
NUG က ဦးရည်မွန်နဲ့ နစက က ဗိုလ်ချုပ်ရာပြည့်တို့ ချင်းမိုင်မြို့မှာ ညှိနှိုင်းကြတယ် ဆိုပြီးတော့ ရေးသား မျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။
သို့သော်လည်း ဒီလိုရေးသားမျှဝေနေတာဟာ မှားယွင်းကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်ကတစ်ဆင့် ပြန်လည်ရှင်းလင်းထားပါတယ်။
“ပထမဆုံး အတိကျ နှစ်သစ်ကူးလက်ဆောင်သတင်းကောင်း
နှစ်သစ်မှာ ငြိမ်းချမ်းပါစေ
နစက နှင့် NUG တို့ ချင်းမိုင်မှာ ညှိနိုင်းကြပါတယ်ခင်ဗျာ…
GSL 100% 100% 100% 100% ပါ ခင်ဗျ
အန်ယူဂျီ ဉီးရည်မွန်မှ ရရှိသတင်းမှန်ပါ
သတင်းမှားလျင် တရားစွဲပါ
အခုပင် ချင်းမိုင်မြို့ရဲ့ ဟိုတယ်တခုမှာ
ဗိုလ်ချုပ်ယာပြည့်နဲ့ ချီးယား ကြပါတယ်
အားလုံးကို ကျေးဇူးတင်ပါတယ်
ဂိုလ်ရှယ်လေး
မှတ်ချက်
ယခုပို့စ်အားလုံးလုံးဝ ဖျက်မည် မဟုတ်ပါ”လို့ရေးသားပြီး “Aung Naing Htwe”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ဒီပို့စ်ကို ပြန်လည်မျှဝေထားတာ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာ မှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အမျိုးသားညီညွှတ်ရေးအစိုးရ(National Unity Government- NUG) ကာကွယ်ဝန်ကြီး ဦးရည်မွန်က ဒီသတင်း ဟာမဟုတ်ကြောင်း အတည်ပြုပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ်ကတစ်ဆင့် ဦးရည်မွန်က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ သတင်းအမှားသတင်ဖြန့်ဝေသူ”Aung Naing Htwe”ရဲ့ ပို့စ် screenshot နဲ့အတူ အောက်ပါ အတိုင်းရေးသားမျှဝေထားပါတယ်။
“လုံးဝ သတင်းအမှားပါ။
ဦးရည်မွန်လည်း ချင်းမိုင်မှာ မရှိသလို
စစ်ကောင်စီနဲ့ တွေ့ဖို့လည်း အကြောင်းမရှိပါ။
၁ဇန်နဝါရီ၂၀၂၂။”

မူရင်းလင်ခ့် – U Yee Mon | Archive link
ဦးရည်မွန်နဲ့ ပတ်သက်ပြီး သတင်းတုမကြာခဏဖြန့်ဝေခံရတာတွေ့ရပါတယ်။ ဦးရည်မွန်နဲ့ပတ်သက်တဲ့ သတင်းမှား ဖြန့်ဝေမှုတွေကို Fact Crescendo က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ နစကဘက် ဗိုလ်ချုပ်ကြီး ရာပြည့်တို့ တွေ့ဆုံညှိနှိုင်းခဲ့တယ်ဆိုတဲ့ အချက်အလက်ဟာ သတင်းမှားဖြစ်ပါတယ်။

Title:Fact Check: NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ နစက ဗိုလ်ချုပ်တစ်ဦး ငြိမ်းချမ်းရေး ဆွေးနွေးဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: Misleading