Fact Check: NUG အတွက်လက်နက်မှောင်ခိုသွင်းသူ Mr.Notorious Dutch ဖူးခတ်မှာဖမ်းမိဆိုတဲ့သတင်းတုသတင်းမှား

 NUG အတွက်လက်နက်များကို ပွဲစားလုပ်တင်သွင်းပေးနေသူ စပိန်လက်နက်ကုန်သည်တစ်ဦးကို ဖမ်းမိပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံး ပြုသူတွေအကြာမှာ ပျံ့နှံ့လျှက်ရှိပါတယ်။ Mr.Notorious Dutch လို့ခေါ်တဲ့ လက်နက်ပွဲ စားကို ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှာ ဖမ်းမိတာဖြစ်ပြီး သူနဲ့ ချိတ်ဆက်နေတဲ့ မြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန် တစ်ဦးရဲ့ ဓာတ်ပုံကို ထိုင်းတော်ဝင်ထောက်လှမ်းရေးမှထုတ်ဖော်ရရှိတယ်လို့လည်း ရေးသား ထားပါတယ်။ သတင်းတုတစ်ခုသာဖြစ်ပါတယ်။ အောက်ပါစာသားနဲ့ Screenshot ကတော့ ဩဂုတ် ၂၇ ရက်က မျှဝေခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ပါအကြောင်း အရာဖြစ်ပါတယ်။ “NUG အတွက် လက်နက်များကို ပွဲစားလုပ်တင်သွင်းပေးနေသူစပိန်လက်နက်မှောင်ခိုကုန်သည်တစ်ဦးအား ဖူးခက်ကျွန်းတွင် ဖမ်းမိ၊ ၎င်းနှင့် လျှို့ဝှက်ချိတ်ဆက်နေသောမြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန်တစ်ဦး၏ ဓာတ်ပုံကို ထိုင်းတော်ဝင်ထောက်လှမ်းရေးမှ ထုတ်ဖော်  á‚၀၂၁ ၊ စက်တင်ဘာ  á‚၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ Dusit Patra […]

Continue Reading

Fact Check: အီတလီမှာ ကျောက်ခဲမိုးရွာနေတာလား-မဟုတ်ပါ

အီတလီနိုင်ငံမှာ ကျောက်ခဲမိုးရွာသွန်းမှုအဖြစ် ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါ တယ်။ ကျောက်ခဲလို့ယူဆရတဲ့ အရာတွေကားတွေပေါ်တဗြုန်းဗြုန်းနဲ့ကြွေကျလာတာကို ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။ တကယ်တော့ ရိုမေနီးယားနိုင်မှာ ၂၀၁၉ ခုနှစ်က မိုးသီးကြွေကျနေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ “မကြားဘူးတဲ့ ကပ်ဘေးပဲ အီတလီနိုင်ငံ၌  ဗုဒ္ဓဟူးနေ့ကကျောက်ခဲလုံးမိုးများရွာချနေစဉ်”လို့ ရေးသားပြီး “Zaw Myo Lwin” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချို့သောပို့စ်တွေ မှာ ဒီလိုဖြစ်ပျက်တာဟာ ဘာသာရေးကြောင့်ဆိုပြီးတော့လည်း ရေးသားနေကြတာတွေ့ရပါတယ်။ အချက်အ လက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ အဓိကျတဲ့စကားလုံးအသုံးပြုရှာဖွေကြည့်ရာမှာ ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ထဲမှာအမြောက်အများ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ၂၀၁၉ […]

Continue Reading

Fact Check: သတင်းတုနဲ့အကြောင်းအရာမှားတွေပေးပြီး ကြော်ငြာနေတဲ့ Gluco Pro ဆီးချိုဆေး တကယ်မလုပ်မဖြစ်ပါ

 á€™á€źá€”်မဏနိုင်ငလက ထင်ရှားကျော်ကြားတဲ့ ဒေါက်တာတစ်ယောက်ဟာ Glucopro ကိုသောက်ဖို့ ညွှန်းတယ်ဆိုပြီး လူတွေကိုနားလည်မှုလွဲစေနိုင်တဲ့ ကြေညာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြားမှာပျံ့နှံ့လျှက်ရှိပါတယ်။ မြန်မာနိုင်ငံက endocrinologist၊ တီထွင်သူ၊ ပါမောက္ခ၊ ပညာရှင်၊ နိုဘယ်ဆုနဲ့ အခြားဆေးဘက်ဆိုင်ရာဆုများ အများအပြားရှိတဲ့ Surya Swandito ဆီးချိုရောဂါဖြင့် ရုန်းကန်ခဲ့ရပေမဲ့ အခု GlucoPRO သောက်လို့ပျောက်ပြီလို့ လည်း ဆေးကြော်ငြာကဆိုပါတယ်။ သတင်းတုဖြစ်ပါတယ်။ အဟာရဖြည့်စွက်ဆေးတစ်ခုကို ၂၀၁၇ ခုနှစ်က သေဆုံးသွားပြီဖြစ်တဲ့ အပြင်မှာတကယ်မရှိတော့တဲ့ ဂျပန်ဆရာဝန်တစ်ဦးကို အသုံးပြုပြီး ကြော်ငြာထားတာ တွေ့ရပါတယ်။ တကယ်တော့ ဒီဆေးဟာ တကယ်ပဲ ပြောသလိုအစွမ်းရှိတယ်ဆိုတဲ့အထောက် အထားလည်းမရှိပါဘူး။ အောက်ပါစာသားကတော့ ဘလော့ဂ်ပို့စ်ပါ ဆေးကြော်ငြာထဲက ကောက်နှုတ်ချက်အဖြစ်ပါတယ်။ “ဆီးချိုရောဂါက ကုသလို့ရပြီး ကျန်းမာစွာသင်နေထိုင်နိုင်ပါတယ် အသက် ၉၀ ရှိတဲ့မြန်မာလူမျိုးက သူရဲ့ဆီးချိုရောဂါသက်သာနည်းလျှို့ဝှက်ချက်ကိုဝေမျှခဲ့တယ် မြန်မာနိုင်ငံ၏ ကျော်ကြားသော […]

Continue Reading

Fact Check: ထိုင်းလိပ်ကျွန်းလူသတ်မှုက ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ပြန်လွတ်ပြီဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာလိပ်ကျွန်းလူသတ်မှုလို့ လူသိများတဲ့ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ဗြိတိန်  ၂ ယောက်ကို သတ်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျနေတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးပြန်လည်လွတ်မြောက်လာပြီ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဩဂုတ် ၂၈ ရက်ကပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါကောက်နှုတ်ချက်ဖော်ပြချက်ဖြစ်ပါတယ်။  “ဒေါ်လာ ၂ သန်းနစ်နာကြေးရရှိပြီး ပြန်လွတ်လာပါပြီ ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသ.တ်မှုမှာ စွတ်စွဲခံရမှုနဲ့ အကျဉ်းကျခံ ကိုဝင်းဇော်ထွန်း နဲ့ ကိုမောင်ဇော်လင်း နှစ်ဦးကို အမိန့် ရုပ်သိမ်းပီးပြီး အမှုကိုဖျက်သိမ်းပီးပြီး လွတ်ငြိမ်းခွင့်ပေးဖို့ ထိုင်းဘုရင်မင်းမြတ်မှ အမိန့်ပေးလိုက်ပါသည် ထိုင်းဘုရင် ပေ့ခ်ျပေါ်မှာ မြန်မာနိုင်ငံသားများက အသနားခံစာ ရေးသားချက်များကို ထိုင်းဘုရင်သိရှိရပြီးနောက် လူသားချင်း စာဏာကာ အိမ်နီးချင်းကောင်း ပီသစွာ ပြသခြင်းဖြင့် […]

Continue Reading

Fact Check: ချေးငွေလုပ်ငန်းအယောင်ဆောင်ဖေ့စ်ဘွတ်စာမျက်နှာတွေဖြစ်တယ်-မယုံပါနဲ့

မြန်မာနိုင်ငံက နာမည်ရှိ စီးပွားရေးလုပ်ငန်းတွေရဲ့အမည်ကို ဆင်တူယိုးမှားအသုံးပြုပြီး အွန်လိုင်းကနေ ငွေချေးနိုင်တယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါင်းများရှိနေပါတယ်။ ပိုက်ဆံ အမှန်တကယ် လိုအပ်နေတဲ့ မသိနားမလည်သူတွေကို ပစ်မှတ်ထားပြီးလိမ်လည်လှည့်ဖြားနေတဲ့စာမျက်နှာတွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ချေးငွေလုပ်ငန်းအယောင်ဆောင်စာမျက်နှာတစ်ခုက ဖော်ပြထားတဲ့စာသား တွေပဲဖြစ်ပါတယ်။ ဒီစာသားတွေနဲ့အတူ ကျပ် ၁၀၀၀၀ တန်တွေ အထုပ်လိုက်တင်ထားတဲ့ ခုံရှည်တစ်ခုရှေ့မှာ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးယောက်ရပ်နေတဲ့ပုံကိုလည်းပါဝင်ပါတယ်။ “မင်္ဂလာပါရှင့် 🙏🙏 မြစိမ်းရောင်ချေးငွေလုပ်ငန်း မှ လူကြီးမင်းတို့ လုပ်ငန်းအတွက်လိုအပ်တဲ့ချေးငွေကိုလျောက်ထားနိုင်ပါပြီရှင် နေ့စဉ် နံနက် (7:30) မိနစ် မှ ညနေ (6:30) မိနစ်အထိရုံးဖွင့်လှစ်ထားပါတယ် (အတိုးငွေမှာ (1) ks တိုးနှုန်းဖြစ်ပါတယ်) (5)သိန်းကျပ် မှစတင်၍ ကျပ်သိန်း(500)ထိ ချေးငွေထုတ်ယူနိုင်ပါသည် (လစဉ်ပုံမှန်သာအတိုးကိုပေးဆောင်ရပါမည်) (ချေးငွေလျောက်ထားရန် အချက်လက် ဘာတွေလိုမလည်း) 1=အမည် နေရပ်လိပ်စာ အလုပ်အကိုင် 2=မှတ်ပုံတင်/ရှေ့/နောက်/နှစ်ပုံ 3=အိမ်ထောင်စုစရင်း […]

Continue Reading

Fact Check: မြန်မာဖုန်းပျောက်သူတွေ ဖုန်းပြန်ရှာဖို့အတွက် အီးမေးလ်ပို့ခိုင်းတဲ့ အချက်အလက်မှားပျံ့နှံ့

မြန်မာနိုင်ငံက ဖုန်းပျောက်သွားတဲ့သူတွေအနေနဲ့ အီးမေးလ်တစ်ခုကို မိမိတို့ရဲ့ ဖုန်း IMEI နံပါတ်ပို့မယ်ဆိုရင် ဖုန်း ဘယ်နေရာ ရောက်နေသလဲဆိုတာကိုသိရှိနိုင်ပြီး ပြန်လည်ရှာတွေ့စေဖို့အတွက် အထောက်အကူဖြစ်နိုင်မယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ အောက်ပါဓာတ်ပုံနဲ့စာသားတွေကတော့ ယခုရက်ပိုင်းအတွင်း ပြန်လည်ပျံ့နှံ့လာခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါ တယ်။  “Bus စီးရင်း ခါးပနှိုက်ခံရလို့ ဖုန်းပါသွားတာဖြစ်ဖြစ် အပြင်သွားရင် တစ်နေရာရာမှာဖုန်းမေ့ကျန်ခဲ့လို့ ပျောက်သွားတာဖြစ်ဖြစ် အသုံးဝင်စေမယ့် ဗဟုသုတပါ 👇🏻 အရေးပေါ်အခြေနေမျိုးအတွက် ဆေ့ဖ်ထားကြပါခင်ဗျ ❗ Credit ဝေမျှသူ” မူရင်းလင်ခ့် – FB link |  Archive link   ဓာတ်ပုံထဲမှာတော့ ဖုန်းပျောက်တဲ့သူတွေအနေနဲ့ ပထမဆုံး IMEI နံပါတ် ၁၅ လုံးကို [email protected] ကိုပေးပို့မယ်ဆိုရင် မိမိဖုန်းဆင်းကတ်ကိုဖြုတ်ပစ်လိုက်သည့်တိုင်အောင် ဖုန်းရဲ့တည်နေရာကို သိရှိအောင် အကြောင်းကြားစာပို့ပေးတယ်လို့လည်း […]

Continue Reading

Fact Check: ဗျိုင်းတွေမှာ အဖိုမရှိဘဲ အမသာရှိတယ်ဆိုတာမမှန်ပါ

လူအပါအဝင် အခြားသောသတ္တဝါတွေမှာ အဖိုအမ ရှိကြပေမဲ့ ဗျိုင်းတွေမှာ အဖိုရယ်လို့မရှိဘဲ အားလုံးအမတွေ ချည်းသာဖြစ်ပြီး မိုးခြိမ်းသံမှာ သာယာခြင်းဖြင့် ကိုယ်ဝန်ရကြတယ်ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြားကြိမ်ဖန်များစွာပျံ့နှံ့လျက်ရှိပါတယ်။  တကယ်တော့ ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။ အောက်ပါ စာသားအချို့ကတော့ ယနေ့ပျံ့နှံ့ခဲ့တဲ့ ဘလော့ဂ်ပို့စ်ပါစာသားတွေထဲကကောက်နုတ်ဖော်ပြ ချက်ဖြစ်ပါတယ်။ ဒီပြောဆိုချက်ဟာ ၂၀၂၀ ခုနှစ်လောက်ကတည်းကစတင်ပျံ့နှံ့ခဲ့တာတွေရပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ တူညီတဲ့ ပြောဆိုချက်ပါဝင်တဲ့ဖေ့စ်ဘွတ်ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။   â€œá€œá€°á€•ဲဖဟစ်စ္ ခွေးပဲဖြစ်စေ ဘယ်သတ္တဝါမဆို အဖိုရယ် အမရယ်လို့ နှစ်မျိုးစီရှိတတ်ကြပါတယ်၊ ဒါပေမဲ့ ဗျိုင်းတို့မှာ တော့ကား အဖိုဟူ၍ မရှိ အားလုံး အမ-တွေချည်းသာဖြစ်ပါတယ်။ ဒါဆို ဗျိုင်းမတွေ ဘယ်လိုကြောင့် အဥ အုနိုင်ကြတာပါလဲဆိုတဲ့ မေးခွန်းတက်လာနိုင်စရာအကြောင်းရှိပါတယ်၊ အဲဒီအတွက် အဖြေကတော့ ဗျိုင်းမတွေဟာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဆိုတဲ့သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်လာပြီဆိုတဲ့ သတင်းမှားတစ်ခု ခမာဘာသာနဲ့ “ផ្កាយ” လို့ရေးသားထားတဲ့ စာမျက်နှာကဖြန့်ဝေလျှက်ရှိပါတယ်။ ဒီစာမျက်နှာဟာ “အမေစုပြန်လွတ်ပြီ”လို့ ရေးသားထားသလို မျှဝေထား တဲ့ဗွီဒီယိုရုပ်ကပ်မှာလည်း “၁၃ ရက် လွတ်ပြီ ဟေ့ စိုးဝင်းတရားဝင်လက်မှတ်ရေး ထိုးလိုက်ပြီလို့ရေးသား ထားပါသေးတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဒီစာမျက်နှာဟာ ခေါင်းစဉ်အတုတွေပေးပြီး လူတွေကို စိတ်ဝင်စားမှုရယူ ဗွီဒီယိုကို ကြည့်ရှူ့မှု များအောင်လုပ်နေတဲ့ စာမျက်နှာတစ်ခုသာဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ KNU ထိန်းချုပ်မှုအောက်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအင်တာဗျူးတစ်ခုကို ဖြေဆိုနေတဲ့ ဗွီဒီယိုဖိုင်သာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ  အာဏာသိမ်းစစ်တပ်က စွပ်စွဲထားတဲ့ အမှုပေါင်းများစွာနဲ့ တရားရင်ဆိုင်နေရသလို စစ်တပ်ထိန်းချုပ်မှု အောက်မှာရှိတဲ့ တရားရုံးကနေ ထောင်ဒဏ်အများအပြားလည်း ချမှတ်ခံထားရပါတယ်။ […]

Continue Reading

Fact Check: ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်ပြန်လွတ်လာဆိုတဲ့ သတင်းတုသတင်းမှား     

ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်တို့ ပြန်လွတ်လာပြီး အသက်ရှင်လျှက်တွေ့ရလို့ ပြည်သူတွေအံ့သြကုန်တယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ ၄ ဦး ကြိုးပေးကွပ်မျက်မှုကို စစ်တပ်ဘက်ကအတည်ပြုထားပြီးဖြစ်သလို မီဒီယာတွေမှာလည်းဖော်ပြပြီးဖြစ်ပါတယ်။  ဒီလိုအခြေအနေမှာပဲ “ကိုဂျင်မီတို့ကိုဒီနေ့အသက်ရှင်လျှက်တွေ့ရလို့ပြည်သူတွေ အံ့သြကုန်။” ပို့စ်စာသားမှာ ရေးသားပြီး ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ၂ ဦးရဲ့ ဓာတ်ပုံပေါ်မှာလည်း “ကိုဂျင်နဲ့ကိုဖြိုးမသေပဲ အသက်ရှင်လျက် ဒီနေ့ထွက်လာလို့ ပြည်သူတွေအံ့ဩကုန်”လို့ ထပ်မံရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်တွေမှာမျှဝေထားတဲ့ ဘလော့ဂ်ပို့စ်လင့်ခ်တွေကို ထောက်ကြည့်လိုက်မယ်ဆိုရင် ယူကျူ့ ဗွီဒီယိုဖိုင်တစ်ခုကို ဦးတည်သွားပါတယ်။ ဘလော့ဂ်နဲ့ယူကျူ့ကနေ ကြော်ညာထိုးခတွေနဲ့ ဝင်ငွေရှာနေတဲ့ မီဒီယာပုံစံလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေက […]

Continue Reading

Fact Check: ၆ လအတွင်းတော်လှန်ရေး မအောင်ရင် အရှက်နဲ့ရင်ဆိုင်ရမယ်လို့ မန်းဝင်းခိုင်းသန်းပြောဆိုတဲ့သတင်းတု

၆ လအတွင်းတော်လှန်ရေး မအောင်ရင်အရှက်နဲ့ရင်ဆိုင်ရမယ်လို့ မန်းဝင်းခိုင်းသန်းပြောဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်ပါတယ်။  သတင်းစာဖြတ်ပိုင်းပါ သတင်းပုံစံဖန်တီးတဲ့ သတင်းခေါင်းစဉ်မှာ”တော်လှန်ရေးအား လာမည့် ၆ လအတွင်း အောင်မြင်စွာ အဆုံးသတ်ရန်နှင့် မအောင်မြင်ပါက အရှက်နှင့်သာ ရင်ဆိုင်ရနိုင်ကြောင်း မန်းဝင်းခိုင်သန်းပြော”လို့ ရေးသားထားသလို သတင်းစာသားရဲ့အစမှာ “အောက်တိုဘာလ ၁၉ ရက်က ကျင်းပသည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၈/၂၀၂၁) တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။”လို့လည်း ရေးသားထားပါတယ်။   â€œHtun Aung Hlaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “အောက်တိုဘာလ ၁၉ ရက်က ကျင်းပသည့် အမျိုးသားညီညွတ်ရေး […]

Continue Reading