Fact Check: လစ်ဗျားနိုင်ငံကအပျက်အစီးဓာတ်ပုံတွေကိုချင်းပြည်နယ်ထန်တလန်က မြင်ကွင်းအဖြစ်မျှဝေ

ချင်းပြည်နယ် ထန်တလန်မြို့က မီးလောင်ပြီးစ မြို့မြင်ကွင်းဆိုပြီးတော့ အဆောက်အဦးအပျက်အစီးမြင်ကွင်း ဓာတ်ပုံ ၂ ပုံကိုဖေ့စ်ဘွတ်အသုံးပြုသူထောင်ပေါင်းများစွာမျှဝေလျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုလကုန်ပိုင်း ကနေ နိုဝင်ဘာလဆန်းပိုင်းအထိ ချင်းအခြေစိုက်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိမ်ခြေအမြောက်အများမီးရှို့ခံရတဲ့ ဓာတ်ပုံနဲ့ သတင်းတွေကိုမီဒီယာတွေမှာဖော်ပြပါတယ်။ သို့သော်လည်းအောက်ဖော်ပြပါ ဖေ့စ်ဘွတ်ပို့စ်ပါဓာတ်ပုံတွေကတော့ လစ်ဗျားနိုင်ငံက ဓာတ်ပုံတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။  “မီးလောင်ပြီးစ ထန်တလန် မြို့မြင်ကွင်းပါ ကမ္ဘာကိုဖြန့်ပေးကြပါ စစ်ကောင်စီကို အရေးယူပေးပါတော့  အမေရိကန်သမ္မတကြီးရေ”လို့ရေးသားပြီး “Mai Chan”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်တိုဘာ ၃၀ရက်က ရေးသားမျှဝေထားရာမှာ ဒီပို့ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၉ထောင်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်က အမေရိကန်မရိန်တပ်ဖွဲ့က ကုန်တင်ယာဉ်မီးလောင်မှုကို တန့်ဆည်မှာ စစ်ကားမိုင်းထိပုံအဖြစ်မျှဝေ

စစ်တပ်က စစ်ကားမိုင်းထိတဲ့ ဓာတ်ပုံအဖြစ် ယာဉ်တစ်စီးမီးလောင်နေတဲ့ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ အများ အပြားက ကြိမ်ဖန်များစွာပြန်လည်မျှဝေလျှက်ရှိပါတယ်။   သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းကအင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံဖြစ်ပြီး အမေရိကန် နိုင်ငံက စစ်ယာဉ်တစ်စီးမီးလောင်မှုဓာတ်ပုံဖြစ်ပါတယ်။ တန့်ဆည်မြို့နယ်မှာ စစ်ကားမိုင်းခွဲခံရတဲ့ ဓာတ်ပုံအဖြစ် “Yu Yu Hlaing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၃ ရက်က မျှဝေထားရာ ဒီဓာတ်ပုံကို မျှဝေထားရာမှာ ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၁ ထောင် ၂ ရာရှိပါတယ်။ ပို့စ်မှာ “အကျကျကျတော့ ဇော်မဲလုံးမြင်အောင်ပြရမယ် တန်ဆည်နယ်က တွယ်လိုက်တဲ့ စခကား ။”လို့ရေးသားထားပါတယ်။ဒီဓာတ်ပုံပါဝင်ပြီး တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ထို့အပြင် အောက်တိုဘာလထဲမှာ မုံရွာမှာ စစ်ကားမိုင်းထိတဲ့ […]

Continue Reading

Fact Check: ရှေ့တန်းပို့ခံရတဲ့ စစ်သားဇနီးမယားတွေ နောက်ဆုံးအနေနဲ့ ကန်တော့ နေပုံလား-မဟုတ်ပါ

ရှေ့တန်းပို့ခံရတဲ့ စစ်သားတွေကို သူတို့ ဇနီးမယားတွေက နောက်ဆုံးကန်တော့နေပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အများအပြားကပြန်လည်မျှဝေလျှက်ရှိပါတယ်။  ဓာတ်ပုံထဲမှာ ရဲကားတန်းတစ်ခုပါဝင်ပြီး အမျိုးသမီး အချို့က ထိုင်ကန်တော့ကြတဲ့ မြင်ကွင်းပါဝင်ပါတယ်။ သို့သော် ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလထဲမှာ ဆန္ဒပြရင်း အဖမ်းခံရတဲ့ သားသမီးတွေရဲ့ မိဘတွေက ကန်တော့တောင်းပန်နေကြပုံ ဖြစ်ပါတယ်။ “ရှေ့တန်းပို့ခံရတဲ့ လင်တော်မောင် စစ်ခွေးတွေအတွက် စစ်ခွေးမယားတွေ သရဏဂုံ တင်ပေးနေကြတာပါ၊ ရှေ့တန်းမှာသေရင် သရဏဂုံ မတင်ပေးပဲ ချီးတွင်းထဲအလောင်းကိုပစ်ချလေ့ရှိတာမို့ပါ 😁 ရဲဇော်   🇱🇷”လို့ရေးသားလျှက် “ဦး ရဲ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၁၄ ရက်မှာ မျှဝေထား ရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၃၄၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: Facebook ကို NLD က ဒေါ်လာ ၂ ဒသမ ၅ သန်းလာဘ်ထိုးခဲ့တယ်လို့ Frances Haugen ကပြောနေတာလား-မဟုတ်ပါ

ဖေ့စ်ဘွတ်(Facebook)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒေါ်လာ ၂ ဒသမ ၅ သန်းလာဘ်ထိုး ခဲ့တယ်လို့ ဖရန်ဆက်ဟော်ဂန် (Frances Haugen)က ပြောတယ်ဆိုပြီးတော့  ရေးသားထားတဲ့ ဓာတ်ပုံပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂ ဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  ဒီလိုမျှဝေရာမှာ ဓာတ်ပုံစာသားအပြင် ပို့စ်ရဲ့ စာသားနေရာမှာ ဒေါ်အောင်ဆန်း စုကြည်၊ NLD ပါတီတို့ရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေလည်းပါဝင်ပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ ဖေ့စ်ဘွတ်ဝန်ထမ်းဟောင် တစ်ယောက်ဖြစ်တဲ့ ဖရန်ဆက်ဟော်ဂန်က အမေရိကန် လွှတ်တော်ဆီနိတ်ကော်မတီကို အောက်တိုဘာ ၅ ရက်နေ့က ကြားနာပွဲမှာတင်ပြစဉ်ဓာတ်ပုံဖြစ်ပြီး  ဒီပွဲမှာ NLD အကြောင်းပြောခဲ့တာ မျိုးမတွေ့ရပါဘူး။ “NOVEM LYNN”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၉ ရက်မှာ မျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်ခဲ့ တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံဝင်းထဲက မြေအောက်ဉမင် ဓာတ်ပုံလား-မဟုတ်ပါ

ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ နေအိမ်ကနေ အမေရိကန်ကို ဆက်သွယ်ထားတဲ့ မြေအောက်ဉမင်လှိုဏ်ခေါင်းတွေ ဆိုပြီးတော့  ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ဉမင်းတွေဟာ  ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းနေက အမေရိကန် နိုင်ငံရဲ့ နေရာ ၅၁(Area 51)ကို ဆက်သွယ်ထားတယ်လို့လည်ဆိုထားသလို  ရွှေချောင်းတွေနဲ့ ဒေါ်လာအပြင် တန်ဖိုးကြီး ရှားပါး သတ္တုအမျိုးအစားတွေနဲ့ ရှေးဟောင်း ပစ္စည်းတွေပါတွေ့ရတယ်လို့ ရေးသားထားပါတယ်။ Area 51 ဆိုတာ ကတော့ အမေရိကန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အထူးလျို့ဝှက်နေရာတစ်ခုလို့ နာမည်ကြီးတဲ့ နေရာဒေသ တစ်ခုဖြစ်ပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်နဲ့လည်း သက်ဆိုင်ခြင်းမရှိသလို အမေရိကန်ရဲ့ စစ်ဘက်လျှို့ဝှက်နေရာနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ ဓာတ်ပုံ ၂ ပုံနှင့်အတူ “သတိုးမဟာ […]

Continue Reading

Fact Check: ခြံအမှတ်(၅၄)က ရရှိတဲ့ရွှေချောင်းနဲ့ဒေါ်လာတွေဆိုတဲ့ ဓာတ်ပုံအမှား

ခြံအမှတ် ၅၄ က ရတဲ့ရွှေချောင်းတွေဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ မျှဝေလျှက်ရှိတာတွေ့ ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ရွှေချောင်းတွေနဲ့ ဒေါ်လာငွေကြေးအပုံလိုက် ဓာတ်ပုံတွေပါဝင်ပြီး ရွှေက တစ်တန်ခွဲနဲ့ ငွေကြေးကတော့ စိစစ်ဆဲလို့ ရေးသားထားပါတယ်။ ခြံအမှတ် ၅၄ ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းကအိမ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပြန်နှံ့ခဲ့ပြီးဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံတွေဖြစ် တာတွေ့ရပါတယ်။  “ခြံအမှတ်(၅၄) လို့ပြောတာပဲ ရွှေကတစ်တန်ခွဲရှိတယ်တဲ. ငွေကစစ်နေတာမပြီးသေးဘူးတဲ. photo credit”လို့ရေးသားလျှက် “Nyi Zaw”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၂၅၀  ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို  ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ […]

Continue Reading

Fact Check: UN လုံခြုံရေးကောင်စီမှာ ဝါကန်ဒါနိုင်ငံက နကစကို ထောက်ခံဆိုတဲ့ သတင်းတု

ကုလသမဂ္ဂ(UN)လုံခြုံရေးကောင်စီအစည်း‌အဝေးမှာ  ဝါကန်ဒါ(Wakanda)နိုင်ငံရဲ့ ဘုရင် တီချာကာမှ နကစ အစိုးရအားထောက်ခံလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ အောက်တိုဘာ ၁၀ ရက်ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီအစည်း‌အဝေးမှာ ဒီလို ထောက်ခံခဲ့တာဖြစ်ပြီး သတင်းကိုးကားဖော်ပြမှုအနေနဲ့ ရိုက်တာသတင်းဌာနကို ကိုးကားထားတယ်လို့ ဖော်ပြထားသလို ပို့စ်ရဲ့ အောက်ခြေမှာ wakanda လို့လည်းရေးသားထားပါတယ်။ သို့သော် ဝါကန်ဒါနိုင်ငံဆိုတာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲမှာမရှိသလို အောက်တိုဘာ ၁၀ ရက်ကလည်း လုံခြုံရေးကောင်စီအစည်းအဝေးမရှိတာတွေ့ရပါတယ်။  ဓာတ်ပုံ ၂ ပုံနှင့်အတူ “မျိုးချစ်သစ္စာ ပြည်မြန်မာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသား မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “နကစ အတွက်အသက်ရှူပေါက်တစ်ခု(သို့)ဝါကန်ဒါ —————————————————- အောက်တိုဘာ ၁၀ ရက် ကိုးကား – ရိုက်တာ    ယနေ့ကျင်းပ ပြုလုပ်သော UN လုံခြုံရေးကောင်စီအစည်း‌အဝေးတွင် ဝါကန်ဒါနိုင်ငံ၏ ဘုရင် […]

Continue Reading

Fact Check: PDF တွေကို မိဘတွေဆီ ဒေါက်တာဇော်ဝေစိုးက ပြန်ခိုင်းတယ်ဆိုတဲ့ စာအတု

တော်လှန်ရေးကျဆုံးသွားပြီဖြစ်လို့ PDF တွေ အိမ်ပြန်ကြဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(National Unity Government-NUG)ရဲ့ ပညာရေး နဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလျှက်ရှိတာတွေ့ ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ screenshot ဓာတ်ပုံပို့စ်မှာ ဒေါက်တာ ဇော်ဝေစိုးရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Zaw Wai Soe အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ကနေ တော်လှန်ရေး ကျဆုံးသွားပြီဖြစ်လို့ လူထုကိုတောင်းပန်ထားပြီး PDF တွေကိုမိဘတွေဆီပြန်ကြဖို့အတွက်လည်း ပန်ကြား ထားပါတယ်။ သို့သော် ဒေါက်တာဇော်ဝေစိုးက ဒီစာဟာအတုဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။  “မေပိုင်ဦး”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၀၀ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကိုဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေ မှာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဘောလိဝုဒ် သရုပ်ဆောင်မင်းသား ရှရွတ်ခန်း လေယာဉ်ပျက်ကျ သေဆုံးဆိုတဲ့ သတင်းမှားပျံ့နှံ့

လေယာဉ်ပျက်ကျမှူကြောင့် ဘောလိဝုဒ် နာမည်ကြီး အိန္ဒိယ ရုပ်ရှင်မင်းသား ရှရွတ်ခန်း(Shah Rukh Khan)နဲ့ အတူ စုစုပေါင်း ခရီးသည် ၁၁၀ သေဆုံးခဲ့ရတယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည် မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အသုဘအခမ်းအနား တစ်ခုမှာ ငိုကြွေးနေတဲ့ အမျိုးသမီးတစ်ယောက်ဓာတ်ပုံ၊ အိန္ဒိယအလံ ဖုံးအုပ်ထားတဲ့ အသုဘဘေးမှာ ရပ်နေတဲ့ အဖြူရောင်ဝတ် အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံ၊ ဘောလိဝုဒ် နာမည်ကြီး မင်းသား ရှရွတ်ခန်းရဲ့ ဓါတ်ပုံနှစ်ပုံပါဝင်ပါတယ်။ သို့သော် ရှရွတ်ခန်းသေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုသတင်း တစ်စုံတစ်ရာမတွေ့ရသလို ဓာတ်ပုံတွေဟာလည်း ပြီးခဲ့တဲ့နှစ်အများအတွင်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “Zaw Aung Aung” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အိ န္ဒိယ နာမည်ကြီးအနုပညာရှင် ရှရွတ်ခန်း… လည်းကြွေလွင့်ခဲ့ပီကော..ယနေ့ (12:35)တွင် […]

Continue Reading

Fact Check: သရုပ်ဆောင် ဆင်မ သေဆုံးလို့ သတင်းမှားဖြန့်ချိ

ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ဆင်မ အလောင်းထုတ်ပုံလို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ သရုပ်ဆောင် ဆင်မဓာတ်ပုံနဲ့အတူ လူနာတင်ယာဉ်ပုံကို ယှဉ်တွဲဖော်ပြလျှက် ” ဉီးဆင်မ ကောင်းရာရောက်ပါစေဗျာ”၊”ဉီးဆင်မ အလောင်းထုတ်”စသည်ဖြင့်ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင် တယောက်ဖြစ်တဲ့ ဆင်မကို စစ်တပ်တွေက  ဩဂုတ် ၂၄ ရက်က သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။ သို့သော် သရုပ်ဆောင်ဆင်မ သေဆုံးတဲ့သတင်းဟာ အထောက်အထားကင်းမဲ့ သလို အလောင်းထုတ် ဓာတ်ပုံအဖြစ် မျှဝေထားတဲ့ ပုံတွေဟာလည်း ဇူလိုင်လကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “topnewsnow24” ဝက်ဘ်ဆိုဒ်စာမျက်နှာ အောက်တိုဘာ ၆ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ  ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၀၄ ကြိမ်ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading