
လူမှုကွန်ယက်နာမည်ကြီး သရုပ်ဆောင်တစ်ဉီးဖြစ်တဲ့ ဖြူဖြူထွေးကို NLD ပါတီရဲ့ လယ်သမားစည်းရုံးရေးမှူး အဖြစ် ခန့်အပ်လိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
” Phyu phyu Htwe ကိုချစ်လား NLD ပါတီရဲ့ လယ်သမားစည်းရုံးရေးမှူးအဖြစ် ခန့်အပ်လိုက်ပြီတဲ့နော် ညီမလေးကို အားပေးပါ”စသည်ဖြင့် ရေးသားထားပြီး “ပန်း သစ္စာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အမေ့သားသမီးများသီးသန့်”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။

ဓာတ်ပုံဟာ မကြာသေးခင်က ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဉီးနိုင်ငံလင်းတင်ထားတဲ့ ရန်ကုန်အသက် မွေးနည်း ပညာကောလိပ်(သာကေတ)၏ Kindness Ambassador ခန့်အပ်ပွဲနဲ့သက်ဆိုင်နေတာကို သတိထားမိ ပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ
အချက်အလက်စိစစ်ချက်
Yangon Vocational College of Technology ၏ Kindness Ambassador ခန့်အပ်ပွဲကို အခမ်းအနားကို သာကေတမြို့နယ် (၈) ရပ်ကွက်မှာရှိတဲ့ ရန်ကုန်အသက်မွေးနည်းပညာကောလိပ်တွင် ဇူလိုင် ၁၀ ရက်မှာ ပြုလုပ်ခဲ့တာတွေ့ရပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်း အွန်လိုင်းမှာ ထင်ရှားတဲ့အနုပညာရှင် ၁၀ ဉီးကို ကျောင်းရဲ့ Kindness Ambassador အဖြစ် ခန့်အပ်လွှာပေးအပ်ခဲ့တာတွေ့ရပါတယ်။ Myanmar Top Ten Online Celebrities များအဖြစ် မော်ဒယ် နန်းမွေစံနှင့် ထက်ထက်ထွန်း၊ ဟန်တီ၊ ဖိုးသောကြာ၊ ဖြူဖြူ ထွေး တို့ကို Kindness Ambassador အဖြစ်ခန့်အပ်ပေးခဲ့တဲ့အကြောင်း သတင်းတွေမှာဖော်ပြခဲ့တာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
ဖြူဖြူထွေးရဲ့ ကိုယ်ပိုင်စာမျက်နှာမှာလည်း ပညာရေးအတွက် သံတမန်အဖြစ်ခန့်အပ်ခြင်းသာဖြစ်တယ်လို့ ထပ်မံပြီး သံတမန်ခန့်အပ်လွှာပေးတဲ့ပွဲတုန်းကပုံနဲ့တကွ ပြန်လည်မျှဝေရှင်းလင်းထားတာတွေ့ရပါတယ်။
ရန်ကုန်အသက်မွေးနည်းပညာကော်လိပ်၏ ပညာရေးမြှင့်တင်မှုကို အထောက်အကူပြုနိုင်ရန် အတွက် Myanmar Top Ten Online Celebritiesများကို ကျောင်း၏ Kindness Ambassador အဖြစ် ခန့်အပ်မည့်အခမ်းအနား ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊လူမှုရေး ဝန် ကြီး ဦး နိုင်ငံလင်းက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်က တဆင့် အသိပေးရေးသားထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတဘ်။
ဒီပွဲနဲ့ ပတ်သက်ပြီး Myanmar Cele 7 က ရိုက်ကူးတင်ဆက်ထားတဲ့ သတင်းဗွီဒီယိုဖိုင်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အွန်လိုင်းသရုပ်ဆောင် ဖြူဖြူထွေးကို NLD ပါတီရဲ့ လယ်သမားစည်းရုံးရေးမှူး အဖြစ် ခန့်အပ်လိုက်ပြီဆိုတဲ့ အချက်ကို သတင်းတု သတင်းမှားအဖြစ်သတ်မှတ်ပါတယ်။

Title:ဖြူဖြူထွေးကို NLD ပါတီရဲ့ လယ်သမားစည်းရုံးရေးမှူး အဖြစ် ခန့်အပ်လိုက်ပြီဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False