Fact Check: မြန်မာစစ်ခေါင်းဆောင်ကို ICC က ဖမ်းဆီးမိန့်ကြေညာတဲ့ သတင်းတု 

မြန်မာစစ်ခေါင်းဆောင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဆီးမိန့်ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ICC ချက်ချင်း ဖမ်းဝရမ်းထုတ်ပြီ မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ ICC ရှေ့နေချုပ် အရေးပေါ် အမိန့်ကြေညာ၊ နေပြည်တော်အထိ ဖမ်းမိန့်ကျလာပြီ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့နာမည်ကို တုပပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်း အရာတွေကို ပြန်လည်ဖော်ပြတာနဲ့ လုပ်ကြံပြောဆိုချက် တွေ ဖြန့်ဝေလေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း […]

Continue Reading

Fact Check: မိုးကုတ်နဲ့ မိုးမိတ်မှာ PDF က TNLA ကို ပြန်တိုက်တဲ့ သတင်းတု 

မိုးကုတ်၊ မိုးမိတ်ကနေ မောင်းထုတ်လို့ တအာင်းတပ် TNLA ကို PDF က ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပြီး ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်ပြီး သတင်းတု တခုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူပဲ မိုးကုတ်ကို အရပ်ဝတ်နဲ့ ဝင်လာတဲ့ စစ်တပ်ကို PDF တွေက တိုက်ခိုက်လို့ သေဆုံးခဲ့တယ်လို့ ရေးသားမျှဝေမှုကို ဒီနေရာမှာကြည့်ပါ။ “နိုဝင်ဘာ( ၂၆ )ရက် သစ္စာဖောက် TNLA(၇၀)သေဆုံး မိုးကုတ်နဲ့မိုးမြိတ်က PDF အဖွဲ့များကို ခွေးလိုမောင်းထုတ်နေတဲ့ TNLA PDF တပ်များပြန်ချပြီ၊ စစ်ကား(၁၅)စီး မိုင်းထိမှန်ပေါက်ကွဲ” Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: TNLA က စစ်ကိုင်းကို ပေးပို့မယ်လက်နက်တွေလား – မဟုတ်ပါ 

TNLA က စစ်ကိုင်းမြို့သိမ်းတိုက်ပွဲအတွက် ပေးပို့မယ့် လက်နက်တွေကို စစ်တပ်က သိမ်းဆည်းရမိတယ် ဆိုတဲ့ပြောဆိုချက်နဲ့အတူ လက်နက်နဲ့ ခဲယမ်းဓာတ်ပုံတွေနဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုနဲ့ ဓာတ်ပုံဟောင်းတွေကို ပြန်လည်ဖြန့်ချိနေခြင်ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “TNLA မှ စစ်ကိုင်းသို့ပေးပို့လက်နက်များ ဖမ်းမိ ပမာဏအလွန်များပြား။ ထို ဖမ်းဆီးခံရမှုကြောင့် PDF များ၏ စစ်ကိုင်းမြို့သိမ်း စစ်ဆင်ရေးမျှော်လင့်ချက် အရောင်မှိန်သွားခဲ့သည်။ ဒီလက်နက်တွေ လမ်းမှာသာ မမိခဲ့ရင် အခုချိန် စစ်ကိုင်းအတွက် မတွေးရဲစရာပဲ 🇲🇲#ဘကြီးအောင်” Original link | Archive link […]

Continue Reading

Fact Check: နကျယ်အုံနဲ့ ပျားရည်ရောစပ် စားသုံးရင် လေမဖြတ်ဘူးဆိုတဲ့ သတင်းမှား 

နကျယ်အုံနဲ့ ပျားရည်ရောစပ်ပြီး တကြိမ်တခါ စားသုံးပေးရုံနဲ့ လေမဖြတ်ဘူးဆိုတဲ့ ပို့စ်တွေဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာထားတဲ့ အထောက်အထား မရှိတာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “နဂျီအုံရှာမယ် အကောင်ပေါက်ပြီးသား နဂျီအုံ ဒါကပံသကူဖြစ်နေပါပြီ။ သားပေါက်မရှိတဲ့နဂျီအုံကအပေါက် ပွင့်နေပါတယ် အုံမှာအပေါက်ပွင့်နေတာပါသေချာထုတ်ယူပါ။အမှုန့်ထောင်းပါ့မယ်။ပြီးမှအဝတ်ပါးပါးနဲ့စကာချပါ။ ဂဲသေးသေးလေးများပါတတ်လို့ပါ။ စကာချပြီးသား နဂျီအုံအမှုန့်ကို ပျားရည်စစ်နဲ့ရောပါ။ မန်ကျည်းစေ့ခန့် အလုံး သုံးလုံံး လုံးပါ။ ဒါကို တနေ့တစ်လုံး သုံးရက်ဆက်တိုက်စားပါတစ်နှစ်လုံး လေမဖြတ်တော့ပါဘူး။ ဆေးစစားတဲ့ နေ့စွဲကိုမှတ်ထားပါ နောက်နှစ်ဒီအချိန်မှာဒီနည်းအတိုင်း ပြန်စားပါ။ ေ ၊သသည်အထိမှန်မှန်စားမယ်ဆိုရင် ေ ၊သသည်အထိ လေမဖြတ်တော့ပါ။လွယ်ကူထိရောက်သောနည်းကောင်းတခုဖြစ်ပါတယ်။”  Original link […]

Continue Reading

Fact Check: ငါးနုသန်းနဲ့ ဒန့်သလွန်ရွက်ဟင်း သွေးတိုးရောဂါကို အမြတ်ပြတ် စေသလား- အထောက်အထားမရှိပါ

ငါးနုသန်းနဲ့ ဒန့်သလွန်ရွက်ကို ၁၀ ရက်ဆက်တိုက် ချက်စားရင် သွေးတိုးရောဂါအမြစ်ပြတ် ပျောက်ကင်းတယ် ဆိုပြီး ပို့စ်တွေဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှု တွေသာဖြစ်တယ်။ တကယ်တော့ သိပ္ပံနည်းကျ လေ့လာထားတဲ့ အထောက်အထား မရှိတာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ငါးနုသန်းဟာ မြန်မာအခေါ်အဝေါ် ကြောင်ငါးလို့ လူသိများတဲ့ နှုတ်ခမ်းမွေးပါတဲ့ ငါးအုပ်စုဝင်ဖြစ်တယ်။  ငါးတွေဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အိုမီဂါ-၃ ပါဝင်သလို ဒန့်သလွန်ရွက်ဟာလည်း သွေးတိုးကျစေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဖလာဗိုနွိုက်(flavonoids)၊ ဖိနောလစ်(phenolics)နဲ့ အက်စထွာဂလင်း(astragalin)တို့ပါဝင်တယ်။ ဒါပေမဲ့ […]

Continue Reading

Fact Check: မြိုင်ကြီးငူတွေ့ဆုံပွဲအပြီး KNA က ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သလား- မဟုတ်ပါ 

ကရင်ပြည်နယ်အနေနဲ့ နိုင်ငံတော်မှ ခွဲထွက်မှာ မဟုတ်ကြောင်းအပါအဝင် လောကပါလတရားထွန်းကားရေး အပါအဝင် စစ်တပ်ရဲ့ ဒို့တာဝန်အရေးသုံးပါး ဆောင်ပုဒ်ကို ဦးထိပ်တားတယ်လို့ ဆိုလိုထားတဲ့ ကရင်အမျိုးသား တပ်မတော်(KNA) ထုတ်ပြန်ချက်ဆိုတဲ့ ဓာတ်ပုံပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။ ဒီလိုထုတ်ပြန်ခဲ့တာမရှိကြောင်း KNA တာဝန်ရှိသူက ငြင်းဆိုထားတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ကရင်အမျိုးသားတပ်မတော် ( KNA ) ၏  သဘောထားထုတ်ပြန်ချက်များထဲမှ အချက် (၅) ချက်ကို ကြည့်ခြင်းအားဖြင့် အကောင်းဘက်ကိုဆောင်၍ ငြိမ်းချမ်းရေးကို ဦးတည်ခြင်းဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ် ။  ကရင်ပြည်နယ်ကြီး မငြိမ်းချမ်းအောင် လုပ်ဆောင်နေသည့်အဖွဲ့များနှင့် ပြည်ထောင်စုမှ ခွဲထွက်ပြီး ကော်သူလေ နိုင်ငံတည်ထောင်မည်ဟု […]

Continue Reading

Fact Check: ထိုင်းတိုက်လေယာဉ်ကို ကမ္ဘောဒီးယားပစ်ချတဲ့ ဗွီဒီယိုလား-မဟုတ်ပါ 

ဇူလိုင် ၂၄ ရက်မှာ ရုတ်တရက် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်အရေးနဲ့ပတ်သက်ပြီး အပြန်အလှန် တိုက်ခိုက်မှု တွေဖြစ်ပွားပြီး‌နောက် ထိုင်းတိုက်လေယာဉ်ကို ကမ္ဘောဒီးယားပစ်ချတဲ့ ဗွီဒီယိုဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။ ဗွီဒီယိုဟာ လက်ရှိဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ကမ္ဘောဒီးယားက ထိုင်း F16  တိုက်လေယာဉ်ကို ပစ်ချခဲ့ပါတယ်။” Original link | Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုပြီး ဗွီဒီယိုပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ရုရှား UAV တစင်းကို ယူကရိန်းက ဖျက်ချခဲ့တဲ့ […]

Continue Reading

Fact Check: ရေနွေးဖြူသောက်ရင် ကင်ဆာ၊သွေးတိုးအပါအဝင်ရောဂါ ‌ပေါင်းစုံ ပျောက်တယ်ဆိုတာ အထောက်အထားမရှိပါ

ရေနွေးဖြူကို ပုံမှန်သောက်သုံးမယ်ဆိုရင် ကင်ဆာနဲ့ သွေးတိုးအပါအဝင် နာတာရှည်ရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်တခုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ရဲ့ အစိတ်အပိုင်းကို ရယူထားခြင်းဖြစ်တယ်။ ရှည်လျားစွာဖော်ပြထားတဲ့ ရေးနွေးသောက်ခြင်းဖြင့် ပျောက်ကင်းတယ်ဆိုတဲ့ ရောဂါများစွာလည်းပါဝင်တဲ့ ပို့စ်ပါ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါ။  “ရေဖြူကိုကြိုချက် အအေးခံပြီး ရေ အဖြင့်ပြန်သောက် တခါသောက်ရင် ငါးကြင်းဖန်အလတ်စား ၅ခွက်ဝင် အောင်သောက် သင်တို့ခန္ဓာကိုယ်က ရောဂါအားလုံးနီးနီးနိုင် သွေးတိုး ဆီးချို ရင်တုန် အမောလွယ် အမြင်မှုန် ရက်ပိုင်း  လပိုင်းအတွင်းကို ပျောက်တယ် နောက်ဆုံး ကင်ဆာ ရောဂါပါပျောက်တယ် အစွဲတော့ […]

Continue Reading

Fact Check: ဗီးနပ်စ်ဂြိုဟ်က မြင်ရတဲ့ ကောင်းကင်ဘုံ ဓာတ်ပုံလား – မဟုတ်ပါ

ဗီးနပ်စ်ဂြိုဟ်က မြင်ရတဲ့ ကောင်းကင်ဘုံ ဓာတ်ပုံလို့ ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နှင်းခဲတွေ လွှမ်းနေပြီး ရွှေရောင်အဆင်းဝင်းပြီး တောက်ပဲ အဆောက်အဦးကြီးတွေ တည်ရှိနေဟန်နဲ့ ကောင်းကင်ဘုံလို့ဆိုထားတဲ့ ဒီဓာတ်ပုံဟာ ဇန်နဝါရီ လလယ်ပိုင်းလောင်က စပြီး မြန်မာဘာသာအသုံးပြုသူတွေအကြားမှာ စတင်ပျံ့နှံ့ခဲ့ပြီး လက်ရှိအချိန်အထိလည်း ပျံ့နှံ့မှုအားကောင်းနေပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံနဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “ဗီးနပ်စ်ကနေ မြင်ရတဲ့ ကောင်းကင်ဘုံရဲ့ ပထမဆုံး ဓာတ်ပုံ။  First picture of heaven seen from venus” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ […]

Continue Reading

Fact Check: ပုံဟောင်းတွေကို အမြန်လမ်းမှာ လက်ရှိ ရေကြီးနေတဲ့ ဓာတ်ပုံအဖြစ် ဖြန့်ဝေနေ

မိုင်တိုင် ၃၅၄ ကနေ ၃၅၇ အထိ အမြန်လမ်းတလျှောက် ရေကြီးရေလျှံမှုဖြစ်ပြီး ရန်ကုန် – မန္တလေး အမြန်လမ်း လုံးဝ ပိတ်သွားပါပြီလို့ ဆိုထားတဲ့ ပို့စ်စက်တင်ဘာ ၂၇ ရက်မှာ ဖေ့စ်ဘွတ်မှာ ထပ်မံပျံ့နှံ့လျှက်ရှိတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား ဖြစ်တယ်။ စက်တင်ဘာ ၁၃ ရက်က အမြန်လမ်း ရေကျော်မူသတင်းကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “ရန်ကုန် – မန္တလေး အမြန်လမ်း လုံးဝ ပိတ်သွားပါပြီ၊ မိုင်တိုင် ၃၅၄၊ ၃၅၅၊ ၃၅၆၊ ၃၅၇ လုံးဝ အခြေအနေ မကောင်းပါ။ ရန်ကုန်ဖက်မှ တက်လာမယ့် ကားရော၊ မန္တလေးဖက်မှ ဆင်းလာမယ့် ကားတွေရော လှည့်ပြန်ကြပါ။ လမ်းပြန်ပွင့်မလားဆိုပြီး မစောင့်ကြပါနဲ့။ […]

Continue Reading