
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကိုရောင်းစားခဲ့တာ အတည်ပြုသတင်းထွက်လာပြီဆိုတဲ့ ပို့စ်တစ်ခုကို “Too Mg” အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက မျှဝေထားပါတယ်။
“မြန်မာကိုစုကြည်ရောင်းပြီးကြောင်းအတည်ပြုသတင်းထွက်လာပီ တိုင်းပြည်ကိုတိုင်းတပါးလက်သို့ထိုးအပ်ရာ ဝယ် 1/စုကြည်အစိုးရဟာ oicနဲ့ကိုနီအကြံအတိုင်း အခြေခံဉပဒေကို မွတ်ဆလင်အလိုကျအသစ်ဆွဲပီး တိုင်းပြည် ကိုoicလက်အပ်မလား2/ပြည်ပကျုးကျော်စစ်ဖြင့်ဝင်ရောက်သိမ်းပိုက်ခါတိုင်းပြည်ကိုoicလက်အပ်မလား
ဒီနှစ်ချက်ကိုကြည့်ရင်ပထမအချက်ကတော့တပ်မတော်တောင့်ခံနေသည့်အတွက်ခြေဉကိုထိလို့မရမှန်းသဘော ပေါက်သွားပီ ဒုတိယအချက်ကျူးကျော်စစ်ခင်းဖို့ပြင်ဆင်လျှက်ရှိရာတွင်အတော်ခရီးပေါက်လျှက်ရှိလေပြီ အကြံပေးသူလျှို90အားခေါ်ယူခါဌါနပေါင်း42ဌါနမှထိပ်တန်းလျှို့ဝှက်များအား4နစ်ကျော်စုဆောင်းရယူပီနောက်ကိုဗစ်အကြောင်းပြ ဌါနပြန်ခါစစ်ပလင်ချလျှက်ရှိချေပီ အရံဆန် စက်သုံး ဆီအားလုံးပြောင်အောင်ကြို ကိုရှင်းထားပီး ဖြစ်သည် မကြာခင်က ယူကြုတွင်ထွက်ပေါ်လာသည့်သတင်းအရ အမေရိကန်သမ္မတ အပြောင်းအလဲတွင် မြန်မာ ကိုoic 42နိုင်ငံမှဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရန်nldနှင့်ချိတ်ဆက်ထားကြောင်းသိရ nldသည်ရွေးကော် အားနိုင်ကိုနိုင်ရမည်ဟုညွှန်ကြားထားကြောင်းသိရ ရွေးကောက်ပွဲရှုံးပါကစစ်ခင်းရန်အဆင်သင့်မို့ မြန်မာပြည်သူ များမွေပွေးခါးပိုက်ပိုက်မိလျှက်သားဖြင့် ကိုင်ထားသည့်ပဒိုင်းသီး စားလည်းရူးဆုတ်လဲဆူး နမ်းလည်းမူး အဖြစ်တော့ဆိုက်နေပါပီ ဘယ်သူတေဘယ်လိုဒုက္ခဝေပါစေ ပန်းပန်လျှက်ကစုကြည်သူ့သားသမီးမြေး မြစ်များ လုံခြုံသည့်နေရာမှာထားနိုင်ပီစစ်ပွဲစသည်နှင့်ပြေးရန်လေယာဉ်အဆင်သင့်စီစဉ်ထားသည် စုကြည်မြန်မာပြည် ကိုရောင်း သန်းကြွယ်သူဌေးဘွဲ့ခံယူသွားတာထမိန်ခြုံအနီလော်ဘီများသိပါလေစ မြန်မာကိုစုကြည်ရောင်းပြီး ကြောင်းအတည်ပြုသတင်းထွက်လာပီ အနီးကပ်ဆုံးရန်သူအားလက်ဉီးမှုရယူချေဖျက်ကြလော့”စသည်ဖြင့် ရေးသားထားပြီး အင်္ဂလိပ်စကားပြောနောက်ခံ ၂ မိနစ် ၄၀ စက္ကန့်ကြာ ဗွီဒီယိုဖိုင်၊ ဒေါ်နယ်ထရမ့်ပုံနဲ့ သတင်းတစ်ခု၊ ဒေါ်အောင်ဆန်းစုကြည် ကို မွတ်ဆလင်ခေါင်းဆောင်တစ်ဉီးက ဆုတစ်ခုပေးနေတယ်လို့ ယူဆရတဲ့ ပုံတို့ ပါဝင်ပါတယ်။

အချက်အလက်စိစစ်ချက်
ပထမဆုံး “Too Mg” အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူရဲ့ အကောင့်ကို လေ့လာကြည့်ရာမှာ ဒီအကောင့်ဟာ ဘယ်သူဘယ်ဝါလို့ဖော်ပြထားခြင်းမရှိတဲ့ အကောင့်တုတစ်ခုဖြစ်တာလည်းတွေ့ရပါတယ်။ အထူးသဖြင့် NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မွတ်ဆလင်တွေကို တိုက်ခိုက်တဲ့ပို့စ်တွေကို တွေ့ရပါတယ်။ ဒီအကောင့်မှာ သတင်းတု သတင်းမှား တွေကို အဆက်မပြတ်တင်နေသူဖြစ်တာတွေ့ရပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ ၂ မိနစ်နဲ့ စက္ကန့် ၄၀ ကြာတဲ့ ဗွီဒီယိုဖိုင်မှာ RFM ဆိုတဲ့အမှတ်တံဆိပ် မီဒီယာတစ်ခုက အင်တာ ဗျူးကို ဖြေဆိုနေဟန်တင်ဆက်ထားပေမဲ့ ဖေ့စ်ဘွတ်စာမျက်နှာ၊ ဝက်ဘ်ဆိုဒ်တစ်ခုတစ်လေမှ အွန်လိုင်းမှာ ရှာဖွေတွေ့ရှိရခြင်းမရှိပါဘူး။
ဒီဗွီဒီယိုဖိုင်မှာပဲ Lewis Mathew ကပြောတယ်လို့ရေးသားထားပါတယ်။ သို့ပေမဲ့ Lewis Mathew ဆိုတာ ဘယ်သူ လဲဆိုတာကို အသေးစိတ်ဖော်ပြထားခြင်းမရှိပါဘူး။ Google မှာ “Lewis Mathew”လို့ရိုက်ရှာမယ်ဆိုရင် ဒါရိုက်တာနဲ့ အယ်ဒီတာ Lewis Mathew ဆိုတာကိုပဲ ရှာဖွေတွေ့ရှိနိုင်ပြီး အခြားသော ပညာရေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်အနေနဲ့များရှိလေမလားလို့ “Lewis Mathew Professor” စသည်ဖြင့်ရှာဖွေရှာမှာလည်း မတွေ့ရှိရပါဘူး။
ဗွီဒီယိုဖိုင်ထဲမှာ ပြောကြားခဲ့တဲ့အချက်အလက်တွေဟာလည်း တိကျမှုမရှိတဲ့အချက်အလက်ဖြစ်တာ တွေ့ရ ပါတယ်။ ဉပမာအားဖြင့် ဝန်ကြီးဌာန ၄၂ ခုရှိတယ်ဆိုပြီး မူရင်း အင်္ဂလိပ်လို့ ပြောကြားရာမှာ ထည့်သွင်းပြောကြား ခဲ့တာတွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာနဲ့ စက်မှုဝန်ကြီးဌာနကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှာ ပေါင်းစည်းခဲ့ပြီးနောက် ဝန်ကြီးဌာန ၂၄ ခုပဲရှိတော့ တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

နောက်တစ်ခုကတော့ Burmese Time ဆိုတဲ့ ယူကျူ့ချန်နယ်ကို ကိုးကားပြီး ရေးသားထားတာတွေ့ရပါတယ်။ ဒီကျူ့ချန်နယ်ဟာ သတင်တုသတင်းမှားတွေ၊ ခေါင်းစဉ်လွဲတွေတပ်ပြီး လူတွေလှည့်စားပြီး ဝင်ငွေရှာနေတဲ့ သတင်းတု သတင်းမှာ ချန်နယ်ဖြစ်တာတွေ့ရပါတယ်။ Fact Crescendo က ဒီ Burmese Time က ဗွီဒီယိုတစ်ခုနဲ့ ပတ်သက်ပြီး အချက်အလက်စိစစ်ခဲ့တာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။ အခုချိန်မှာတော့ ဒီဗွီဒီယိုကို ဖျက်လိုက်ပြီး နောက်ထပ်ခေါင်းစဉ်မှား တစ်ခုနဲ့ ထပ်မံတင်ဆက်ထားတာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကိုရောင်းစားခဲ့တာ အတည်ပြုသတင်း ထွက်လာပြီဆိုတဲ့ ပို့စ်တစ်ခုကို “Too Mg” အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက မျှဝေထားတဲ့ပို့စ်ကို သတင်းတု သတင်းမှားအဖြစ်သတ်မှတ်ပါတယ်။

Title:ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကိုရောင်းစားခဲ့တာ အတည်ပြုသတင်းထွက်လာပြီးဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False