လက်ရှိမြန်မာ့ဈေးကွက်မှ လုပ်ငန်း ၁၀၀ ကျော်ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့တယ်ဆိုတဲ့ သတင်းမှား

False စီးပွားရေး | Economy နိုင်ငံတကာ၊ | International

အနည်းဆုံး လုပ်ငန်း ၃ ခုလောက်က ကုမ္ပဏီဖျက်သိမ်းကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာကြေညာပြီးတဲ့နောက် “လက်ရှိမြန်မာ့ဈေးကွက်မှ လုပ်ငန်း ၁၀၀ ကျော်ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့ကြောင်း ကြားလိုက်ရသည်”ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာအောက်ပါအတိုင်းတွေ့ရပါတယ်။ ပို့စ်ရဲ့အောက်ခြေမှာ ကိုရီယားနိုင်ငံက လုပ်ငန်း ၁၀၀ ဟာ မြန်မာနိုင်ငံကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြောင်းရွှေ့လိုကြောင်းပြောကြား တယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုက သတင်းကိုလည်းဖော်ပြထားတွေ့ရပါတယ်။

Fb linkFb linkFb link
Archive linkArchive linkArchive link

အချက်အလက်စိစစ်ချက်

ဒီလို ဖေ့စ်ဘွတ်မှာ သတင်းပျံ့နှံ့ပြီး သိပ်မကြာခင်မှာပဲ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီးက “ဘာ​ကြောင့်မှန်းမသိ လုံဝဥသုံမမှန်တဲ့ သတင်း​ဟောင်းတစ်ပုဒ် ဒီ​နေ့ပြန်​ပေါ်လာ​တော့ ကိုရီးယားစက်ရုံ ၁၀၀ မြန်မာပြည်က​နေ ဘင်္ဂလား​​ဒေ့ကို ​ရွှေ့မယ်ဆိုတာမှန်သလားလို့ မီဒီယာများက​ ဝိုင်း​မေးကြပါတယ်.. မမှန်ပါဘူးလို့ဘဲ ကျ​နော် ​ဖြေကြားခဲ့ပါတယ်…ကျ​နော့ဝန်ကြီး ဒီမနက် တွစ်တာမှာ​ရေးလိုက်တာက ကျ​နော့​ဖြေကြားချက်ကို ပိုပြီးအားဖြည့်သွားတာ​ပေါ့ဗျာ”ဆိုပြီးရေးသားထား တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Fb linkArchive link
https://web.facebook.com/john.alfred.98096/posts/10217387854033706

အလားတူပဲ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းကလည်း ကိုရီးယား-မြန်မာပေါင်းစည်းမှုက အားကောင်းလှပြီး ကိုရီးယားလုပ်ငန်းတွေဟာ အာရှရဲ့ နောက်ဆုံးဈေးကွက်မှာ ရင်းနှီးမြှုပ်နှံတွေ လျင်လျင်မြန်မြန်တိုးတက်နေပါတယ်ဆိုပြီး ဧပြီ ၃၀ ရက်က တွစ်တာမှာ ရေးသားထားတာတွေ့ရပါတယ်။

Twitter

ကိုရီးယားနိုင်ငံက လုပ်ငန်း ၁၀၀ ဟာ မြန်မာနိုင်ငံကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြောင်းရွှေ့သွားကြောင်းအခုလို ဖေ့စ်ဘွတ်မှာပျံ့နှံနေတဲ့ သတင်းတွေမှာ အဓိက ကိုးကားရေးသားနေကြတာဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အခြေစိုက် bdnews24.com ဝက်ဘ်ဆိုဒ်ကရေးသားထားတဲ့ “မြန်မာနိုင်ငံက ကိုရီး ယားလုပ်ငန်း ၁၀၀ ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့လို”လို့ ဘာသာပြန်ဆိုနိုင်မယ့် သတင်းဖြစ်တာတွေ့ရပါတယ်။ ဒီသတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Bdnews24

ဘင်္ဂလားဒေ့ရှ်သတင်းဌာနက ဒီသတင်းဖော်ပြပြီးနောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၇ ရက်မှာ မြန်မာနိုင်ငံက လုပ်ငန်းတွေ ပိတ်သိမ်းပြီး ဘင်္ဂလားဒေ့ရှ်ကို ပြောင်းသွားတာမျိုးမရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အတွင်းရေးမှူး ဉီးသန့်စင်လွင်က မြန်မာတိုင်းမ်သတင်းဌာနကို ပြောကြားခဲ့တဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Myanmar Times

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ မြန်မာနိုင်ငံကနေ လုပ်ငန်းတွေ ဘင်္ဂလားဒေ့ရှ်ကိုပြောင်းသွားတယ်ဆိုတဲ့ အထောက်အထားမရှိတဲ့အတွက် “လက်ရှိမြန်မာ့ဈေးကွက်မှ လုပ်ငန်း ၁၀၀ ကျော်ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့ကြောင်း ကြားလိုက်ရသည်”ဆိုတဲ့ ပြောဆိုချက်ဟာ သတင်းမှားဖြစ်ပါတယ်။

Avatar

Title: လက်ရှိမြန်မာ့ဈေးကွက်မှ လုပ်ငန်း ၁၀၀ ကျော်ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့တယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *