Fact Check: ဘီလာရုစ်သမ္မတကို ယူကရိန်းထောက်လှမ်းရေးက ဖမ်းသွားတဲ့ပုံဟာ AI အသုံးပြုဖန်တီးထားခြင်းဖြစ်တယ်  

ယူကရိန်းနိုင်ငံရဲ့ ထောက်လှမ်းရေးအထူးတပ်ဖွဲ့ဝင်တွေဟာ ဘီလာရုစ်သမ္မတ လူကာရှင်ကို(Lukashenko)ကို သူ့နိုင်ငံထဲအထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုဖြန့်ဝေမှုတခုဖြစ်ပြီး ဓာတ်ပုံဟာ ဉာဏ်ရည်တု နည်းပညာ(AI)အသုံးပြု ပြုလုပ်ထားခြင်းဖြစ်တာတွေ့ရတယ်။  ဒီလိုပြောဆိုချက်တွေပါဝင်တဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့ပြောဆိုမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ယူကရိန်းတိုက်ခိုက်ရေးသမားများက ဘီလာရုစ်နိုင်ငံပိုင်နက်အတွင်းမှ လူကာရှင်ကိုကို တိုက်ရိုက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုထားသည်။ SBU နှင့် HUR အထူးတပ်ဖွဲ့ဝင်အုပ်စုတစ်စုသည် ဤစစ်ပွဲအတွင်း အရဲရင့်ဆုံး စစ်ဆင်ရေးများထဲမှ တစ်ခုကို ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ယူကရိန်းတပ်ဖွဲ့ဝင်များသည် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး လူကာရှင်ကို၏ နေအိမ်လုံခြုံရေးတပ်ဖွဲ့ကို လျင်မြန်စွာ ချေမှုန်းကာ အလက်ဇန္ဒား လူကာရှင်ကိုကို ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။ စစ်ဆင်ရေးသည် […]

Continue Reading

Fact Check: အိန္ဒိယမှာ တန်ခိုးရှိတယ်လို့ ယူဆပြီး ပျံသန်းဖို့ ကြိုးစားရင်း ဟိန္ဒူ ဘုန်းတော်ကြီး တပါး ပြုတ်ကျသေဆုံးမှုလား- မဟုတ်ပါ

အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒေ့ရှ်(Andhra Pradesh)ပြည်နယ်မှာ တန်ခိုးရှိပြီး ပျံသန်းနိုင်တယ်လို့ ယုံကြည်ခဲ့တဲ့ ဟိန္ဒူဘုန်းတော်ကြီး တပါး ပျံသန်းပွဲအခမ်းအနားမှာပဲ ကမ်းပါးက လိမ့်ကျသေဆုံးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့အတူ  ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရတယ်။နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမျှဝေမှုသာ ဖြစ်တယ်။   ဘာသာရေးပွဲတခုလို့ ယူဆရတဲ့ ပွဲတခုကို ဟိန္ဒူဘုန်းတော်ကြီးတပါးက ယုံကြည်သူတွေနဲ့ ခြံရံလျက် တောင်စွန်း တခုမှာပြုလုပ်နေတာ ဒီဗွီဒီယိုထဲမှာ မြင်တွေ့ရပြီး မကြာခင်မှာပဲ ဘုန်းတော်ကြီးဟာ တောင်အောက်ကို ပြုတ်ကျသွားခဲ့တာတွေ့ရပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ Burma Insight အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ ဒီပို့စ်ဟာ လက်ရှိအချိန်အထိ ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်နဲ့ ကြည့်ရှု့မှုပေါင်း ၅ သိန်းဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုကို  ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း […]

Continue Reading

Fact Check: NUG ကို လက်နက်ပေးဖို့ အမေရိကန် ကတိပြုတဲ့ သတင်းမှား

NUG ကို လက်နက်ပေးဖို့ အမေရိကန် ကတိပြုလိုက်ပြီး စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် NUG ဟာ အမေရိကန်ရဲ့ အကူအညီရပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “NUG ကို လက်နက်ပေးဖို့ US ကတိပြု တရုတ်အားကိုးနဲ့ အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို  တိုက်ခိုက်ဖို့ NUGကို စစ်ကူပေးလာပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  ဒီလို လက်နက်အကူအညီ NUG ကိုပေးမယ့်အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ၊ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေဖော်ပြချက် မတွေ့ရပါဘူး။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒဟာ […]

Continue Reading

Fact Check: ကြွက်နားရွက်မှို၊ တရုတ်ဇီးဖြူသီး၊ ဂျင်း က နှလုံးသွေးကြောကျဉ်းရောဂါ ပျောက်ကင်းစေသလား- အထောက်အထားမရှိပါ

ကြွက်နားရွက်မှို၊ တရုတ်ဇီးသီး၊ ဂျင်း ကို ကျိုချက်သောက်ခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါကို  ၇ ရက် အတွင်းပျောက်ကင်းစေတယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု ပြန်လည် အားကောင်းနေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ခွဲစိပ်ခါနီး လူနာဟာ ကြွက်နားရွက်မှို၊ တရုတ်ဇီးသီး၊ ဂျင်း ကို ဆားအနည်းငယ်ရောပြီး ရေ ၆ ခွက်ထည့် ၂ ခွက်ကျန်အောင် ကျိုချက်သောက်လိုက်ရုံဖြင့် ‌ရောဂါ အရှင်းပျောက်ကင်းသွားတယ်လို့ ဆိုပြီး ဒီဆေးနည်းကို မူလမျှဝေသူ ဒါမှမဟုတ် လက်တွေ့ ပျောက်ကင်းသွား သူဟာ “Ko Sai”လို့လည်း ဆိုထားပါတယ် ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရတယ်။ […]

Continue Reading

Fact Check: KNU ဆီက ထွက်ပြေးသွားတဲ့ PDF တွေကို ထိုင်းရဲက ဖမ်းဆီးမှုလား – အထောက်အထားမရှိပါ 

KNU လက်အောက်ကနေ ထွက်ပြေးသွားတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီးမှု လို့ဆိုပြီး ဓာတ်ပုံတပုံနဲ့ အတူ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။  ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “KNU လက်အောက်ခံဘဝမှ ထွက်ပြေးပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်သွားကြတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီး။ KNU လက်အောက်ခံဘဝမှ ထွက်ပြေးပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်သွားကြတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီး” Original link | Archive […]

Continue Reading

Fact Check: အီရန်ခေါင်းဆောင် ခါမေနီ ပြည်ပကို ထွက်ပြေးသွားပြီလား- အထောက်အထားမရှိပါ

သီတင်းပတ် ၂ ပတ်ထက်မနည်း ကြာမြင့်လာပြီဖြစ်တဲ့ အီရန် လူထုအုံကြွမှုမှာ လူအများအပြား သေဆုံးခဲ့ရ ပြီးနောက် အီရန်ရဲ့ သက်တော်ရှည် အာဏာရှင် ခါမေနီ ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားပြီဆိုတဲ့ ပြောဆိုချက်တွေ ပျံ့နှံ့နေတာတွေ့ရတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မဟုတ်ဘဲ ကောလာဟလ ဖြန့်ဝေမှုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇန်နဝါရီ ၁၂ ရက်မှာ စတင်ပျံ့နှံ့လာတဲ့ ဒီတူညီတဲ့ ပြောဆိုချက်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာလည်း တွေ့ရတယ်။  “အီရန် အီစလမ်မစ် ခေါင်းဆောင် အီရန်ကနေ ထွက်ပြေးသွားပြီဟုသိရ” Original link | Archive link အချက်အလက်စိစစ်ချက် အီရန်နိုင်ငံသုံးငွေကြေးဟာ ရုတ်တရက် တန်ဖိုးကျဆင်းသွားပြီးနောက် ဒီဇင်ဘာ […]

Continue Reading

Fact Check: မြန်မာစစ်ခေါင်းဆောင်ကို ICC က ဖမ်းဆီးမိန့်ကြေညာတဲ့ သတင်းတု 

မြန်မာစစ်ခေါင်းဆောင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဆီးမိန့်ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ICC ချက်ချင်း ဖမ်းဝရမ်းထုတ်ပြီ မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ ICC ရှေ့နေချုပ် အရေးပေါ် အမိန့်ကြေညာ၊ နေပြည်တော်အထိ ဖမ်းမိန့်ကျလာပြီ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့နာမည်ကို တုပပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်း အရာတွေကို ပြန်လည်ဖော်ပြတာနဲ့ လုပ်ကြံပြောဆိုချက် တွေ ဖြန့်ဝေလေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း […]

Continue Reading

Fact Check: မိုးကုတ်နဲ့ မိုးမိတ်မှာ PDF က TNLA ကို ပြန်တိုက်တဲ့ သတင်းတု 

မိုးကုတ်၊ မိုးမိတ်ကနေ မောင်းထုတ်လို့ တအာင်းတပ် TNLA ကို PDF က ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပြီး ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်ပြီး သတင်းတု တခုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူပဲ မိုးကုတ်ကို အရပ်ဝတ်နဲ့ ဝင်လာတဲ့ စစ်တပ်ကို PDF တွေက တိုက်ခိုက်လို့ သေဆုံးခဲ့တယ်လို့ ရေးသားမျှဝေမှုကို ဒီနေရာမှာကြည့်ပါ။ “နိုဝင်ဘာ( ၂၆ )ရက် သစ္စာဖောက် TNLA(၇၀)သေဆုံး မိုးကုတ်နဲ့မိုးမြိတ်က PDF အဖွဲ့များကို ခွေးလိုမောင်းထုတ်နေတဲ့ TNLA PDF တပ်များပြန်ချပြီ၊ စစ်ကား(၁၅)စီး မိုင်းထိမှန်ပေါက်ကွဲ” Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: TNLA က စစ်ကိုင်းကို ပေးပို့မယ်လက်နက်တွေလား – မဟုတ်ပါ 

TNLA က စစ်ကိုင်းမြို့သိမ်းတိုက်ပွဲအတွက် ပေးပို့မယ့် လက်နက်တွေကို စစ်တပ်က သိမ်းဆည်းရမိတယ် ဆိုတဲ့ပြောဆိုချက်နဲ့အတူ လက်နက်နဲ့ ခဲယမ်းဓာတ်ပုံတွေနဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုနဲ့ ဓာတ်ပုံဟောင်းတွေကို ပြန်လည်ဖြန့်ချိနေခြင်ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “TNLA မှ စစ်ကိုင်းသို့ပေးပို့လက်နက်များ ဖမ်းမိ ပမာဏအလွန်များပြား။ ထို ဖမ်းဆီးခံရမှုကြောင့် PDF များ၏ စစ်ကိုင်းမြို့သိမ်း စစ်ဆင်ရေးမျှော်လင့်ချက် အရောင်မှိန်သွားခဲ့သည်။ ဒီလက်နက်တွေ လမ်းမှာသာ မမိခဲ့ရင် အခုချိန် စစ်ကိုင်းအတွက် မတွေးရဲစရာပဲ 🇲🇲#ဘကြီးအောင်” Original link | Archive link […]

Continue Reading

Fact Check: နကျယ်အုံနဲ့ ပျားရည်ရောစပ် စားသုံးရင် လေမဖြတ်ဘူးဆိုတဲ့ သတင်းမှား 

နကျယ်အုံနဲ့ ပျားရည်ရောစပ်ပြီး တကြိမ်တခါ စားသုံးပေးရုံနဲ့ လေမဖြတ်ဘူးဆိုတဲ့ ပို့စ်တွေဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာထားတဲ့ အထောက်အထား မရှိတာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “နဂျီအုံရှာမယ် အကောင်ပေါက်ပြီးသား နဂျီအုံ ဒါကပံသကူဖြစ်နေပါပြီ။ သားပေါက်မရှိတဲ့နဂျီအုံကအပေါက် ပွင့်နေပါတယ် အုံမှာအပေါက်ပွင့်နေတာပါသေချာထုတ်ယူပါ။အမှုန့်ထောင်းပါ့မယ်။ပြီးမှအဝတ်ပါးပါးနဲ့စကာချပါ။ ဂဲသေးသေးလေးများပါတတ်လို့ပါ။ စကာချပြီးသား နဂျီအုံအမှုန့်ကို ပျားရည်စစ်နဲ့ရောပါ။ မန်ကျည်းစေ့ခန့် အလုံး သုံးလုံံး လုံးပါ။ ဒါကို တနေ့တစ်လုံး သုံးရက်ဆက်တိုက်စားပါတစ်နှစ်လုံး လေမဖြတ်တော့ပါဘူး။ ဆေးစစားတဲ့ နေ့စွဲကိုမှတ်ထားပါ နောက်နှစ်ဒီအချိန်မှာဒီနည်းအတိုင်း ပြန်စားပါ။ ေ ၊သသည်အထိမှန်မှန်စားမယ်ဆိုရင် ေ ၊သသည်အထိ လေမဖြတ်တော့ပါ။လွယ်ကူထိရောက်သောနည်းကောင်းတခုဖြစ်ပါတယ်။”  Original link […]

Continue Reading