Fact Check: မဲစိစစ်တာနဲ့ပတ်သက်ပြီး တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်တယ်ဆိုတဲ့ သတင်းအမှား

မဲလိမ်တာတွေရှိတာကြောင့် တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးဖို့ တပ်မတော်မဲစိစစ်ရေးကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်ကတောင်းပန်းလိုက်ပြီး တပ်မတော်ဘက်ကလည်း ဥပဒေဘောင်အတွင်းကပဲ စကားပြောမယ်လို့ တုန့်ပြန်လိုက်တယ်ဆိုတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ “မေမေနိုင်ပြီလို့ အောင်ပွဲခံနေတဲ့ ဆရာများ သို့”လို့ ခေါင်းစဉ်တပ်ထားပြီး “ဒီနေ့ ဘာတွေထူးသွားလဲဆိုတာ- လူငယ်တွေရဲ့ ပါတီအပေါ် စေတနာနဲ့ မှားခဲ့တဲ့မဲ လိမ်လည်မှုတွေရှိခဲ့ပါတယ် ဒါကို တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးပါရန် တပ်မတော် မဲစီစစ်ရေးကော်မရှင်အား တောင်းဆိုလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ တောင်းပန်စကား -တပ်မတော်ကလဲ လုပ်စရာရှိတာကို ဥပဒေဘောင်အတွင်းကပဲ စကားပြောပါ့မယ်လို့ တုန့်ပြန်ပြောဆိုလိုက်တဲ့ မဲစီစစ်ရေးကော်မရှင်ရဲ့ တိကျတဲ့စကား -မဲရုံစောင့် ဆရာမတွေကို စစ်ဆေးရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရာမှာ မဲစာရွက်အတုတွေကို ပြည်သူကိုပေးပြီး အစစ်တွေကို သူတို့ကိုယ်တိုင် nld ကိုမဲပေးခဲ့ကြောင်း ၊ ပြည်သူတွေရဲ့ မဲပုံးကို အလုံးလိုက်ချိန်းပြီး ကော်မရှင်ရုံးသို့ […]

Continue Reading

Fact Check: – တောင်ဒဂုံက အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁)မှာ မဲပေးသူဦးရေထက် ၁၀မဲပိုနေခဲ့တယ်ဆိုတာမဟုတ်ပါ

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁) မှာ မဲပေးသူ ဦးရေထက် ၁၀မဲပိုနေခဲ့တယ်ဆိုပြီးရေးသားမျှဝေထားတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံခဲ့တဲ့ပို့စ်ဟာ သတင်းတု သတင်းမှားဖြစ်တာ တွေ့ရပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ မဲရုံတစ်ရုံက မဲစာရင်းရလာဒ် ပုံစံလို့ထင်ရတဲ့ ဓာတ်ပုံတစ်ပုံနဲ့ အတူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁) မှာ မဲပေးသူ ဦးရေထက် ၁၀မဲပိုနေခဲ့ တာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က လက်မှတ်ထိုးပြီး အတည်ပြုပေးခဲ့တယ်လို့ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်။   ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှား ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဒီဇင်ဘာ ၇ ရက်ကထုတ်ပြန်ခဲ့ပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ သတင်းပုံစံနဲ့ရေးသားထားတဲ့ ဒီပို့စ်မှာ သတင်းရေးသားတဲ့ရက်ကို ဒီဇင်ဘာ ၂ လို့ ရက်စွဲ တပ်ထားပြီး လူမှုကွန်ယက်မှာ […]

Continue Reading

Fact Check: – အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသားအကြံပေး ၉၀ ခန့်ထားတယ်ဆိုတဲ့ သတင်းမှားဖြန့်

နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသား အကြံပေးတွေ ခေါ်ယူခံထားမှုကြောင့် လျို့ဝှက်ချက်တွေကို ပေါက်ကြားနေရတယ်လို့ ရေးသားမျှဝေလျက်ရှိတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ ခေါ်ယူ ထားတဲ့ နိုင်ငံခြားသား အကြံပေး ၉၀ ရှိပြီး နိုင်ငံတော် အဆင့် လျှို့ဝှက်ရမည့် ကိစ္စ ၊ စီးပွားရေး ၊ ပညာရေး ၊ လူမှူရေး ၊ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ဆက်ဆံရေး၊ တပ်မတော်ရဲ့ ထိပ်တန်းလျှိုဝှက်၊ နိုင်ငံရေးအခြေနေ ၊ နိုင်ငံတော် ရဲ့ ရှေ့ဆက်သွား မည့် မူဝါဒ လမ်းစဉ်များအား ပေါက်ကြား လျက်ရှိတယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။  နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသား အကြံပေး ၉၀ ခန့်ထားတယ်ဆိုတာ မဟုတ်ကြောင်း Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း […]

Continue Reading

Fact Check: ရွေးကောက်ပွဲပြန်လုပ်မပေးရင် ပြည်ခိုင်ဖြိးကိုယ်စားလှယ်များ လွှတ်တော်မတက်တော့လို့ သတင်းမှားဖြန့်

ရွေးကောက်ပွဲပြန်လုပ်မပေးရင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရ ကိုယ်စားလှယ်များ လွှတ်တော်မတက်တော့ဘူးလို့ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်က ပြန်လည်မျှဝေထားပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရ ပါတယ်။ “ရွေးကောက်ပွဲ ပြန်မလုပ်ပေးရင် ပြည်ခိုင်ဖြိုး အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ တတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေက နုတ်ထွက်ပါတော့မယ်။” လို့ရေးသားပြီး “Union Politics” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ နိုဝင်ဘာ ၃၀ ရက်က မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၀၀ ကျော်ရှိခဲ့ပါတယ်။ ဒီပို့စ်ကို screenshot ရိုက်ပြီး ပြန်လည်မျှဝေထားတာကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလို ရွေးကောက်ပွဲပြန်လည်ကျင်းပခြင်းမပြုရင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနိုင်ရ […]

Continue Reading

Fact Check: ကြံ့ခိုင်ရေးပါတီက UECကို ရဲအရေးပိုင်တဲ့အမှုနဲ့ တရားစွဲတယ်ဆိုတဲ့ သတင်းအမှား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရဲအရေးပိုင်တဲ့ ပုဒ်မ ၁၁၀၊ ၇၅၀နဲ့ နိုဝင်ဘာ ၂၈ရက်နေ့က တရားစွဲလိုက်ပြီဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေကြတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “UECကို ရဲအရေးပိုင် 110 .750 ပုဒ်မနဲ့ 28.11.2020 ရက်နေ့မှာ စတင်တရားစွဲလိုက်ပါပြီ”လို့ ရေးသားထားတဲ့စာကို screen shootရိုက်ထားတဲ့ ဓါတ်ပုံနဲ့အတူ “ထူးခြားသတင်းဆိုရင်တော့ ဒီသတင်းတစ်ပုဒ်ကတော့ ခိုင်မာပါတယ်ခင်ဗျာ”လို့ရေးသားကာ ပို့စ်တင်ကြတာကိုတွေ့ရပါတယ်။ အောက်ပါလင်ခ့်မှာ ကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားနေတဲ့ပို့စ်နဲ့ပတ်သက်တဲ့ အရေးသားမျိုးကို ပြည်တွင်းမီဒီတွေမှာဖော်ပြတာမတွေ့ရသလို ကြံ့ခိုင်ရေးပါတီရဲ့ လူမှုကွန်ယက်မှာလည်း ဒီလိုတရားစွဲလိုက်ကြောင်းကြေငြာထားတာမတွေ့ရပါဘူး။ နိုင်ဝင်ဘာလ ၂၆ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီသတင်းစာရှင်းလင်းပွဲမှာလည်း UECကို တရားစွဲမယ်ဆိုတာပြောဆိုခဲ့တာမရှိကြောင်း တွေ့ရပါတယ်။ကြံ့ခိုင်ရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ […]

Continue Reading

Fact Check: ရွေးကောက်ပွဲမှာ NLD နိုင်ရဖို့ မဲရုံမှုးတွေ ဉပဒေတွေချိုး ဖောက်ပြီး ဘက်လိုက်ခဲ့ကြောင်း UEC အဖွဲ့ဝင် ဦးမြင့်နိုင်ဝန်ခံတယ်လို့ သတင်းတုဖြန့်

ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနိုင်ရဖို့အတွက်မဲရုံမှုးတွေက ဉပဒေချိုးဖောက် ဘက်လိုက်ဆောင်ရွက်ခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင် ဦးမြင့်နိုင်ကဝန်ခံလိုက် တယ်ဆိုပြီး တော့ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကိုလူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းဝန်းကျင်က ပြန်လည်မျှဝေထားပါတယ်။  ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ UEC အဖွဲ့ဝင် ဦးမြင့်နိုင်ဓာတ်ပုံနှင့်အတူ NLD ပါတီကို အနိုင်ရစေလိုတဲ့ အတွက် မဲရုံမှူးတွေက တစ်ယောက်ထဲကနေ မဲနှစ်ကြိမ်ပေးခိုင်းတာ၊ မှတ်ပုံတင်မရှိသူ၊ သေဆုံးပြီးသူများကို မဲပေးခိုင်းတာ၊ အသက် (၁၈) နှစ်မပြည့်သေးသူကို မဲပေးခိုင်းတာ၊ NLD ပါတီကိုမဲပေးရင် ပယ်မဲဖြစ်သည့်တိုင် ပယ်မဲမလုပ်တာ၊ မဲရုံပိတ်ချိန် နောက်ပိုင်း မဲများပေးခိုင်းတာတွေ လုပ်ဆောင်ပေးခဲ့တာမှန်ကန်ကြောင်း UEC တွင်း/မှူး ဦးမြင့်နိုင်မှ ဝန်ခံ ပြောကြားလိုက်တယ်လို့ ရေးသားမျှဝေထားခြင်းဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း အလားတူ […]

Continue Reading

Fact Check: – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၆ ဦးနုတ်ထွက် စာတင်တယ်ဆိုတဲ့ သတင်းမှား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဉက္ကဌအပါအဝင် အဖွဲ့ဝင် ၆ ဦးထက်မနည်း နုတ်ထွက်စာတင်လိုက် တယ်ဆိုပြီးရေးသားမျှဝေထားတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ တပ်မတော်မှ စုံစမ်းစစ်ဆေးဖို့ မဲစာရင်းစာရွက်စာတမ်းများတောင်းကြည့်စဉ်မှာ  UEC ဉက္ကဌအပါအဝင် အဖွဲ့ဝင် ၆ ဦးထက်မနည်းနုတ်ထွက်သွားတာဖြစ်တယ် ပြောဆိုရေးသားမျှဝေနေတာ ဖြစ်ပါ တယ်။  ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှား ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီးကတည်းက ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ သတင်းတု သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတာ Fact Crescendo Myanmar အနေနဲ့ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။  “UEC ကော်မရှင်မှ ခေါင်းဆောင်အပါဝင် အဖွဲ့ဝင် ၆ ဦးထက်မနဲ နှုတ်ထွက်စာ တင်ခြင်း  တပ်မတော်မှ စုံစမ်းစစ်ဆေးရမည့် […]

Continue Reading

Fact Check: အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌနှုတ်ထွက်တာဟာ အဂတိမှုနဲ့ငြိစွန်တဲ့ အစိုးရအဖွဲ့နဲ့နီးစပ်သူတွေကို အရေးယူလို့မရတာကြောင့်ဆိုတဲ့ သတင်းအမှား

လက်ရှိအစိုးရရဲ့ညွှန်ကြားချက်တွေ့ကြောင့် အဂတိမှုနဲ့ငြိစွန်းတဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ အစိုးရနဲ့နီးစပ်သူတွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို အရေးယူလို့မရတာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးအောင်ကြည်ဟာ ဥက္ကဌရာထူးက နှုတ်ထွက်သွားတာလို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်တွေမှာ “အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့နဲ့ တိုင်းဝန်ကြီးချုပ်တွေ အဂတိလိုက်စားမှုနှင့် ညှိစွန်းခဲ့သော်လည်း ညွန်ကြားချက်တွေကြောင့်အရေးယူ၍မရခဲ့ကြောင်း ဥက္ကဋ္ဌဟောင်းပြောခဲ့”လို့ ခေါင်းစဉ်တပ်ထားပြီး “ယခုအစိုးရသစ်၂၀၁၅ /၂၀၂၀ ကာလအကြားမှာ ပြည်ထောင်စုအဆင့်ဝန်ကြီးအချို့ အပါအဝင် တိုင်း၊ နှင့်ပြည်နယ်ဝန်ကြီးချုပ်တွေအပါ ဝန်ကြီးတွေ လွတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် အစိုးရသစ်နဲ့ဆက်နွယ်သူအချို့ အဂတိလိုက်စားခဲ့ကြောင်းစစ်ဆေးတွေ့ရှိခဲ့သော်လည်း အထက်က ညွန်ကြားမှုတွေကြောင့် အရေးမယူခဲ့ရတာတွေရှိခဲ့တယ်လို့နုတ်ထွက်သွားခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့ကြောင်းသိရသည်။…..”လို့စသဖြင့်ရေးသားထားတာ တွေ့ရပါတယ်။ Min Min Tunဆို့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကနေ ဒီပို့စ်ကို စတင်ရေးနေတာတွေ့ရပြီး အောက်ပါလင်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင် ဝန်ခံလို့ သတင်းမှားဖြန့်

အောက်ခြေမဲရုံတွေမှာ မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်ဝန်ခံလိုက်တယ်လို့ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်ကပြန်လည်မျှဝေထားပါတယ်။  ပျံ့နှံခဲ့တဲ့ ပို့စ်တွေမှာ အောက်ခြေမဲရုံတွေမှာ မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်ဝန်ခံလိုက်ပြီး ဒီလိုမဲခိုး တာဟာ NLD ပါတီဝန်းရံသူများက ပါတီကို နိုင်လိုဇောနဲ့ ခိုးပေးခဲ့ခြင်းဖြစ်တယ်လို့ပြောကြားကြောင်း ရေးသား မျှဝေနေတာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်တွေကိုအောက်ပါအတိုင်းတွေ့ရ ပါတယ်။  “ဝန်မခံလို့မရတော့ဘူးလေ ပညာရေးဌာနက သင်ကြားရေးဝန်ထမ်းတွေ မဲမသမာမှူ့ပြုခဲ့တာမှန်ကန်ကြောင်း UEC ကဝန်ခံခဲ့တယ် ပြည်ခိုင်ဖြိုးပါတီကလည်း (26-11- 2020)ရက်နေ့မှာ သက်သေအထောက်ထားခိုင်လုံစွာနဲ့ကမ္ဘာသိချပြပြီးပြီ အထို့အတူပါဘဲ့ တပ်မတော်ကလည်း (27-11-2020)ရက်နေ့မှာ သက်ဆိုင်ရာမဲရုံအလိုက်စစ်ဆေးနေပြီ ပြောသင့် ပြောထိုက်တဲ့အချိန် ပြောမယ်လို့ ချပြပြီ ဒါကြောင့်မို့ထင်တယ် ကြိုကာထားဟန်ရှိပါတယ် အစိုးရလည်း UEC သည်သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် အစိုးရနှင့်မဆိုင် လွဲချပြီ UEC ကလည်း အောက်ခြေကပြဿနာ ကျွန်တော်တို့နဲ့မဆိုင်ဟု အောက်ခြေကိုဘဲ လွဲချပြီ […]

Continue Reading

Fact Check: ၂၀၁၅ ခုနှစ်အတွင်းက ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့တိုက်ပွဲများ အတွင်းက ပုံတွေကို TNLA နဲ့တိုက်ဖို့ မန္တလေးကနေ မိုးကုတ်ကို သွားတဲ့တင့်ကားတွေ အဖြစ်မျှဝေနေ

မိုးကုတ်မြို့အလွန်မှာ တပ်မတော်နဲ့ တအောင်းလက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နောက် မန္တလေး ကနေ မိုးကုတ်ကိုသွားတဲ့ တပ်မတော်က တင့်ကားတွေဆိုပြီး ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေနေတာ တွေ့ရပါတယ်။ တင့်ကားတွေအတန်းလိုက်ပါဝင်တဲ့  ဓာတ်ပုံ ၃ ပုံနှင့်အတူ မန္တလေးကနေ မိုးကုတ်ကို သွားတဲ့ တင့်ကားတွေလို့ ရေးသားလျက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို တိုက်ဖို့အတွက်ဆိုပြီးတော့ မျှဝေနေတာတွေ့ရပါတယ်။  သို့သော်လည်း မျှဝေလျက်ရှိတဲ့ ဓာတ်ပုံတွေဟာ ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲများအတွင်းက ဓာတ်ပုံ တွေဖြစ်ပြီး  ၂၀၁၅ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကို Fact Crescendo Myanmar က တွေ့ရှိရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ “ည က မိုးကုတ်မှာ တိုက်ပွဲတွေ ဖြစ်တော့ လပခ စစ်ဌာနချုပ်လက်အောက်မှာ ရှိတဲ့ တင့်ကားတပ်တွေကနေ […]

Continue Reading