
ပုသိမ်မှာ ကြိုတင်မဲပုံးထဲကို ရေလောင်းသွားတယ်လို့ရေးသားပြီး မဲပုံးတစ်ပုံ ဓာတ်ပုံနှင့်တကွ လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပုသိမ်က ကြိုတင်မဲပုံးထဲကို ရေလောင်းသွားတယ်၊ ဘယ်သူလောင်းသွားသလဲဆိုတာ မသိရသေးဘူးဆိုပြီးတော့ မဲပုံဓာတ်ပုံနဲ့အတူ မျှဝေနေ ကြတာဖြစ်ပါတယ်။
ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီးပြီး အိမ်အရောက် ကြိုတင်မဲ ကောက်ယူစဉ်မှာ မိုးမိပြီး မဲပုံထဲမိုးရေဝင်သွားခဲ့ခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေပြောကြားထားတာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှာစေးနိုင်တဲ့ အရေးအသားနဲ့ အောက်ပါအတိုင်းရေးသား မျှဝေထားတာတွေ့ရပါတယ်။ အလားသဏ္ဌာန်တူ ရေးသားပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဓာတ်ပုံထဲမှာပါတဲ့ မဲပုံရေဝင်သွားတဲ့ဖြစ်စဉ်ဟာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ၁၄ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မဲပုံးရေစိုခြင်းမှာ မိုးရေစင်ခြင်းသာဖြစ်တယ်လို့လည်း ပုသိမ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီပါတီကိုယ်စားလှယ်က မီဒီယာတွေကို ပြောကြားထား တာတွေ့ရပါတယ်။ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ် တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင့်ခ် – Duwun | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်များအရ ပုသိမ်မှာ မဲပုံထဲကို ရေလောင်းထည့်သွားတယ်ဆိုပြီး မျှဝေနေကြာတဲ့ အချက်အလက်ဟာ အချက်အလက်မှားဖြစ်တာ တွေ့ရပါတယ်။

Title:ပုသိမ်မှာ မဲပုံးထဲရေလောင်းသွားတယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: Misleading