
ဒေါ်အောင်ဆန်းစုကြည်ကဟာ နေပြည်တော် ဉတ္တရသီရိမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့လျက်ရှိပါတယ်။
“ဝန်ထမ်း အများဆုံးနေထိုင်သည့် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ရွေးကောက်ပွဲဝင်မည်”စသည်ဖြင့် ရေးသားပြီး “မင်းသူ မင်းသူ”အမည်နဲ့ ဖေ့စ့်ဘွတ်သုံးစွဲသူက “Aung San Suu Kyi☑”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပါတယ်။

“Yangon Nation”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း အလားတူမျှဝေထားပြီး လွှတ်တော်ကိုယ်စားလှယ် “MP Maung Myint”ရဲ့အကောင့်မှာလည်း မျှဝေထားတာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဉီးကြည်တိုးကလည်း အောက်ပါအတိုင်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်အသိပေးထားတာတွေ့ရပါတယ်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်ရွေးချယ်ခြင်းလုပ်ငန်းစဉ်ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါသည်။မည်သူမည်သည့်မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည့်သတင်းများထွက်ပေါ်နေခြင်းမှာမဟုတ်မှန်ပါ။စိစစ်ရွေးချယ်ခြင်းပြီးဆုံးချိန်မှသာအဖွဲ့ချုပ်ကိုယ်စားပြုကိုယ်စားလှယ်လောင်းစာရင်းကိုတရားဝင်ထုတ်ပြန်သွားမည်ဖြစ်ပါသည်”လို့ ဉီးကြည်တိုးက ရေးသားထားပါတယ်။
ဒီလိုဒေါ်အောင်ဆန်းစုကြည် ဉတ္တရသီရီမဲဆန္ဒနယ်က ဝင်ပြိုင်မယ်လို့ ဒေါက်တာမျိုးညွှန့်ကပြောခဲ့တယ်လို့လည်း ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာပါဝင်ပါတယ်။ဒီအချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို Fact Crescendo Myanmar က ဆက်သွယ်အတည် ပြုခဲ့ရာမှာ အောက်ပါအတိုင်း ပြောပါ တယ်။
“ကျွန်တော်ဆီလည်း ဉတ္တရသီရိကနေ ဝင်ပြိုင်မယ်ဆိုပြီးတော့ သတင်းတွေမှာ ပျံ့နေတယ်ဆိုပြီးတော့ မေးကြ တယ်။ ကျွန်တော်ကတော့ confirm လုပ်မပေးနိုင်ဘူးလို့ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုကိစ္စတွေက ဒေါ်အောင်ဆန်းစုကြည် ဒီလိုရွေးမယ်ချယ်မယ်ဆိုတဲ့ကိစ္စတွေက အဲဒါ CEC ကပဲ သတင်း ထုတ်ပြန်တာများတယ်။ ဒီသတင်းက ကျွန်တော်အနေနဲ့ confirm လုပ်မပေးနိုင်ဘူးလို့တော့ ထုတ်ပြန်လိုက်တယ်။ (ဉီးကြည်တိုး)သူ ကတော့ မဟုတ်ဘူးလို့ ရေးထားတာထင်တယ်။ (သတင်းမှာရေးထားတဲ့) ဒေါက်တာမျိုးညွှန့်က ပြောထား တယ်ဆိုတည်းက မဖြစ်နိုင်တော့ဘူး။ ဘာကြောင့်လည်းဆိုတော့ ဒေါက်တာမျိုးညွှန့်က သူတော်တော်ထိန်း လို့ရပါတယ်။ အဲဒါဆိုရင်တော့ မဖြစ်နိုင်ဘူး။ ကျွန်တော်တော့ ငြင်းတယ်”လို့ မုံရွာအောင်ရှင်က ပြောပါတယ်။
ဒေါက်တာမျိုးညွှန်ကို ဆက်သွယ်မေးမြန်းအတည်ပြုရာမှာလည်း အောက်ပါအတိုင်းပြောပါတယ်။ “ကျွန်တော် ဘယ်သူ့မှ အင်တာဗျူးမေးခွန်းမဖြေပါဘူး။အဲတော့ ဒါလုံးလုံးမဟုတ်ပါဘူး။ ဒီစကားလည်းမပြောခဲ့ပါဘူး”လို့ ဒေါက်တာမျိုးညွှန့်ကပြောပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည် ဉတ္တရသီရိမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတယ်ဆိုတဲ့ အထောက်အထားမရှိတာတွေ့ရတဲ့အတွက် လူမှုကွန်ယက်မှာ အသုံးပြုသူ တွေအကြားမှာ ပျံ့နှံ့လျက်ရှိတဲ့ အချက်အလက်ကို အချက်အလက်မှား အဖြစ်သတ်မှတ်ပါတယ်။

Title: ဒေါ်အောင်ဆန်းစုကြည်ကဟာ ဉတ္တရသီရိမဲဆန္ဒနယ်ကဝင်ပြိုင်မယ်ဆိုတာ မဟုတ်ပါ
Fact Check By: Nayar MaungResult: False