
COVID-19 ကာလ စည်းကမ်းသက်မှတ်ချက်ကို ချိုးဖော်ပြီး အငြင်းပွားဖွယ် MTV ဖန်တီးခဲ့လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက အဆိုတော် ယုံလေးကို အနုပညာလှုပ်ရှားခွင့် ၁ နှစ် ပိတ်ပင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ MTV နဲ့ပတ်သက်ပြီး ယုန်လေးကို ချီးကျူးလိုက်ပြီး အပြစ်မမြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
“ယုန်လေးရဲ့ MTVကိစ္စကိုဒေါ်အောင်ဆန်းစုကြည်ကဒဲ့ပြောလာပြီနော်”ဆို ဒီလင့်ခ် ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားပါတယ်။

အခြားသော ဖေ့စ်ဘွတ်အုပ်စုနဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာလည်း ပျံ့နှံခဲ့တဲ့ ပို့စ်တွေထဲက တစ်ချို့ကိုအောက်ပါအတိုင်း တွေ့ရပါ တယ်။

တကယ်တော့ ဒီလိုမျှဝေနေတဲ့ပို့စ်ဟာ သတင်းတုဖြစ်တာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ရွေးကောက်ပွဲအတွက် စည်းရုံးမှုတွေလုပ်ဖို့ ဖွင့်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင်ဖေ့စ်ဘွတ် စာမျက်နှာနဲ့ COVID-19 ကာလ လူထုနဲ့ထိတွေ့ဖို့ ဖွင့်လှစ်ခဲ့တဲ့ စာမျက်နှာလည်းဒီလို ရေးသားဖော်ပြထား တာမတွေ့ရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်သုံးခဲ့တဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ယုန်လေးနဲ့ပတ်သက်ပြီး ဒီလိုရေးသားခဲခြင်းမရှိ ကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးကလည်း သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာကတဆင့် ထပ်မံအတည်ပြုရှင်းလင်းထားတာတွေ့ရပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပရိုဖိုင်အကောင့် (Aung San Suu Kyi) ကနေ ယုန်လေးနဲ့ပါတ်သက်ပြီး ဘာမှမရေးပါ။ သတင်းတု သတင်းမှားကို ရည်ရွယ်ချက်ရှိရှိနဲ့ အင်အားသုံးပြီး ဖြန့်နေတာသာဖြစ်ပါတယ်”
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ MTV နဲ့ပတ်သက်ပြီး ယုန်လေးကို ချီးကျူးလိုက်ပြီး အပြစ်မမြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုတဲ့ ပို့စ်ဟာ သတင်းတုသတင်းမှားဖြစ်တာတွေ့ရပါတယ်။

Title:ဒေါ်အောင်ဆန်းစုကြည်က ယုန်လေး MTV အပေါ်မှာ မှတ်ချက်ပေးခဲ့သလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: False