Fact Check: သီတဂူရေအလှူတော် ပဒေသာပင် ကျပ်ငွေ ၁၀၀ ကုဋေ့ကို COVID-19 အတွက်လှူဒါန်းမှုအဖြစ် သတင်းမှားဖြန့်

ကိုဗစ် ၁၉ ကာကွယ်ဖို့ သီတဂူဆရာတော်ကြီး ကုဋေတစ်ရာ လှူလိုက်ပါပြီလို့ ရေးသားမျှဝေနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။  သီတဂူဆရာတော်ဘုရားကြီးက ကိုဗစ် ကာကွယ်ရေးအတွက် လိုအပ်တာတွေ လှူသလိုမရှိတဲ့သူတွေကိုလည်း စားနပ်ရိက္ခာတွေ မကြာခဏလှူဒါန်းနေပြီး ကိုဗစ် ၁၉ ကာကွယ်ဖို့ သီတဂူဆရာတော်ကြီး ကုဋေတစ်ရာ လှူလိုက်ပါပြီ လို့ရေးသားပြီး “ကုဋေ တစ်ရာ”လို့ရေးသားထားတဲ့ မှတ်တမ်းဓာတ်ပုံနှင့်အတူ မျှဝေထားပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ သီတဂူရေအလှူတော်ပဒေသာပင်အတွက် ငွေကျပ် ကုဋေ ၁၀၀ မတည်လှူဒါန်းပေးမှု အခမ်းအနားမှ မှတ်တမ်းဓာတ်ပုံဖြစ်ပြီး COVID-19 အတွက်လှူဒါန်းမှုနှင့်သက်ဆိုင်ခြင်းမရှိတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ သီတဂူဆရာတော်ကြီးက ကိုဗစ်ကာကွယ်ရေးအတွက်အလှူအဖြစ်ဖော်ပြနေတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာမှာ မျှဝေထားပါတယ်။ ဝက်ဘ်ဆိုဒ်နဲ့ဘလော့စာမျက်နှာတွေဖြစ်တဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာ နဲ့ဒီနေရာတွေမှာမျှ ဝေထားတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: Carabao ကဒေါ်လာ တစ်သိန်းလှူဒါန်းတဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီး သတင်းမှားဖြန့်

ကျွဲခေါင်းပုံအမှတ်တံဆိပ်နဲ့ အဖြူအစိမ်းလွှမ်းမိုးမှုရှိတဲ့ လှူဒါန်းငွေပေးခြင်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား USDP က ဒေါ်လာ တစ်သိန်းလှူဒါန်းမှုအဖြစ်ရေးသားပြီး လူမှုကွန်ယက်မှာဖြန့်ဝေလျက်ရှိပါတယ်။  “Covid တိုက်ဖျတ်ရေး အလှု USDP မှ ဒေါ်လာ 1သိန်း နီပိန်းတွေ အာ့လိုလှုတာမြင်ဖူးလား”လို့ရေးသားပြီး “ပြည်ခိုင်ဖြိုးပါတီ ချစ်သူများ we love usdp”ဖေ့စ်ဘွတ်အုပ်စုမှာ “Aung Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၇ ရက်မှာ မျှဝေထားပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ဓာတ်ပုံမှာ ကျွဲခေါင်းပုံအမှတ်တံဆိပ်အချိုရည်ကုမ္ပဏီ Carabao က လှူဒါန်းမှုအဖြစ်ရေးသားထားပြီး ကျွဲခေါင်းအမှတ်တံဆိပ်ကိုလည်း ထင်ရှားစွာမြင်တွေ့ရပါတယ်။ ဒီလိုမျှဝေထားတဲ့ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက မှတ်ချက်အမျိုးမျိုးနဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်ပါဓာတ်ပုံကို အောက်တိုဘာ ၆ […]

Continue Reading

Fact Check: ကင်ညာနိုင်ငံ NLD ထောက်ခံသူများမဲဆွယ်လှုပ်ရှားမှုကို ဂမ်ဘီယာနိုင်ငံကထောက်ခံမှုအဖြစ်ဖော်ပြနေ

အာဖရိကန်လူမျိုးတစ်ချို့ NLD အင်္ကျီဝတ်ဆင်ပြီး ဓာတ်ပုံရိုက်နေပုံနဲ့ ဗွီဒီယိုကို ဂမ်ဘီယာနိုင်ငံသူတွေက ထောက်ခံမှု အဖြစ်ဖော်ပြလျက်ရှိတဲ့ ပို့စ်ကို လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲပြီး ပြည်သူတွေက NLD ဒီကိုထောက်ခံပြနေတာဟာ NLD နဲ့ ပြည်ပနိုင်ငံတွေရဲ့ ကြိုတင်ကြံစည်မှုကိုဖော်ပြနေတယ်ဆိုပြီးတော့ ရေးသားမျှဝေနေကြတာဖြစ်ပါတယ်။ သို့သော်လည်း ဓာတ်ပုံပို့စ်ထဲမှာပါတဲ့ NLD အင်္ကျီဝတ် အာဖရိကန်လူမျိုးတွေဟာ ကင်ညာနိုင်ငံကဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက မဟုတ်တာတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားအမျိုးမျိုးနဲ့ ဓာတ်ပုံပို့စ်ကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာနဲ့ ဒီနေရာတွေမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေကို အခြားအချက်အလက်စိစစ်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ Boom၊ AFP စတဲ့အချက်အလက်စိစစ်တဲ့ အဖွဲ့အစည်းတွေကလည်း ဂမ်ဘီယာနဲ့သက်ဆိုင်ခြင်းမရှိကြောင်းစိစစ်ထားပြီးဖြစ်ပါတယ်။ Google မှာပုံရှာနည်း၊ […]

Continue Reading

Fact Check: COVID-19 ကူးစက်ခံပြီး မြေပြင်မှာလဲကျနေပုံတွေလား -မဟုတ်ပါ

ယခုရက်ပိုင်းများအတွင်း နေ့စဉ်နီးပါးအတည်ပြုလူနာ ထောင်ဂဏန်းတွေ့ရှိမှုနဲ့အတူ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအတည်ပြုလူနာ ၂၂၀၀၀ ကျော်နဲ့ ဒီရောဂါနဲ့သေဆုံးသူ ၅၃၅ ဦးထက်မနည်းရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ COVID-19 ကူးစက်ခံလို့လဲကျနေသူတွေအဖြစ် ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ မြေပြင်မှာလဲနေတဲ့သူတွေပုံတွေပါဝင်ပြီး ဓာတ်ပုံထဲက ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ သူအချို့မှာ PPE ဝတ်စုံဝတ်ဆင်ထားတာလည်းတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံထဲက နေရာသီးသီးမှာလဲကျနေတဲ့သူတွေဟာ COVID-19 ကူးစက်ခံရပြီး လဲကျခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးမရှိတာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကိုအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေထဲက မီးခိုးရောင်အင်္ကျီ၊ ပုဆိုးဝတ်၊နှာခေါင်းစီးနဲ့လဲကျနေတဲ့ အမျိုးသားဟာ အောက်တိုဘာ ၄ ရက်နေ့က “မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ -Mahar Rescue”ဖေ့စ်ဘွတ်စာမျက်နှာမှာတွေ့ရပြီး “၄.၁၀.၂၀၂၀  […]

Continue Reading

Fact Check: ထိုင်ခုံတွေနဲ့အောက်ဆီဂျင်ပေးထားရတဲ့လူနာတွေဟာ ရန်ကုန် ဆေးရုံကြီးကCOVID-19 အတည်ပြုလူနာတွေမဟုတ်ပါ

ရန်ကုန်ဆေးရုံကြီးမှာ COVID-19 လူနာတွေကို ထိုင်ခုံတွေနဲ့ကုသနေရတယ်ဆိုတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ လူနာတစ်ချို့ဟာ လျှောက်လမ်းတစ်ခုရဲ့ တစ်ဖက်တစ်ချပ်စီမှာ ထိုင်ခုံတစ်လုံးစီနဲ့ အောက်စီဂျင် အိုးတွေပေးထားရတဲ့ ဓာတ်ပုံလည်းပါဝင်ပြီး ရေးသားမျှဝေထားတဲ့ စာသားတွေမှာ ရန်ကုန်ဆေးရုံကြီးကဖြစ်တယ်၊ COVID-19 လူနာတွေကို အခုလိုကုသတယ်ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံပို့စ်ထဲမှာပါတဲ့ လူနာတွေဟာ COVID-19 အတည်ပြုလူနာတွေမဟုတ်သလို နေရာဟာ လည်း ရန်ကုန်ဆေးရုံကြီးမှာမဟုတ်ဘဲ မြောက်ဉက္ကလာပဆေးရုံမှာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ “ဘိုနေ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဖျားသွားမယ်ဝန်ကြီး ပြောတဲ့  …ပြင်ထားတာ လာကြည့်လိုက် ဖျားသွားမယ် ဆိုတဲ့…အရေးပေါ် အထူးကုသဆောင် (YGH-ICU)”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။    မူရင်းလင်ခ့် – Fb link  |  Archive link လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာနားလည်းမှုလွဲစေနိုင်တဲ့ အရေးသားနဲ့“တကယ့်ကို ဝမ်းနည်းကြေကွဲစရာ ကောင်းတဲ့ […]

Continue Reading

Fact Check: COVID-19 ဟာ ဗက်တီးရီးယားနဲ့ 5G နည်းပညာကြောင့်ဖြစ်တယ် ဆိုတာမဟုတ်ပါ

COVID-19 ဟာ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ဒီရောဂါနဲ့သေဆုံးတဲ့ဆိုတဲ့သူတွေဟာ 5G နည်းပညာကတစ်ဆင့်ကူးစက်မှုဖြစ်ရတယ်ဆိုတဲ့ပို့စ် လူမှုကွန်ယက် အသုံးပြုသူတွေအကြား ဖြန့်ဝေ နေတာတွေ့ရပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19  နဲ့သေရင် ရင်ခွဲစစ်ဆေးခွင့်မပေးဘူး၊ အီတလီ ဆရာဝန်တွေက COVID-19 ကြောင့်သေဆုံးရတဲ့ အလောင်းတွေကို ခွဲစိပ်ကြည့်ရာကနေ ဗိုင်းရပ်စ်ပိုး မတွေ့ရဘဲ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဆိုပြီးတွေ့ရတယ်၊ 5G ဓာတ်ရောင်ကြောင့် သေဆုံးမှု ကြောင့်သေဆုံးရတာဖြစ်တယ်၊ ဆေးပေးတဲ့အခါမှာ ရောဂါဖြစ်တဲ့သူတွေကို ပဋိဇီဝဆေးနဲ့ အကိုက်အခဲပျောက် ဆေးပေးရတယ်ဆိုပြီးရေးသားထားပါတယ်။ ဒီပို့စ်ပါအချက်တွေဟာ မှားယွင်းတဲ့အချက်အလက်တွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ “Ko Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီပို့စ်ကို“ဝူဟန်/ကိုရိုနာဗိုင်းရပ်စ်COVID-19 ရောဂါအကြောင်း သိကောင်း စရာများ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင် ၅ […]

Continue Reading

Fact Check: အမေရိကန်ဖွဲ့စည်းပုံဉပဒေမှာ သမ္မတက ခရစ်ယာန်ဖြစ်ရမယ်လို့ ပြဌာန်းထားသလား-မဟုတ်ပါ

အမေရိကန်မှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာဝင်သာဖြစ်ရမည်လို့ ဉပဒေနဲ့ ဘာသာရေးကို ကန့်သတ်ထားတယ်ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ မျှဝေလျက်ရှိတဲ့ ပို့စ်မှာ အမေရိကန်အခြေခံဉပဒေ ၅၉(စ)မှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာ ဝင်သာဖြစ်ရမှာဖြစ်သလို သမ္မတအိမ်ဖြူတော်မှာ ခရစ်ယာန်ကလွဲလို့ အခြားဘာသာဝင်တွေ တာဝန်ထမ်းဆောင်ခွင့်မရှိဘူးဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ ဒီပို့စ်တွေဟာ သတင်းမှားတွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ အမေရိကန်ဖွဲ့အစည်းပုံ အခြေခံဉပဒေမှာ သမ္မတအပါအဝင် အစိုးရဝန်ထမ်းဖြစ်ဖို့အတွက် ဘာသာရေးယုံကြည်မှုကို ထုတ်ဖော်ပြောကြား ရန် မလိုအပ်တာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုတွေကြားမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို “Kyaw Moe Naing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၅၄၀ ရှိပါတယ်။ သို့သော်လည်း ဒီပို့စ်အောက်က မှတ်ချက်တွေကို ကြည့်မယ်ဆိုရင် မယုံကြည်သူအများအပြားရှိပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေး နေတယ်ဆိုတဲ့ သတင်းတု သတင်းမှားများဆက်တိုက်ဖြန့်ချိ

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာမကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။ မျှဝေလျက်ရှိတဲ့ ပို့စ်တွေမှာ အလှူပေးနေတယ်၊ ငွေလွှဲပေးမယ်၊ထောက်ပံ့ကြေးပေးနေတယ် အခြားသော ဖေ့စ်ဘွတ်အသုံးပြုသူတွေကိုလည်း မျှဝေပေးပါ၊ အောက်မှာပါတဲ့ လင့်ခ်ကလေးကို နှိပ်ပါ၊ ဖုန်းနံပါတ်ချန်ထားခဲ့ပါ ဆိုပြီးတော့ တောင်းဆိုထားတာတွေ့ရပါတယ်။  ဒီလိုပို့စ်တွေဟာ သတင်းတု သတင်းမှားတွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို ယုံကြည်လာစေဖို့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ငွေသားအထုပ်လိုက်ပုံတွေနဲ့ ဓာတ်ပုံအဟောင်းကိုအသုံးပြုပြီးရေးသား ကြလေ့ရှိတာလည်း တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုတွေကို ဖုန်းနံပါတ်ချန်ထားခဲ့ရန်တောင်းဆိုပြီး များများသိအောင်မျှဝေပေးဖို့နဲ့ ပေးထားတဲ့ လင့်ခ်မှာ အဖွဲ့ဝင်ဖို့တောင်းဆိုထားတဲ့ ပို့စ်တစ်ခုကို “Covid 19 ရောဂါအတွက် အလှူကြီးပေး နေပြီး”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ အောက်တိုဘာ ၂ ရက်ကမျှဝေထားရာမှာ ၂၄ နာရီအတွင်း ပြန်လည်မျှဝေသူ […]

Continue Reading

COVID-19 ရောဂါပျောက်ကင်းဆေးတဲ့ တိုင်းရင်းဆေးဝါးအဖြစ် မျှဝေနေတဲ့ အချက်အလက်မှား

အောက်တိုဘာ ၂ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 အတည်ပြုလူနာ ၃၄ သန်းကျော်ရှိလာပြီး သေဆုံးသူ တစ်သန်းထက်မနည်း ရှိလာချိန်မှာ မြန်မာနိုင်ငံမှာလည်း အောက်တိုဘာ ၂ ရက်နေ့အထိ အတည်ပြုလူနာပေါင်း ၁၅၅၂၅ ဦးနဲ့သေဆုံးလူနာ ၃၅၃ ဦးရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ပြည်တွင်းကလည်း COVID-19 ပျောက်ကင်းဆေးဆိုပြီးတော့ ကြေညာထားတဲ့ ပို့စ်တစ်ခုတွေ လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီလိုမျှဝေလျက်ရှိတဲ့ပို့စ်အပေါ်မှာ ဟာသအနေနဲ့ ရှူမြင်မျှဝေနေကြသူတွေရှိကြသလို မှတ်ချက်တွေ ကြည့်မယ်ဆိုရင် ယုံကြည်သူတွေလည်း ရှိပါတယ်။ ဆက်သွယ်ရန်ဖုန်းနံပါတ်ကိုလည်း အခုကြေညာမှာ ထည့်သွင်းထားတာတွေ့ရပါတယ်။  Fact Crescendo Myanmar အချက်အလက်စိစစ်ချက်အရ အောက်တိုဘာ ၂ ရက်နေ့အထိ COVID-19 ကိုကာကွယ်နိုင်ကုသနိုင်တယ်လို့ အများပြည်သူကို ရောင်းချခွင့်ပေးထားတဲ့ ဆေးတစ်စုံတစ်ရာမရှိ သေးတာတွေ့ရပါတယ်။ လူထုအကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ […]

Continue Reading