြေးစဉ်မှာ ဘောင်းဘီတစ်ထည့်ငွေသားအချို့နဲ့ ဖမ်းဆီးလိုက်တယ်ဆိုပြီး ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ photoshop ဓာတ်ပုံတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်းအလားတူမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Yandex မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီဓာတ်ပုံဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အကြောင်းဖော်ပြထားတဲ့ ရုရှားဘာသာနဲ့ ခရီးသွားဆောင်းပါးတစ်ပုဒ်က ပိုးလုံချည်ဝတ်အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံကိုအသုံးပြုပြီးအတုဖန်တီး ထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် –  Turbina.ru |  Archive link ၂၀၁၈ ခုနှစ်က ရုရှားဘာသာနဲ့ဆောင်းပါးမှာပါတဲ့ မူရင်းဓာတ်ပုံနဲ့ […]

Continue Reading

Fact Check: ထိုင်းမှာ အမေရိကန် စစ်သား ၅၀၀၀၀ ရောက်နေတယ်ဆိုတာ မဟုတ်ပါ

စစ်အာဏာသိမ်းမှုအပြီး အမေရိကန်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ဆန္ဒပြသူတွေဘက်က ရပ်တည် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကကြေညာထားပြီး မြန်မာလူထုဘက်က အာဏာသိမ်း ခေါင်းဆောင်တွေကို စစ်ရေးအရအရေး ယူဖို့တောင်းဆိုမှုတွေလည်း ထုတ်ပြန်ချက်အောက်က မှတ်ချက် တွေမှာ တွေ့ရပါတယ်။  ဒီလိုအခြေအနေမှာ အမေရိကန် စစ်သား ၅၀၀၀၀ ထိုင်းကိုရောက်လာပြီဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလာတာတွေ့ရပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအတွင်းမှာ အမေရိကန်နိုင်ငံက မြောက်ကာရိုလိုင်းနား ပြည်နယ်မှာ ညဘက်လေထီးခုံစစ်ရေးလေ့ကျင်မှုအတွက် ပြင်ဆင်နေပုံဖြစ်ပါတယ်။ “ထိုင်းမှာ အမေရိကန်စစ်သား (50000)ရောက်နေတယ်ဆိုတာ သတင်းအမှန်ပါတဲ့ ”လို့ ရေးသားပြီး “San Min ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဖေဖော်ဝါရီ ၅ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ  ၁ သောင်း ၂ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် […]

Continue Reading