Fact Check: ဘောလုံးသမား ရော်နယ်ဒို ဘုန်းကြီးဝတ်ဆိုတဲ့ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ

Altered နိုင်ငံတကာ၊ | International

ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီရာနို ရော်နယ်ဒိုဟာ မွတ်ဆလင်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းပြီး ဘုန်းကြီးအပြီးဝတ်တော့မယ်လို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ရော်နယ်ဒို ခေါင်းတုံးတုန်းပြီး သင်္ကန်းရုံထားတဲ့ ဓာတ်ပုံနဲ့အတူ အေးချမ်းလှတဲ့ ထေရဝါဒသာသနာလို့ သိလိုက် ရလို့ မြန်မာနိုင်ငံမှာပဲ တသက်လုံးနေတော့မယ်လို့ ရော်နယ်ဒိုက ပြောကြောင်းလည်း ဖြန့်ဝေနေတဲ့ ပို့စ်မှာ ရေးသားထားပါတယ်။

ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ ပျံ့နှံ့မှုအားကောင်းနေတဲ့ တူညီတဲ့ရေး သားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီရာနို ရော်နယ်ဒိုဟာ ဗုဒ္ဓဘာသာကို ကူးပြောင်းတယ်ဆိုတဲ့ အထောက်အ ထားမတွေ့ရချိန်မှာ သူဟာ ကတ်သလစ် ခရစ်ယာန်ကို ယုံကြည်သက်ဝင်ပြီး ဘုရားကျောင်းကို အပတ်စဉ်သွား ကြောင်း ၂၀၁၈ ခုနှစ်ထဲမှာ အီတလီသတင်းစာ Gazzetta နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောဖူးပါတယ်။

ထို့အပြင် မျှဝေထားတဲ့ ဓာတ်ပုံကို Yandex မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဓာတ်ပုံဟာ မြန်မာနိုင်ငံက ဘုန်းကြီးတပါးရဲ့ ဓာတ်ပုံကို ပြုပြင်ဖန်တီးထားတာတွေ့ရပါတယ်။ 

မူရင်းဓာတ်ပုံဟာ ရိုက်တာသတင်းဌာနက ၂၀၁၃ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံဖြစ်တယ်။ ၉၆၉ ဘာသာရေး လှုပ်ရှားမှုနဲ့ နာမည်ကြီး ဘုန်းကြီး ဦးဝီရသူ ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့စွန်က ဘုန်ကြီး‌ကျောင်းတကျောင်းမှာ အမျိုးဘာသာကာကွယ် စောင့်ရှောက် ရေး ဥပဒေရေးဆွဲရေးနဲ့ ပတ်သက်ပြီးတဲ့ အစည်းအဝေးကို တက်ရောက်လာစဉ်က ဓာတ်ပုံဖြစ်တယ်။ ။ ဒီလင့်ခ်မှာကြည့်ပါ။ 

မွတ်ဆလင် ဆန့်ကျင်ရေးတရားတွေဟောပြီး အစွန်းရောက်ဘာသာရေး လှုပ်ရှားမှုကို ဦးဆောင်မှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဦးဝီရသူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်မှာ စစ်တပ်ကို ဘုရားလိုကိုးကွယ်သင့်ကြောင်းပြောခဲ့သူဖြစ်လို့ မြန်မာလူထုအကြားမှာ ထပ်မံ နာမည်ဆိုးခဲ့ပါတယ်။ 

ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံနဲ့ မူလရိုက်တာသတင်းဌာနကဓာတ်ပုံကို အောက်ပါ အတိုင်းနှိုင်းယှဉ်ကြည့်နိုင် ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက် ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီရာနို ရော်နယ်ဒိုဟာ ဗုဒ္ဓဘာသာကို ကူးပြောင်း တယ်ဆိုတာမဟုတ်ပါသလို သူ့ရဲ့ သင်္ဃန်းဝတ်နဲ့ဓာတ်ပုံဟာ ဒီဂျစ်တယ်နည်းလမ်းအသုံးပြု ပြုပြင်ထားတဲ့ ဓာတ်ပုံဖြစ်တယ်။

ပြောဆိုချက်- ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒို ဘုန်းကြီးဝတ်ပြီး မြန်မာနိုင်ငံမှာပဲနေတော့မယ်

Avatar

Title:Fact Check: ဘောလုံးသမား ရော်နယ်ဒို ဘုန်းကြီးဝတ်ဆိုတဲ့ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ

Written By: နေရာမောင် 

Result: Altered


Leave a Reply

Your email address will not be published. Required fields are marked *