Fact Check: ICJ မှာ အမှုရှုံးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ လွှတ်ပေးတဲ့ သတင်းတု
နိုင်ငံတကာ တရားရုံး(International Corut of Justice-ICJ)မှာ တရားစွဲခံရမှုမှာ အမှုရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လွှတ်ပေးလိုက်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်မှုရင်ဆိုင်ခိုင်းမယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရတယ်။ သတင်းတုတွေသာဖြစ်တယ်။ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပြောဆိုချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ “ICJ မှာ စစ်ကောင်စီ ပထမရက် အမှုရှုံးလို့ ဒေါ်အောင်ဆန်းစုကြည် ကို ထပ်လွှတ်ပြီ” Original link | Archive link အလားတူရေးသားဖြန့်ဝေမှုကို ဒီလင့်ခ်မှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတဲ့အကြောင်း ယုံကြည်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက် မရှိပါဘူး။ ဒီလိုပြောဆိုထားတဲ့ ဗွီဒီယိုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ဝေတဲ့နေရာတွေဖြစ်တာတွေ့ရတယ်။ “The Daily […]
Continue Reading
