
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကို တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။
ဒီပို့စ်အပြည့်အစုံမှာ “#ဦးဇော်ဌေးအားအရေးယူမည်ဟုသိရ သမ္မတဦးဝင်းမြင့်နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့သည် ရွေးကောက်ပွဲတွင် ဥပဒေမဲ့လုပ်ရပ်များရှိခဲ့သည်ဟုဆိုကာ အတိုက်အခံပါတီများက စာချွန်တော်လျှောက်ထားမှုအပေါ် ဥပဒေနှင့်ညီခြင်း၊ မညီခြင်းကို တရားလွှတ်တော်ချုပ်မှ ဆုံးဖြတ်ရမည်ဖြစ်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ တာဝန်မဟုတ်ကြောင်း ထို့ပြင် ပြောရန်မသင့်တဲ့ ဥပဒေမဲ့စကားများကို ပြောကြားခဲ့သည့်အတွက် ဦးဇော်ဋ္ဌေးအား အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။ Nay Thurain It is learned that action will be taken against # Zaw Htay President Win Myint and Election Commission Chairman Hla Thein allege illegal activities in the election.Opposition parties have stated they will not run in the by-elections.Legality; Disagreements must be decided by the Supreme Court and not the responsibility of Zaw Htay, a spokesman for the President’s Office.Zaw Htay will be prosecuted for making illegal remarks A spokesman for the USDP said.Nay Thurain”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒေါက်တာနန္ဒာလှမြင့်က အထက်ပါပို့စ်မှာရေးသားထားသလိုမျိုး ဦးဇော်ဌေးကို တရားစွဲမယ်ဆိုတာကို သတင်းမီဒီယာတွေမှာဖော်ပြတာမျိုး မတွေ့ရပါဘူး။ နိုဝင်ဘာ ၁၁ရက်နေ့မှာပြုလုပ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဒေါက်တာနန္ဒာလှမြင့်က အထက်ပါပို့စ်မှာရေးသားထားသလိုမျိုး ဦးဇော်ဌေးကို တရားစွဲမယ်ဆိုတာကို သတင်းမီဒီယာတွေမှာဖော်ပြတာမျိုး မတွေ့ရပါဘူး။ နိုဝင်ဘာ ၁၀ရက်နေ့မှာပြုလုပ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒေါက်တာနန္ဒာလှမြင့်က ဦးဇော်ဌေးရဲ့ ပြောဆိုချက်ဟာ အာဏာရပါတီကို အကာကွယ်ပေးနေသလိုဖြစ်နေပြီး ကျင့်ဝတ်နဲ့ မညီဘူးလို့ပဲ ပြောဆိုခဲ့တာတွေ့ရပါတယ်။ဒီသတင်းစာရှင်းလင်းပွဲ ဗွီဒီယိုဖိုင်ကို ဒေါက်တာနန္ဒာလှမြင့်ရဲ့ ဖေ့စ်ဘွတ်ခ်အကောက်ကနေ ပို့စ်တင်ထားတာကို လေ့လာနိုင်ပါတယ်။
ဒါ့အပြင် ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ The Fifth Waveသတင်းဌာနကလည်း “ဦးဇော်ဌေး ၏ ပြောဆိုမှုများသည် မတရားမှုများကို ဥပဒေနှင့် အညီ ဖော်ထုတ်ရန် မကြိုးစားပဲ အာဏာရပါတီ ကို အကာအကွယ်ပေးနေဟု ပြည်ခိုင်ဖြိုးပါတီ ထောက်ပြ”ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းရေးသားထားတွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကို တရားစွဲဆိုမယ်ဆိုတဲ့ ရေးသားချက်ဟာ မှားယွင်းတဲ့ရေးသားချက်ဖြစ်တာကို တွေ့ရပါတယ်။

Title:ဒေါက်တာနန္ဒလှမြင့်က ဦးဇော်ဌေးကို တရားစွဲမယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: Misleading