
COVID-19 ရောဂါပိုးဖြန့်ကြဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်က ရခိုင်လူမျိုးတွေကို တိုက်တွန်းတယ်တဲ့ညွှန်ကြားချက်ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။
“အဲ့တာကြီးသာအမှန်ဆိုရင်”စသည်ဖြင့်ရေးသားပြီး “MarLar Aung”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက အောက်ပါ အတိုင်း မျှဝေထားပါတယ်။ ဒီထုတ်ပြန်ချက် ဓာတ်ပုံပို့စ်မှာ COVID-19 ရောဂါကို အသုံးပြုပြီး ရခိုင်နိုင်ငံကို တည်ဆောက်ဖို့နဲ့ ပိုးတွေ့ရှိရတဲ့ ရခိုင်တွေဟာ အဓိကကျတဲ့ ရန်ကုန်နဲ့ မန္တလေးကို ရောဂါပျံ့ပွားအောင်လုပ်ပြီး အစိုးရပြိုလဲအောင်လုပ်ကြဖို့ဆိုပြီးရေးသားထားကာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုပြီးတော့ လက်မှတ်ရေး ထိုးထားပါတယ်။

အချက်အလက်စိစစ်ချက်
ပထမဆုံး ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က သူတို့ရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်နေတဲ့ https://www.arakanarmy.net/news ကို proxy server တစ်ခုအသုံးပြုပြီး ဝင်ရောက်ရှာဖွေရာမှာ ဒီလိုမျိုး သတင်းထုတ်ပြန်ချက် ခြိမ်းခြောက်ရေးသားချက်မျိုး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ မတွေ့ရှိရပါဘူး။

ရခိုင်ပြည်နယ်မှာ COVID-19 ဒုတိယလှိုင်းပျံ့နှံ့လာခြင်းနဲ့ပတ်သက်ပြီး ဒေါက်တာတစ်ယောက်လည်းဖြစ်တဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြည်သူလူထုသို့ အသိပေး ပြောကြားချက်ချက်ပြီးတော့ ဗွီဒီယိုဖိုင်တစ်ခုကို ြသဂုတ် ၂၁ ရက်က တင်ထားတာတွေ့ရပါတယ်။
“Covid-19 ကူးစက်ရောဂါ Second Wave အား ကြိုတင် ကာကွယ်ခြင်းနှင့်ပတ်သက်၍ ဒေါက်တာ ညိုထွန်းအောင်မှ ပြည်သူလူထုသို့ အသိပီးပြောကြားချက်”ဆိုတဲ့ ကြာချိန်အားဖြင့် ၁၅ မိနစ်နဲ့ ၈ စက္ကန့်ကြာတဲ့ ဗွီဒီယိုဖိုင်မှာ ဆရာဝန်ဝတ်စုံဝတ်ဆင်ထားတဲ့ ဒေါက်တာညိုထွန်းအောင်က ကူးစက်ပြန့်ပွားမှုဟာ တစ်ကြော့ ပြန်လာတဲ့အတွက် မပေါ့ဆကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို ပြန်လည်ပြောပြခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
COVID-19 ရောဂါ ဖြစ်ပွားကူးစက်ပျံ့နှံ့မှု မရှိစေရန် စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါကူး စက်ဖြစ်ပွားမှုများ ရှိနေသော မြို့နယ်များ သို့/မှ ခရီးသွားလာမှုများရှိခဲ့ပါက သတင်းပေးပို့ကြပါရန် သတိပေး နှိုးဆော်ပန်ကြားချက်တစ်စောင်ကို သမ္မတရုံးက ြသဂုတ် ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။
အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
အစိုးရက ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဉီးညီပု၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဉီးစီးမှူးဒေါက်တာ စိုင်းဝင်းဇော်လှိုင်၊ ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို သွားရောက်ကူညီနေတဲ့ စေတနာဝန်ထမ်း စောသော်မိုးအယ်တို့နဲ့ အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ COVID-19 ရောဂါပိုးဖြန့်ကြဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ရခိုင်လူမျိုးတွေကို တိုက်တွန်းတယ်ဆိုတဲ့ ထုတ်ပြန်ချက်စာပို့စ်ကို သတင်းတုသတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Title:COVID-19 ရောဂါပိုးဖြန့်ကြဖို့ AA တိုက်တွန်းတယ်ဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False