Fact Check: ဒီဗွီဒီယိုက၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်စုကြည်မွေးနေ့ဆုတောင်း သာဖြစ်တယ်

Missing Context လူမှုရေး

ဇူလိုင် ၁၉ ရက်မှာကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာသွားရောက်တွေ့ဆုံမှုလို့ဆိုထား ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်က ဗွီဒီယိုဟောင်းတစ်ခု သာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက် ကျရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ပွဲကို ဇွန်လ ၂၀ ရက်က နေပြည်တော်အထူးတရားရုံးမှာ သူ့ရဲ့ရှေ့နေတွေနဲ့အတူ ကျင်းပခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကို ကိုးကားပြီး RFA Burmese သတင်းဌာနကဖော်ပြပါတယ်။

“ခနလေး တွေ့ ခွင့်ရတောင် သူ့ ပြည်သူတွေကို စိတ်ပူနေတာတဲ့ ချစ်လိုက်တာ အမေရယ်”ရေးသားထားပြီး “Cele Myanmar”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃၁၀၀၀ ရှိပါတယ်။ ဗွီဒီယိုထဲမှာတော့ လူတွေရဲအမြင်ကလည်းအရေးကြီးကြောင်း၊ လစ်လျူရှု့သင့်တာကို လစ်လျူရှုရမှာဖြစ်ပေမဲ့ ဂရုစိုက်သင့်တာကို စိုက်ဖို့လိုကြောင်းနဲ့ မဇ္ဈိမပဋိပဒါက အရေးကြီးကြောင်းစသည်ဖြင့် တရားသဘောကို နှောပြီး သူ့ရဲ့အတွေးကို ပြောပြနေတာတွေ့ရပြီး  “ဒီနေ့ အမေစုမွေးနေ့မှာ သွားရောက်တွေ့ဆုံခဲ့(ရုပ်သံဖိုင်)”လို့ လည်း ဗွီဒီယိုထဲမှာရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့မျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

Google မှာပုံရှာနည်းနဲ့ ဗွီဒီယိုကိုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်က ဗွီဒီယိုဖိုင်ဟောင်း တစ်ခုဖြစ်တာ တွေ့ရပါတယ်။ 

“အမေစုပေးတဲ့ မွေးနေ့ဆုမွန်”လို့အစချီပြီ အောင်ဆန်းသွေးအမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ၂၀၁၉ ခုနှစ်၊ဇူလိုင် ၁၉ ရက်ကမျှဝေထားတာကိုအောက်ပါအတိုင်းတွေ့ရပါတယ်။

♥ လူနှင့်ရုပ်ပါတ်ဝန်းကျင် ကျမ္မာစွာ နေထိုင်နည်း ♥

စိတ်ချမ်းသာအောင်နေပါ ..

စိတ်ချမ်းသာဘို့

လောဘ ဒေါသ မောဟ တွေ

နည်းအောင်လုပ်ပါ ..

ကိုယ့်ကိုယ်ကိုကော ပတ်ဝန်းကျင်ကော

စိတ်ချမ်းသာအောင် လုပ်ပါ ..

မိမိ အလုပ် တာဝန်တွေ

ကျေပြွန်အောင် လုပ်ပါ ..

မိမိတာဝန် ကျေပြွန်ရင်

လိပ်ပြာသန့်တယ် ..

ဒီအခါ စိတ်ချမ်းသာတယ်

စိတ်ချမ်းသာရင်

အိပ်ပျော် စားဝင်ပြီး

ကျမ္မာရေးကောင်းမယ် ..

ခြောက်တိုင်းလည်း မကြောက်နဲ့

မကြောက်ဘူးပေမယ့်

သတိတော့ ရှိထားဘို့ လိုမယ် ..

မြှောက်တိုင်းလည်း မမြောက်နဲ့

ပတ်ဝန်းကျင် ကိုလည်း

အထူးဂရုစိုက်လွန်းရင်

ကိုယ့် ဒုက္ခ ကိုရှာသလို ဖြစ်နေမှာမို့

ဆင်ခြင်တုံတရား နဲ့

မစ္ဆျိမ အလယ်အလတ်အတိုင်း

အရာရာ ကျင့်ကြံကြမယ်ဆို

ကျမ္မာ ချမ်းသာစွာဖြင့်

ပတ်ဝန်းကျင် နှင့် မျှတစွာ

အညမည နေထိုင်နိုင်မှာ ဖြစ်ပါတယ် …။ ။

Via : AST (19-06-2019 ~ 22:30 pm)

မူရင်းလင်ခ့် – ​အောင်ဆန်းသွေးArchive link  

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ၂၀၁၉ ခုနှစ်က ဗွီဒီယိုဖိုင်တစ်ခုကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေခြင်း ဖြစ်ပါတယ်။

Avatar

Title:Fact Check: ဒီဗွီဒီယိုက၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်စုကြည်မွေးနေ့ဆုတောင်း သာဖြစ်တယ်

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *