Bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်းက ဂျုံကြမ်းထုတ်တွေ မလှူခဲ့ပါ

False လူမှုရေး

COVID-19 ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ချက်တွေကြောင့် လူထုရဲ့နေ့စဉ်ဘဝလုပ်ဆောင်တာတွေနဲ့ စီးပွား ရေးလုပ်ငန်းပုံမှန်လည်ပတ်နိုင်ဖို့ ရုံးကန်နေရချိန်မှာ နေ့စဉ်လူမှုဘဝဖူလုံရေးအတွက် ရုန်းကန်နေရသူကို သက် ဆိုင်ရာအစိုးရတွေအပါအဝင် ငွေရကြေးတက်ပုဂ္ဂိုလ်တွေက ပုံစံမျိုးစုံနဲ့ လောကအတွက်ကောင်းကျိုးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်နေကြတာတွေရှိပါတယ်။

ဒီလိုအခြေအနေမျိုးမှာ “အိန္ဒိယနိုင်ငံ နယူဒေလီမြို့ကြီးမှာ တကမ္ဘာလုံးက သိတဲ့ bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်း နေထိုင်သတဲ့။ သူက အရမ်းလည်းချမ်းသာတယ်ဆိုပဲ။ အခုလို covid ကာလမှာ သူက လူတွေကို ကြေငြာသတဲ့။ “သူ ဂျုံကြမ်းအထုပ်ကလေးတွေ အများကြီးထုပ်ထားတယ် လာယူကြပါဆိုပြီး ။ မြို့နေလူထုက လည်း အံဩသွားပြီး ဝေဖန်မှု့တွေမြင့်တက်လာ သတဲ့ ” ဒီလောက်ချမ်းသာတာ ဂျုံကြမ်းမှုန့်ပဲပေးတာလား? စေတနာမကောင်းဘူး… ပေးချင်တယ်ဆို ဂျုံအနုမှုန့်ကောင်းတာပေးပါလား ပိုက်ဆံပေးပါလား ပေါ်ပင်လုပ်တာ ဘာလား ညာလားနဲ့… မကောင်းဘူးထင်ပြီး သွားမယူခဲ့ကြသူတွေလည်းများစွာရှိခဲ့ကြသတဲ့။ သို့သော် တကယ် စားရမဲ့ သောက်ရမဲ့ အတိဒုက္ခရောက်နေတဲ့သူတွေကတော့ သွားယူသတဲ့။ စားစရာမရှိလို့ ဂျုံမှုန့်ထုပ်လေးတွေ သယ်ပြီး အိမ် ပြန်ရောက် ပူရီတို့ ချာပါတီတို့ မုန့်လုပ်ဖို့ အိတ်ကို ဖွင့်လိုက်ချိန်မှာ (အိပ်ထဲမှဂျုံမုန့်အကြား) ရူပီး ၁၀၀၀၀(နှစ်သိန်းခန့်) သေချာစွာထည့်ထားပေးတာကို ဂျုံအိတ်သွား ယူသူတွေရရှိသွားခဲ့ပါသတဲ့။” ဆိုပြီးရေး သားထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

“Myat Sandar Nyo” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ခွန်အားရှိသော စာပေများ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုနဲ့ “ဟာသများဆုံဆည်းရာ & နေ့စဉ်သတင်းများ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာအောက်ပါအတိုင်းတွေ့ပါတယ်။

Fb linkFb link
Archive linkArchive link

အမှန်တကယ်ပဲ မင်းသားကြီး အမီးရ်ခန်းက ဒီလိုလုပ်ခဲ့သလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ

အချက်အလက်စိစစ်ချက်

ဘောလိဝုဒ်မင်းသားကြီး အမီးရ်ခန်းရဲ့နာမည်ကို အင်္ဂလိပ် Aamir Khan ဆိုပြီးစကားလုံးပေါင်း တာတွေ့ရပါတယ်။ တွစ်တာမှာ Aamir Khan အမည်နဲ့အကောင့်က အောက်ပါအတိုင်းရေးသားထားပါတယ်။ 

“ဘော်ဒါတို့  ဂျုံအိတ်တွေထဲမှာ ပိုက်ဆံထည့်ပေးတာ ကျွန်တော်မဟုတ်ပါဘူး။ ဒါက လုံးဝသတင်းတုပါ။ Robin Hood က သူဘယ်သူလဲဆိုတာ မသိစေချင်သလိုဖြစ်နေတယ်”ဆိုပြီးရေးသားထားပါတယ်။

Archive link
https://twitter.com/aamir_khan/status/1257165603678240768

အိန္ဒိယမှာတော့ tik tok ဗွီဒီယိုပုံစံနဲ့ ပျံ့နှံ့ခဲ့တာတွေ့ရပြီး Aamir Khan ကသူမဟုတ်ကြောင်း ငြင်းဆိုထားတာကို သတင်းဌာနတွေက ဖော်ပြကြပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

News18NDTV

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ Bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်းက ဂျုံကြမ်းထုပ်တွေထဲမှာ ပိုက်ဆံထည့်လှူဒါန်းခဲ့တယ်ဆိုတာ သတင်းတုသတင်းမှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်းက ဂျုံကြမ်းထုတ်တွေ မလှူခဲ့ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *