
သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံလို့ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတပုံဖြစ်တာ တွေ့ရတယ်။
အောက်ကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ တူညီတဲ့ရေးသား မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
“သာလီစွနဲ့ 🦅ဂါရဝပါ
သံတွဲလေဆိပ်”
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဓာတ်ပုံတွေကို ပုံရှာနည်း၊ အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟောင်းတွေ ကို အသုံးပြုပြီး ပြန်လည်ဖန်တီးထားတာတွေ့ရပါတယ်။ ဓာတ်ပုံရဲ့ နောက်ခံကို သတင်းဌာနတွေက ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အသုံးပြုခဲ့တာတွေ့ရပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ)
ဒီအပြင် အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ အလံကိုင်ပြီး မှတ်တမ်းရိုက်ထားတဲ့ ဓာတ်ပုံဟာ မတ် ၈ ရက်က ပုဏ္ဏာကျွန်းမြို့ကို သိမ်းပိုက်အပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံဖြစ်တာလည်းတွေ့ရပါတယ်။ မြန်မာနောင်း သတင်းဌာနက ဖော်ပြထားတဲ့ သတင်းဓာတ်ပုံကို အောက်မှာကြည့်ပါ။
သံတွဲလေဆိပ်ရှေ့မှာ AA စစ်သားတွေရဲ့ မှတ်တမ်းဓာတ်ပုံလို့ဆိုထားတဲ့ ပုံ(ဘယ်)နဲ့ သတင်းဌာနတွေက မတ်လ အတွင်းမှာ ဖော်ပြခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့သိမ်းပိုက်အပြီး ဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်တယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံဟာ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတခုသာဖြစ်တယ်။ မတ်လအတွင်းမှာ ဖော်ပြခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့သိမ်းပိုက်အပြီး ဓာတ်ပုံကို သံတွဲလေဆိပ်ပုံနောက်ထားလျှက်ပြုပြင်ထားခြင်းဖြစ်တယ်။
ပြောဆိုချက်- သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံ

Title:Fact Check: သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေ မှတ်တမ်းဓာတ်ပုံလား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: Altered