တပ်မတော်နေ့ တိုက်ခိုက်ခံရလို့ စစ်အရာရှိ ၆၂ ဦး သေဆုံးခဲ့ပြီး အခမ်းနား ဖျက်သိမ်းလိုက်ရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။
“(၈၁)နှစ် တပ်မတော်နေ့ တိုက်ခိုက်ခံရ စစ်အရာရှိတွေအပါဝင် (၆၂) ဦး သေဆုံး ၊ သွေးချောင်းစီး နေပြီး အခမ်းနားပါ ဖျက်သိမ်းလိုက်ရပြီ”

အချက်အလက်စိစစ်ချက်
မတ် ၂၇ ရက်နေ့က နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်က တပ်မတော်နေ့ကို ပုံမှန်အတိုင်း ကျင်းပခဲ့တာ တွေ့ရပါတယ်။သံတောင်ကြီးမြို့နယ် စစ်တပ်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကလွဲလို့ ဒီလို နေပြည်တော်ပွဲကျင်းပနေစဉ်အတွင်း တိုက်ခိုက်ခံရပြီး စစ်သည်အရာရှိတွေ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကို သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာဖြစ်စေ မတွေ့ရပါဘူး။
“Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ် သတင်း ဌာနရဲ့ ယူကျူ့အမည်နဲ့ အမှတ်တံဆိပ်ကို တုပပြီး သတင်းမီဒီယာတချို့က သတင်းတွေကို သတင်းခေါင်း စဉ်တုတပ်ပြီး ဖြန့်ချိတာ၊ လုပ်ကြံရေးသား ပြောဆိုချက်တွေ ရောနှော ဖြန့်ဝေတာတွေ ပြုလုပ်တဲ့နေရာဖြစ်တယ်။ ဒီလိုပဲ တခြားသော တပ်မတော်နေ့ တိုက်ခိုက်ခံရတယ်ဆိုပြီး ဖြန့်ဝေထားတဲ့ တခြား ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင်လည်း ဒီလိုပဲ လုပ်ကြံ သတင်းခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည် ကူးယူဖော်ပြနေတာတွေ့ရတယ်။
ဒီချန်နယ်တွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar မှာ အချက်အလက်စိစစ်ချက် မကြာခဏ ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။

သုံးသပ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ၊ လုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ တပ်မတော်နေ့ တိုက်ခိုက်ခံရလို့ စစ်အရာရှိ ၆၂ ဦး သေဆုံးခဲ့ပြီး အခမ်းနား ဖျက်သိမ်းလိုက်ရတယ် ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရတယ်။

